နာမည္ေျပာင္းလိုက္တဲ့ဇနီးအား သင္ခန္းစာေပးဖို႔ သူမကားထဲကိုကြန္ကရစ္ရည္ေတြ ေလာင္းထည့္ပစ္ခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

႐ုရွားႏိုင္ငံ St. Petersburg ၿမိဳ႕မွာေနထိုင္တဲ့အမည္မသိအမ်ိဳးသားတစ္ဦးဟာ ဇနီးျဖစ္သူက သူ႔ခြင့္ျပဳခ်က္မရဘဲ နာမည္ေျပာင္းလိုက္လို႔ သူမရဲ႕အဖိုးတန္ကားထဲကို ကြန္ကရစ္မ်ားျဖင့္အျပည့္ျဖည့္ရင္း သင္ခန္းစာေပးခဲ့ပါတယ္။အဆိုပါအမ်ိဳးသားရဲ႕ ကြန္ကရစ္ truckကားတစ္စီးကို ေခၚၿပီး ဇနီးျဖစ္သူရဲ႕အဖိုးတန္ကားကို ပ်က္စီးပစ္ခဲ့တဲ့ ဗီဒီယိုက social media မွာ အေတာ္ေလး လူေျပာမ်ားသြားခဲ့ပါတယ္။သူနဲ႔သူ႔ရဲ႕ဇနီးက စကားမ်ားခဲ့ၾကေပမဲ့ ဇနီးျဖစ္သူက သူမရဲ႕နာမည္ကို ေဒသခံစူပါမားကတ္ရဲ႕အေရာင္းျမႇင့္တင္ေရးအစိတ္အပိုင္းတစ္ခုအျဖစ္ ခင္ပြန္းရဲ႕တရားဝင္ခြင့္ျပဳခ်က္မရဘဲ ေျပာင္းလဲခဲ့ပါတယ္။

Veniy စူပါမားကတ္က သူတို႔ရဲ႕နာမည္ေတြကို ကုန္အမွတ္တံဆိပ္အျဖစ္ တရားဝင္ေျပာင္းခ်င္တဲ့သစၥာရွိေဖာက္သည္မ်ားအား တစ္လကို ႐ူဘယ္ ၅၀,၀၀၀( ၁၁သိန္းေက်ာ္)ေပးဖို႔ ကမ္းလွမ္းေနၿပီး အဆိုပါအမ်ိဳးသားရဲ႕ဇနီးက သူ႔နဲ႔ပထမဆုံးတိုင္ပင္ျခင္းမလုပ္ဘဲ ကမ္းလွမ္းခ်က္ကို အားသာခ်က္ယူဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။အဲ့ဒီအေၾကာင္းေၾကာင့္ ခင္ပြန္းျဖစ္သူက မေက်မနပ္နဲ႔ ကြန္ကရစ္ truck ကားတစ္စီးကိုေနာက္ဆုတ္ခိုင္းၿပီး စူပါမားကတ္ေရွ႕မွာရပ္ထားတဲ့ဇနီးရဲ႕ကားတံခါးေပါက္ထဲကို ဗီဒီယိုထဲကအတိုင္း ကြန္ကရစ္ရည္ေတြ သုတ္ထည့္ပစ္ခဲ့ပါတယ္။

ဗီဒီယိုထဲကအရ ခင္ပြန္းျဖစ္သူကေတာ့ ၿပဳံးေပ်ာ္ေနပုံရၿပီး ကြန္ကရစ္ truck ကားဆရာကလည္း ေနာက္ဆက္တြဲ ျပႆနာေတြကို သိပ္ၿပီး ေခါင္းထဲမထားပုံပါဘဲ။အဆိုပါဗီဒီယိုကို လမ္းသြားလမ္းလာတစ္ဦးက ႐ိုက္ယူထားခဲ့ၿပီး social media မွာ ေဝမွ်ေပးခဲ့ၿပီးေနာက္ လူေတာ္ေတာ္မ်ားမ်ားက ၎က ေစ်းကြက္ရွာေဖြေရးအတြက္ စူပါမားကတ္မွ ျပက္လုံးတစ္ခုသာျဖစ္တယ္လို႔ ယုံၾကည္ေနခဲ့ၾကပါတယ္။လင္မယားၾကား စကားမ်ားရန္ျဖစ္ၾကတာေတြက သာမန္ဘဲဆိုေပမဲ့ ဒီ႐ုရွားလင္မယားရဲ႕ရန္ျဖစ္နည္းကေတာ့ အထူးအဆန္းပါဘဲဗ်ာ။

1

2

Mia (Mckzone Daily)

Source : odditycentral

Unicode

ရုရှားနိုင်ငံ St. Petersburg မြို့မှာနေထိုင်တဲ့အမည်မသိအမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူက သူ့ခွင့်ပြုချက်မရဘဲ နာမည်ပြောင်းလိုက်လို့ သူမရဲ့အဖိုးတန်ကားထဲကို ကွန်ကရစ်များဖြင့်အပြည့်ဖြည့်ရင်း သင်ခန်းစာပေးခဲ့ပါတယ်။အဆိုပါအမျိုးသားရဲ့ ကွန်ကရစ် truckကားတစ်စီးကို ခေါ်ပြီး ဇနီးဖြစ်သူရဲ့အဖိုးတန်ကားကို ပျက်စီးပစ်ခဲ့တဲ့ ဗီဒီယိုက social media မှာ အတော်လေး လူပြောများသွားခဲ့ပါတယ်။သူနဲ့သူ့ရဲ့ဇနီးက စကားများခဲ့ကြပေမဲ့ ဇနီးဖြစ်သူက သူမရဲ့နာမည်ကို ဒေသခံစူပါမားကတ်ရဲ့အရောင်းမြှင့်တင်ရေးအစိတ်အပိုင်းတစ်ခုအဖြစ် ခင်ပွန်းရဲ့တရားဝင်ခွင့်ပြုချက်မရဘဲ ပြောင်းလဲခဲ့ပါတယ်။

Veniy စူပါမားကတ်က သူတို့ရဲ့နာမည်တွေကို ကုန်အမှတ်တံဆိပ်အဖြစ် တရားဝင်ပြောင်းချင်တဲ့သစ္စာရှိဖောက်သည်များအား တစ်လကို ရူဘယ် ၅၀,၀၀၀( ၁၁သိန်းကျော်)ပေးဖို့ ကမ်းလှမ်းနေပြီး အဆိုပါအမျိုးသားရဲ့ဇနီးက သူ့နဲ့ပထမဆုံးတိုင်ပင်ခြင်းမလုပ်ဘဲ ကမ်းလှမ်းချက်ကို အားသာချက်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီအကြောင်းကြောင့် ခင်ပွန်းဖြစ်သူက မကျေမနပ်နဲ့ ကွန်ကရစ် truck ကားတစ်စီးကိုနောက်ဆုတ်ခိုင်းပြီး စူပါမားကတ်ရှေ့မှာရပ်ထားတဲ့ဇနီးရဲ့ကားတံခါးပေါက်ထဲကို ဗီဒီယိုထဲကအတိုင်း ကွန်ကရစ်ရည်တွေ သုတ်ထည့်ပစ်ခဲ့ပါတယ်။

ဗီဒီယိုထဲကအရ ခင်ပွန်းဖြစ်သူကတော့ ပြုံးပျော်နေပုံရပြီး ကွန်ကရစ် truck ကားဆရာကလည်း နောက်ဆက်တွဲ ပြဿနာတွေကို သိပ်ပြီး ခေါင်းထဲမထားပုံပါဘဲ။အဆိုပါဗီဒီယိုကို လမ်းသွားလမ်းလာတစ်ဦးက ရိုက်ယူထားခဲ့ပြီး social media မှာ ဝေမျှပေးခဲ့ပြီးနောက် လူတော်တော်များများက ၎င်းက စျေးကွက်ရှာဖွေရေးအတွက် စူပါမားကတ်မှ ပြက်လုံးတစ်ခုသာဖြစ်တယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။လင်မယားကြား စကားများရန်ဖြစ်ကြတာတွေက သာမန်ဘဲဆိုပေမဲ့ ဒီရုရှားလင်မယားရဲ့ရန်ဖြစ်နည်းကတော့ အထူးအဆန်းပါဘဲဗျာ။

Mia (Mckzone Daily)

  • Leave a Comment