ပိုက္ဆံေတြကို Milo ဘူးထဲထည့္ၿပီး စုထားခဲ့မိလို႔ ၉၈၃ သိန္းခန္႔ဆုံးရႈံးလိုက္ရတဲ့ အဘြားအို

မေလးရွားအဖြားတစ္ဦးဟာ အနည္းဆုံး ရင္းဂစ္ ၃၀၀,၀၀၀( သိန္း ၉၉၀ ေက်ာ္ ) ကို ပိုးမႊားမ်ားေၾကာင့္ အဆုံးရႈံးခံခဲ့ရၿပီးေနာက္ ဘဝတသက္တာ ဖူလုံေရးအတြက္ စုေဆာင္းႏိုင္ရန္ Milo tin ဘူးေတြက အေကာင္းဆုံးေနရာမဟုတ္ေၾကာင္း သေဘာေပါက္သြားခဲ့ရပါတယ္။အဆိုပါျဖစ္ရပ္ကို Penang News Group က ေဖာ္ျပေပးခဲ့တာပါ။” ငါ ထုတ္လိုက္တဲ့အထုပ္တိုင္းက ျပႆနာရွိေနတယ္ ၊ ပိုက္ဆံတစ္အုပ္ကို ရင္းဂစ္ ၁၁,၀၀၀ (၃၆ သိန္းေက်ာ္) ရွိတယ္ ၊ အဲ့ဒီမွာ ၂၃အုပ္ရွိတယ္ဆိုေတာ့ ရင္းဂစ္ ၂၃၀,၀၀၀ ( သိန္း ၇၆၀ နီးပါး)ေပါ့” လို႔ အဆိုပါ ပိုက္ဆံအပ်က္အစီးကို ႐ိုက္ကူးထားခဲ့တဲ့အမ်ိဳးသားက ဆိုပါတယ္။

ပိုက္ဆံတစ္အုပ္ခ်င္းစီမွာ ရင္းဂစ္ ၁၅,၀၀၀ မွ ၂၀,၀၀၀ ဝန္းက်င္ (၄၉ သိန္းေက်ာ္ မွ ၆၆ သိန္းေက်ာ္ ) သို႔မဟုတ္ အဲ့ဒီထပ္ပိုႏိုင္ၿပီး စုစုေပါင္းတြက္ခ်က္မႈအရ ရင္းဂစ္ ၃၀,၀၀၀ မွ ၄၀,၀၀၀ (၉၉ သိန္းေက်ာ္ မွ သိန္း ၁၃၂ ေက်ာ္) အထိရွိေၾကာင္း World of Buzz က ခန္႔မွန္းထားပါေသးတယ္။ဗီဒီယိုထဲအရ အေတာ္ေလးပ်က္စီးသြားတဲ့ ပိုက္ဆံအုပ္ေတြကို ၾကမ္းျပင္ေပၚ ျပန္က်ဲလ်က္ ေတြ႕ႏိုင္ၿပီး ပိုးမႊားျဖစ္ေၾကာင္းသံသယရွိတဲ့ အနက္ေရာင္ အစက္အေျပာက္မ်ားလည္း ပါရွိေနခဲ့ပါတယ္။

ပ်က္စီးမႈေတြက အေတာ္ဆိုး႐ြားေနခဲ့ေပမဲ့ အသုံးျပဳႏိုင္ေသးတဲ့ ရင္းဂစ္ ၁၁၀,၀၀၀ (သိန္း ၃၆၃ ေက်ာ္)တန္ဖိုးရွိ ပိုက္ဆံအုပ္ ၁၁ အုပ္ကို ရွာေတြ႕ခဲ့ၾကပါေသးတယ္။အဖြားေတာ့ Milo tin ဘူးေတြေၾကာင့္ ကိုယ္ ခက္ခက္ခဲခဲရွာထားခဲ့တဲ့ပိုက္ဆံရဲ႕သုံးပုံႏွစ္ပုံေလာက္ကို အဆုံးရႈံးခံခဲ့ရပါတယ္။စာဖတ္သူတို႔လည္း ခက္ခက္ခဲခဲရွာထားရတဲ့ပိုက္ဆံေတြကို အဖြားလို မျဖစ္ေအာင္ ေသခ်ာသိမ္းထားၾကပါဗ်ာ။

1

2

Mia (Mckzone Daily)

Source : nextshark

Unicode

မလေးရှားအဖွားတစ်ဦးဟာ အနည်းဆုံး ရင်းဂစ် ၃၀၀,၀၀၀( သိန်း ၉၉၀ ကျော် ) ကို ပိုးမွှားများကြောင့် အဆုံးရှုံးခံခဲ့ရပြီးနောက် ဘဝတသက်တာ ဖူလုံရေးအတွက် စုဆောင်းနိုင်ရန် Milo tin ဘူးတွေက အကောင်းဆုံးနေရာမဟုတ်ကြောင်း သဘောပေါက်သွားခဲ့ရပါတယ်။အဆိုပါဖြစ်ရပ်ကို Penang News Group က ဖော်ပြပေးခဲ့တာပါ။” ငါ ထုတ်လိုက်တဲ့အထုပ်တိုင်းက ပြဿနာရှိနေတယ် ၊ ပိုက်ဆံတစ်အုပ်ကို ရင်းဂစ် ၁၁,၀၀၀ (၃၆ သိန်းကျော်) ရှိတယ် ၊ အဲ့ဒီမှာ ၂၃အုပ်ရှိတယ်ဆိုတော့ ရင်းဂစ် ၂၃၀,၀၀၀ ( သိန်း ၇၆၀ နီးပါး)ပေါ့” လို့ အဆိုပါ ပိုက်ဆံအပျက်အစီးကို ရိုက်ကူးထားခဲ့တဲ့အမျိုးသားက ဆိုပါတယ်။

ပိုက်ဆံတစ်အုပ်ချင်းစီမှာ ရင်းဂစ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ဝန်းကျင် (၄၉ သိန်းကျော် မှ ၆၆ သိန်းကျော် ) သို့မဟုတ် အဲ့ဒီထပ်ပိုနိုင်ပြီး စုစုပေါင်းတွက်ချက်မှုအရ ရင်းဂစ် ၃၀,၀၀၀ မှ ၄၀,၀၀၀ (၉၉ သိန်းကျော် မှ သိန်း ၁၃၂ ကျော်) အထိရှိကြောင်း World of Buzz က ခန့်မှန်းထားပါသေးတယ်။ဗီဒီယိုထဲအရ အတော်လေးပျက်စီးသွားတဲ့ ပိုက်ဆံအုပ်တွေကို ကြမ်းပြင်ပေါ် ပြန်ကျဲလျက် တွေ့နိုင်ပြီး ပိုးမွှားဖြစ်ကြောင်းသံသယရှိတဲ့ အနက်ရောင် အစက်အပြောက်များလည်း ပါရှိနေခဲ့ပါတယ်။

ပျက်စီးမှုတွေက အတော်ဆိုးရွားနေခဲ့ပေမဲ့ အသုံးပြုနိုင်သေးတဲ့ ရင်းဂစ် ၁၁၀,၀၀၀ (သိန်း ၃၆၃ ကျော်)တန်ဖိုးရှိ ပိုက်ဆံအုပ် ၁၁ အုပ်ကို ရှာတွေ့ခဲ့ကြပါသေးတယ်။အဖွားတော့ Milo tin ဘူးတွေကြောင့် ကိုယ် ခက်ခက်ခဲခဲရှာထားခဲ့တဲ့ပိုက်ဆံရဲ့သုံးပုံနှစ်ပုံလောက်ကို အဆုံးရှုံးခံခဲ့ရပါတယ်။စာဖတ်သူတို့လည်း ခက်ခက်ခဲခဲရှာထားရတဲ့ပိုက်ဆံတွေကို အဖွားလို မဖြစ်အောင် သေချာသိမ်းထားကြပါဗျာ။

Mia (Mckzone Daily)

  • Leave a Comment