လန္ဒန္ၿမိဳ႕ရွိ Good Samaritan အမည္ရွိတဲ့အမ်ိဳးသားဟာ လမ္းတစ္ဖက္ျခမ္းရွိ ေသတၱာတစ္လုံးထဲမွာတစ္ခုခုေ႐ြ႕လ်ားေနတာကိုျမင္လိုက္တဲ့အခါ ထိတ္လန႔္သြားခဲ့ပါတယ္။ Good Samaritan ဟာ ၎ေသတၱာကို အနီးကပ္သြားၾကည့္လိုက္ေတာ့ ေသတၱာထဲမွာ ဝက္ဝံအ႐ုပ္တစ္ခုႏွင့္ေျပးလႊားေနတဲ့ယုန္တစ္ေကာင္ကို ေတြ႕လိုက္ရလို႔ အံ့ဩသြားခဲ့ပါတယ္။ရာသီေအးခဲေနစဥ္အတြင္း ေသတၱာထဲမွထိခိုက္လြယ္တဲ့ယုန္တစ္ေကာင္တည္းကို စိုးရိမ္တဲ့အတြက္ေၾကာင့္ ယုန္ကို အိမ္သို႔ေခၚျပန္ၿပီး RSPCA သို႔အကူအညီေတာင္းခဲ့ပါတယ္။
RSPCA ရွိ Lisa Miller အမည္ရွိတဲ့အမ်ိဳးသမီးတိရိစာၦန္စုေဆာင္းမႈအရာရွိက သနားစရာေကာင္းတဲ့ယုန္ေလးကို Nigel လို႔အမည္ေပးခဲ့ၿပီး Good Samaritan ရဲ႕ေနအိမ္မွ ေခၚေဆာင္သြားခဲ့ပါတယ္။” Nigelေလး ဝက္ဝံ႐ုပ္ကိုက္ၿပီးပတ္ေျပးေနတာကို ၾကည့္ရတာ အရမ္းခ်စ္စရာေကာင္းတယ္ သူက ဒီမတိုင္ခင္ ေသတၱာထဲမွာဝက္ဝံ႐ုပ္နဲ႔ အခ်ိန္ေတာ္ေတာ္ၾကာ ေနခဲ့ရမယ္ထင္တယ္” လို႔ Miller ကဆိုပါတယ္။ထို႔ေနာက္ Nigel ကို တိရိစာၦန္ေဆးခန္းတစ္ခုသို႔ ေခၚသြားစစ္ေဆးေပးခဲ့ကာ Nigel က က်န္းမာေရးအလြန္ေကာင္းမြန္ေနၿပီး ထိခိုက္ဒဏ္ရာမ်ားလည္းမရွိခဲ့ပါဘူး။
“ဒီလိုမ်ိဳး အေအးမိေစၿပီး ထိခိုက္လြယ္တဲ့ေနရာမွာဘယ္တိရိစာၦန္မွ မထားခဲ့သင့္ပါဘူး၊ သူ႔ကို Good Samaritan ေတြ႕ရွိခဲ့ရတာက အရမ္းကံေကာင္းခဲ့တယ္ ” လို႔ Miller က ထပ္မံေျပာၾကားခဲ့ပါတယ္။Nigel ကို Kent ရွိ တိရိစာၦန္ေဘာ္ဒါေဆာင္တစ္ခုသို႔ ပို႔ေဆာင္ေပးခဲ့ၾကပါတယ္။Nigel က စြန႔္ပစ္ခံထားရတာေၾကာင့္ အစပိုင္းမွာ ေၾကာက္လန္႔ေနခဲ့ေပမဲ့ ဝက္ဝံ႐ုပ္ေလးက သူ႔အတြက္ အလုံၿခဳံဆုံးေစာင္တစ္ခုျဖစ္ေစခဲ့ပါတယ္။Nigel ေလးအတြက္ ထာဝရအိမ္တစ္လုံး အျမန္ရွာေပးၾကမယ္လို႔လည္း ေမွ်ာ္လင့္ေနမိပါတယ္။
1
Mia (Mckzone Daily)
Source : thedodo
Unicode
လန်ဒန်မြို့ရှိ Good Samaritan အမည်ရှိတဲ့အမျိုးသားဟာ လမ်းတစ်ဖက်ခြမ်းရှိ သေတ္တာတစ်လုံးထဲမှာတစ်ခုခုရွေ့လျားနေတာကိုမြင်လိုက်တဲ့အခါ ထိတ်လန့်သွားခဲ့ပါတယ်။ Good Samaritan ဟာ ၎င်းသေတ္တာကို အနီးကပ်သွားကြည့်လိုက်တော့ သေတ္တာထဲမှာ ဝက်ဝံအရုပ်တစ်ခုနှင့်ပြေးလွှားနေတဲ့ယုန်တစ်ကောင်ကို တွေ့လိုက်ရလို့ အံ့ဩသွားခဲ့ပါတယ်။ရာသီအေးခဲနေစဉ်အတွင်း သေတ္တာထဲမှထိခိုက်လွယ်တဲ့ယုန်တစ်ကောင်တည်းကို စိုးရိမ်တဲ့အတွက်ကြောင့် ယုန်ကို အိမ်သို့ခေါ်ပြန်ပြီး RSPCA သို့အကူအညီတောင်းခဲ့ပါတယ်။
RSPCA ရှိ Lisa Miller အမည်ရှိတဲ့အမျိုးသမီးတိရိစ္ဆာန်စုဆောင်းမှုအရာရှိက သနားစရာကောင်းတဲ့ယုန်လေးကို Nigel လို့အမည်ပေးခဲ့ပြီး Good Samaritan ရဲ့နေအိမ်မှ ခေါ်ဆောင်သွားခဲ့ပါတယ်။” Nigelလေး ဝက်ဝံရုပ်ကိုက်ပြီးပတ်ပြေးနေတာကို ကြည့်ရတာ အရမ်းချစ်စရာကောင်းတယ် သူက ဒီမတိုင်ခင် သေတ္တာထဲမှာဝက်ဝံရုပ်နဲ့ အချိန်တော်တော်ကြာ နေခဲ့ရမယ်ထင်တယ်” လို့ Miller ကဆိုပါတယ်။ထို့နောက် Nigel ကို တိရိစ္ဆာန်ဆေးခန်းတစ်ခုသို့ ခေါ်သွားစစ်ဆေးပေးခဲ့ကာ Nigel က ကျန်းမာရေးအလွန်ကောင်းမွန်နေပြီး ထိခိုက်ဒဏ်ရာများလည်းမရှိခဲ့ပါဘူး။
“ဒီလိုမျိုး အအေးမိစေပြီး ထိခိုက်လွယ်တဲ့နေရာမှာဘယ်တိရိစ္ဆာန်မှ မထားခဲ့သင့်ပါဘူး၊ သူ့ကို Good Samaritan တွေ့ရှိခဲ့ရတာက အရမ်းကံကောင်းခဲ့တယ် ” လို့ Miller က ထပ်မံပြောကြားခဲ့ပါတယ်။Nigel ကို Kent ရှိ တိရိစ္ဆာန်ဘော်ဒါဆောင်တစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။Nigel က စွန့်ပစ်ခံထားရတာကြောင့် အစပိုင်းမှာ ကြောက်လန့်နေခဲ့ပေမဲ့ ဝက်ဝံရုပ်လေးက သူ့အတွက် အလုံခြုံဆုံးစောင်တစ်ခုဖြစ်စေခဲ့ပါတယ်။Nigel လေးအတွက် ထာဝရအိမ်တစ်လုံး အမြန်ရှာပေးကြမယ်လို့လည်း မျှော်လင့်နေမိပါတယ်။
Mia (Mckzone Daily)