ႏိုင္ငံျခားမွာအလုပ္သြားလုပ္ေပမဲ့ မ်က္စိကန္းတဲ့အထိ 8ႏွစ္ခန္႔ ႏွိပ္စက္ခံခဲ့ရတဲ့ အိမ္ေဖာ္မေလးရဲ႕အျဖစ္

အျမဲႏွိပ္စက္ညႇင္းပန္းခံေနရၿပီး ေၾကာက္လန္႔တၾကားေနထိုင္ေနရတဲ့ဘဝမ်ိဳးကို ျမင္ေယာင္ၾကည့္လိုက္ပါ ။ ဘဝတစ္သက္လံုး သူစိမ္းအိမ္မွာကြၽန္ခံေနရသလိုေပါ့ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံကေန မေလး႐ွားႏိုင္ငံသို႔လာေရာက္အလုပ္လုပ္ကိုင္ေနလ်က္႐ွိတဲ့ အိမ္ေဖာ္မေလးဟာ သူမရဲ႕အလုပ္႐ွင္ေတြရဲ႕ႏွိပ္စက္ညႇင္းပန္းတာကို 8ႏွစ္ခန္႔ခံစားခဲ့ရၿပီး ၊ သူမ၏ခႏၶာကိုယ္အႏွံ႔ဒဏ္ရာဒဏ္ခ်က္မ်ား ႏွင့္ မ်က္လံုးကန္းသြားတဲ့အထိျဖစ္ခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ကံေကာင္းစြာနဲ႔ပဲ သူမကိုၿပီးခဲ့တဲ့ ေအာက္တိုဘာလ 20ရက္ေန႔က မေလး႐ွားႏိုင္ငံ ၊ Perak ျပည္နယ္႐ွိရဲတပ္ဖြဲ႔က ကယ္တင္ေပးႏိုင္ခဲ့ပါတယ္ ။

ေျပာေရးဆိုခြင့္႐ွိတဲ့ ရဲအရာ႐ွိတစ္ဦး၏ေျပာၾကားခ်က္အရ အိမ္ေဖာ္မေလးကိုႏွိပ္စက္ညႇင္းပန္းသည္ဟုယူဆရေသာ အိမ္႐ွင္ အသက္ 35 ႏွစ္အရြယ္အမ်ိဳးသားႏွင့္ ဇနီးျဖစ္သူ အသက္ 26 ႏွစ္အရြယ္အမ်ိဳးသမီးတို႔ကိုဖမ္းဆီးထိန္းသိမ္းထားခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ အိမ္ေဖာ္မေလးရဲ႕သတင္းအခ်က္အလက္ကိုရဲတပ္ဖြဲ႔က စတင္ရ႐ွိခဲ့သည္ႏွင့္တစ္ၿပိဳင္နက္ D7အဖြဲ႔ကိုေစလႊတ္ကာ အိမ္ေဖာ္မေလးကိုသြားေရာက္ကယ္တင္ေစခဲ့ၿပီး အိမ္႐ွင္ေတြကိုဖမ္းဆီးဖို႔အမိန္႔ေပးခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အိမ္ေဖာ္မေလးကို စတင္ေတြ႔႐ွိခဲ့ခ်ိန္မွာေတာ့ သူမ၏ခႏၶာကိုယ္အႏွံဒဏ္ရာေတြနဲ႔ ညိဳမဲကြက္မ်ားစြဲေနခဲ့သည့္အျပင္ သူမ၏မ်က္ႏွာမွာလည္း႐ိုက္ႏွက္ခံထားရ၍ ေယာင္ရမ္းေနခဲ့ပါတယ္ ။ ထို႔အျပင္ သူမစတင္ဝင္ေရာက္အလုပ္လုပ္ကိုင္သည့္ 2011 ခုႏွစ္ကတည္းက ႏွိပ္စက္ခံထားခဲ့ရ၍ မ်က္လံုးကန္းသြားခဲ့ရတာျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ အိမ္ေဖာ္မေလးကို စိတ္ဒဏ္ရာရ႐ွိေနခဲ့သည့္အေျခအေနမ်ိဳးႏွင့္ ဆိုးဆိုးဝါးဝါးေတြ႔႐ွိခဲ့ေၾကာင္း ရဲအရာ႐ွိမ်ားကထြက္ဆိုခဲ့ပါတယ္ ။ အဆိုပါအိမ္႐ွင္စံုတြဲကလည္း အိမ္ေဖာ္မေလးကိုသူမႏိုင္ငံသို႔ျပန္လည္ခြင့္ လံုးဝမေပးခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့ပါေတာ့တယ္ ။ ယခုကိစၥကိုေတာ့ ဆက္လက္စစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိၿပီး ထိထိေရာက္ေရာက္အေရးယူသြားမည္ျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အမြဲနှိပ်စက်ညှင်းပန်းခံနေရပြီး ကြောက်လန့်တကြားနေထိုင်နေရတဲ့ဘဝမျိုးကို မြင်ယောင်ကြည့်လိုက်ပါ ။ ဘဝတစ်သက်လုံး သူစိမ်းအိမ်မှာကျွန်ခံနေရသလိုပေါ့ ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံကနေ မလေးရှားနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်နေလျက်ရှိတဲ့ အိမ်ဖော်မလေးဟာ သူမရဲ့အလုပ်ရှင်တွေရဲ့နှိပ်စက်ညှင်းပန်းတာကို 8နှစ်ခန့်ခံစားခဲ့ရပြီး ၊ သူမ၏ခန္ဓာကိုယ်အနှံ့ဒဏ်ရာဒဏ်ချက်များ နှင့် မျက်လုံးကန်းသွားတဲ့အထိဖြစ်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ပဲ သူမကိုပြီးခဲ့တဲ့ အောက်တိုဘာလ 20ရက်နေ့က မလေးရှားနိုင်ငံ ၊ Perak ပြည်နယ်ရှိရဲတပ်ဖွဲ့က ကယ်တင်ပေးနိုင်ခဲ့ပါတယ် ။

ပြောရေးဆိုခွင့်ရှိတဲ့ ရဲအရာရှိတစ်ဦး၏ပြောကြားချက်အရ အိမ်ဖော်မလေးကိုနှိပ်စက်ညှင်းပန်းသည်ဟုယူဆရသော အိမ်ရှင် အသက် 35 နှစ်အရွယ်အမျိုးသားနှင့် ဇနီးဖြစ်သူ အသက် 26 နှစ်အရွယ်အမျိုးသမီးတို့ကိုဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရှိရပါတယ် ။ ထို့အပြင် အိမ်ဖော်မလေးရဲ့သတင်းအချက်အလက်ကိုရဲတပ်ဖွဲ့က စတင်ရရှိခဲ့သည်နှင့်တစ်ပြိုင်နက် D7အဖွဲ့ကိုစေလွှတ်ကာ အိမ်ဖော်မလေးကိုသွားရောက်ကယ်တင်စေခဲ့ပြီး အိမ်ရှင်တွေကိုဖမ်းဆီးဖို့အမိန့်ပေးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

အိမ်ဖော်မလေးကို စတင်တွေ့ရှိခဲ့ချိန်မှာတော့ သူမ၏ခန္ဓာကိုယ်အနှံဒဏ်ရာတွေနဲ့ ညိုမဲကွက်များစွဲနေခဲ့သည့်အပြင် သူမ၏မျက်နှာမှာလည်းရိုက်နှက်ခံထားရ၍ ယောင်ရမ်းနေခဲ့ပါတယ် ။ ထို့အပြင် သူမစတင်ဝင်ရောက်အလုပ်လုပ်ကိုင်သည့် 2011 ခုနှစ်ကတည်းက နှိပ်စက်ခံထားခဲ့ရ၍ မျက်လုံးကန်းသွားခဲ့ရတာဖြစ်ကြောင်းသိရှိရပါတယ် ။ အိမ်ဖော်မလေးကို စိတ်ဒဏ်ရာရရှိနေခဲ့သည့်အခြေအနေမျိုးနှင့် ဆိုးဆိုးဝါးဝါးတွေ့ရှိခဲ့ကြောင်း ရဲအရာရှိများကထွက်ဆိုခဲ့ပါတယ် ။ အဆိုပါအိမ်ရှင်စုံတွဲကလည်း အိမ်ဖော်မလေးကိုသူမနိုင်ငံသို့ပြန်လည်ခွင့် လုံးဝမပေးခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတော့တယ် ။ ယခုကိစ္စကိုတော့ ဆက်လက်စစ်ဆေးမှုများပြုလုပ်နေလျက်ရှိပြီး ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ႏိုင္ငံျခားမွာအလုပ္သြားလုပ္ေပမဲ့ မ်က္စိကန္းတဲ့အထိ 8ႏွစ္ခန္႔ ႏွိပ္စက္ခံခဲ့ရတဲ့ အိမ္ေဖာ္မေလးရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*