ဟင်းချက်တာညံ့လွန်းတယ်လို့ပြောတဲ့ လုပ်ဖော်ကိုင်ဖက်ကိုသတ်ပစ်ခဲ့တဲ့ အမျိုးသားရဲ့ နောက်ဆုံးမှရခဲ့တဲ့နောင်တ
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
မလေးရှားနိုင်ငံမှ အသက် 37နှစ်အရွယ် Mohamad Naqur Gani အမည်ရှိတဲ့အမျိုးသားဟာ သူ၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အသက် 60 အရွယ် R. Devadas ကသူ့ကိုဟင်းချက်တာအတော်လေးကိုညံ့လွန်းတယ်ဆိုပြီးပြောဆိုခဲ့လို့ သတ်ပစ်ခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ 2017 ခုနှစ် April 17 ရက်နေ့ မနက် 1:50 မှ 11:50 အတွင်းဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ သို့ပေမဲ့လည်း Rosil ကို ဒီနေ့မှာမှ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။
Rosil ၏ရှေ့နေဖြစ်သူ Aedi Tajuddin က ” Rosil မှာ သားသမီး 4ယောက်ရှိပြီး တစ်ရက်မှ RM 30 သာရတဲ့ခြံအလုပ်မျိုးလုပ်ကိုင်နေကြတာပါ ။ Rosil လည်းသူ့ရဲ့လုပ်ရပ်အတွက် အတော်လေးကို နောင်တရနေခဲ့ပြီး သေဆုံးသွားသူရဲ့မိသားစုဝင်တွေကိုလည်း တောင်းပန်စကားပြောဆိုခဲ့ပြီးပါပြီ ” ဆိုပြီး ပြစ်ဒဏ်လျှော့ချပေးနိုင်ရန်အတွက် အသနားခံတောင်ဆိုပေးခဲ့ပါတယ် ။
သို့ပေမဲ့လည်း တရားသူကြီးက အဆိုပါအသနားခံလွှာကိုပယ်ချပစ်ခဲ့ပြီး ၊ လူအဖွဲ့အစည်းအနေနဲ့ကတော့ Rosil ရဲ့လုပ်ရပ်ဟာလုံးဝကိုလက်မခံနိုင်ကြောင်းကိုလည်း ” စကားလေးတစ်ခွန်းအတွက်နဲ့ လူတစ်ယောက်ကို သဲကြီးမဲကြီးတုတ်ချောင်း တွေ ၊ သံချောင်တွေနဲ့ နေ့လည်ပိုင်းကနေ ညအထိရိုက်နှက်ခဲ့တဲ့အတွက် သေဆုံးသွားသူ၏ နံရိုးတွေကိုကျိုးကြေစေခဲ့ပြီး ခန္ဓာကိုယ်အတွင်းပိုင်းတွင်လည်း သွေးထွက်ပျက်ဆီးတဲ့အထိ ဒဏ်ရာမျိုးခံစားစေခဲ့ပါတယ် ” ထို့ကြောင့် Rosil ၏လုပ်ရပ်ဟာ ရန်လိုစိတ်များလွန်းနေပြီး သနားညှာတာစိတ်မျိုးလုံးဝမရှိခဲ့တဲ့အတွက် ယခုကဲ့သို့သေဒဏ်ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း တရားသူကြီးမှထွက်ဆိုခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "ဟင်းချက်တာညံ့လွန်းတယ်လို့ပြောတဲ့ လုပ်ဖော်ကိုင်ဖက်ကိုသတ်ပစ်ခဲ့တဲ့ အမျိုးသားရဲ့ နောက်ဆုံးမှရခဲ့တဲ့နောင်တ"
Leave a comment
Your email address will not be published.
*