အေမရိကန္ျပည္ေထာင္စု Washington ကမ္းေျခရွိ Puget Sound လို႔ေခၚတဲ့ေလွတစ္စီးေပၚသို႔ ေပါ့ေပါ့ပါးပါးေလးနဲ႔ လိုက္ပါစီးနင္းေနခဲ့တဲ့ ႀကီးမားတဲ့ပင္လယ္ဖ်ံစုံတြဲကို Joshua Phillips အမည္ရွိတဲ့အမ်ိဳးသားက မေမွ်ာ္လင့္ဘဲ ျမင္ေတြ႕ခဲ့ရပါတယ္။ ထင္ရွားတာကေတာ့ သမုဒၵရာရဲ႕ ပင္လယ္ျခေသၤ့လို႔တင္စားတဲ့ ထုထည္ႀကီးမားတဲ့အဆိုပါႏို႔တိုက္သတၱဝါပင္လယ္ဖ်ံစုံတြဲဟာ တစ္စုံတစ္ေယာက္ရဲ႕ေလွေပၚတက္ၿပီး သူတို႔ခဏအနားယူႏိုင္ဖို႔အတြက္သက္သက္ဘဲ ေလွကိုဌားရမ္းဖို႔ ဆုံးျဖတ္ထားၾကပုံပါဘဲ။ဘာမွ မလုပ္ဘဲ အၿငိမ့္ေလး လိုက္စီးေနခဲ့ၾကတာပါ။
အဆိုပါ ပင္လယ္ဖ်ံႀကီးစုံတြဲက ဗီဒီယို႐ိုက္ေနတဲ့ Phillips ကို အျပစ္မရွိတဲ့႐ုပ္ေလးေတြနဲ႔လည္း လိုက္ၾကည့္ေနခဲ့ၾကပါေသးတယ္။၎ေလွဒီဇိုင္းကလည္း ထိုကဲ့သို႔ေသာ အလြန္ႀကီးမားတဲ့ခရီးသည္ေတြကို တင္ဖို႔အတြက္ မဟုတ္ေနခဲ့ပါဘူး။၎ေလွကို ဘယ္သူကပိုင္ဆိုင္ထားေၾကာင္း နဲ႔ အဆိုပါပင္လယ္ဖ်ံစုံတြဲက ၎ေလွေပၚမွာ ဘယ္ေလာက္ၾကာၾကာေနၾကတာကိုေတာ့ ေသခ်ာမသိရေသးေပမဲ့လည္း ဒီထူးျခားတဲ့ျမင္ကြင္းက အဆိုပါတိရိစာၦန္မ်ားရဲ႕အ႐ြယ္အစားကို ရႈေထာင့္သစ္တစ္ခုအျဖစ္ ေျပာင္းလဲပစ္ေစခဲ့ပါတယ္။
အဆိုပါပင္လယ္ဖ်ံတို႔ရဲ႕ ထုထည္သိပ္သည္းမူက ေပါင္ ၂၅၀၀ ထိရွိႏိုင္ၿပီး အရွည္က ၁၁ ေပအထိ ေရာက္ႏိုင္ပါတယ္။ပိုၿပီး စိတ္ဝင္စားစရာေကာင္းတာက အေလးခ်ိန္ ေတာ္ေတာ္ေလးေလးပုံရမဲ့ ပင္လယ္ဖ်ံႏွစ္ေကာင္ရဲ႕ ေလွကေတာ့ ကတ္တိေလး ေရျပင္ေပၚေပၚေနခဲ့ေပမဲ့ အခုကိစၥေၾကာင့္လည္း ၎ေလွတစ္စီးလုံးနီးပါး နစ္ျမဳပ္သြားႏိုင္ပါတယ္။မဂၤလာႏွစ္ပတ္လည္ေန႔မို႔ အဆိုပါ ပင္လယ္ဖ်ံစုံတြဲက ေရျပင္ေပၚရဲ႕ရႈခင္းကို ခံစားၾကည့္ႏိုင္ဖို႔ ၎ေလွကို ဌားရမ္းခဲ့ၾကပုံပါဘဲဗ်ာ။
1
Mia (Mckzone Daily)
Source : thedodo
Unicode
အမေရိကန်ပြည်ထောင်စု Washington ကမ်းခြေရှိ Puget Sound လို့ခေါ်တဲ့လှေတစ်စီးပေါ်သို့ ပေါ့ပေါ့ပါးပါးလေးနဲ့ လိုက်ပါစီးနင်းနေခဲ့တဲ့ ကြီးမားတဲ့ပင်လယ်ဖျံစုံတွဲကို Joshua Phillips အမည်ရှိတဲ့အမျိုးသားက မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ရပါတယ်။ ထင်ရှားတာကတော့ သမုဒ္ဒရာရဲ့ ပင်လယ်ခြင်္သေ့လို့တင်စားတဲ့ ထုထည်ကြီးမားတဲ့အဆိုပါနို့တိုက်သတ္တဝါပင်လယ်ဖျံစုံတွဲဟာ တစ်စုံတစ်ယောက်ရဲ့လှေပေါ်တက်ပြီး သူတို့ခဏအနားယူနိုင်ဖို့အတွက်သက်သက်ဘဲ လှေကိုဌားရမ်းဖို့ ဆုံးဖြတ်ထားကြပုံပါဘဲ။ဘာမှ မလုပ်ဘဲ အငြိမ့်လေး လိုက်စီးနေခဲ့ကြတာပါ။
အဆိုပါ ပင်လယ်ဖျံကြီးစုံတွဲက ဗီဒီယိုရိုက်နေတဲ့ Phillips ကို အပြစ်မရှိတဲ့ရုပ်လေးတွေနဲ့လည်း လိုက်ကြည့်နေခဲ့ကြပါသေးတယ်။၎င်းလှေဒီဇိုင်းကလည်း ထိုကဲ့သို့သော အလွန်ကြီးမားတဲ့ခရီးသည်တွေကို တင်ဖို့အတွက် မဟုတ်နေခဲ့ပါဘူး။၎င်းလှေကို ဘယ်သူကပိုင်ဆိုင်ထားကြောင်း နဲ့ အဆိုပါပင်လယ်ဖျံစုံတွဲက ၎င်းလှေပေါ်မှာ ဘယ်လောက်ကြာကြာနေကြတာကိုတော့ သေချာမသိရသေးပေမဲ့လည်း ဒီထူးခြားတဲ့မြင်ကွင်းက အဆိုပါတိရိစ္ဆာန်များရဲ့အရွယ်အစားကို ရှုထောင့်သစ်တစ်ခုအဖြစ် ပြောင်းလဲပစ်စေခဲ့ပါတယ်။
အဆိုပါပင်လယ်ဖျံတို့ရဲ့ ထုထည်သိပ်သည်းမူက ပေါင် ၂၅၀၀ ထိရှိနိုင်ပြီး အရှည်က ၁၁ ပေအထိ ရောက်နိုင်ပါတယ်။ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အလေးချိန် တော်တော်လေးလေးပုံရမဲ့ ပင်လယ်ဖျံနှစ်ကောင်ရဲ့ လှေကတော့ ကတ်တိလေး ရေပြင်ပေါ်ပေါ်နေခဲ့ပေမဲ့ အခုကိစ္စကြောင့်လည်း ၎င်းလှေတစ်စီးလုံးနီးပါး နစ်မြုပ်သွားနိုင်ပါတယ်။
Mia (Mckzone Daily)
Be the first to comment on "ေရကူးေနရင္း ေမာလာလို႔ ေလွေပၚတက္ၿပီးအနားယူေနခဲ့တဲ့ ပင္လယ္ဖ်ံစုံတြဲ(႐ုပ္သံ)"