အစ္ကိုျဖစ္သူက သူမရဲ႕သြားတိုက္တံေပၚေလလည္လိုက္လို႔ ရဲတိုင္ခဲ့တဲ့ မိန္းကေလး

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၃ ရက္ေန႔က ကေနဒါနယ္စပ္ႏွင့္ သိပ္မေဝးတဲ့ အေမရိကန္ႏိုင္ငံ Ohio ျပည္နယ္ Cleveland ၿမိဳ႕အနီးရွိနယ္ေျမတစ္ခုရဲ႕ ရဲဌာနက အသက္၁၈ႏွစ္အ႐ြယ္ မိန္းကေလးထံမွ သူမရဲ႕အစ္ကိုျဖစ္သူက သူမရဲ႕သြားတိုက္တံေပၚကို အီးေပါက္ထည့္လိုက္လို႔ ေျဖရွင္းေပးဖို႔ တိုင္ၾကားတဲ့သတင္းတစ္ခုရခဲ့ၾကပါတယ္။သို႔ေပမဲ့ အဆိုပါလုပ္ရပ္က ေမာင္ႏွမအခ်င္းခ်င္းလုပ္လို႔ရေပမဲ့ ရဲေတြဝင္ေျဖရွင္းေပးရမယ့္ ကိစၥမဟုတ္ပါဘူး။အဓိကအခ်က္အေနနဲ႔ အစ္ကိုျဖစ္သူက အဲ့လိုလုပ္ရပ္မ်ိဳးမလုပ္ခဲ့တာပါဘဲ။

အဆိုပါမိန္းကေလးက တမင္ ရဲေတြရဲ႕အခ်ိန္ကို ျဖဳန္းေစခဲ့႐ုံသာမက အစ္ကိုျဖစ္သူရဲ႕အက်င့္စ႐ိုက္ကို ရႈတ္ခ်ဖို႔ ႀကိဳးစားေနခဲ့တာပါ။အလြန္ထူးဆန္းတဲ့မိနစ္အနည္းငယ္အတြင္း ျဖစ္ပ်က္သြားမယ့္အေၾကာင္းအရာအခ်ိဳ႕ကို ေလ့လာၾကည့္ၿပီးေနာက္ ရဲမ်ားက အစ္ကိုျဖစ္သူက သူမနဲ႔ တစ္အိမ္တည္းအတူမေနတာကို သိခဲ့ၾကပါတယ္။တစ္ကယ္ေတာ့ သူမက အစ္ကိုျဖစ္သူအာ႐ုံေနာက္ေအာင္လို႔ တစ္ေနရာၿပီး တစ္ေနရာ​က ရဲေတြကို တိုင္ၾကားခဲ့ပါတယ္။

သို႔ေပမဲ့ ေမာင္ႏွမၾကား ျပႆနာကို ေျဖရွင္းဖို႔ ရဲေခၚတာထပ္ ပိုၿပီးလြယ္ကူတဲ့နည္းလမ္းေတြရွိၿပီး အထူးသျဖင့္ ရဲေတြရဲ႕အခ်ိန္ကို ျဖဳန္းတီးေစျခင္းက တရားမဝင္အခ်က္တစ္ခုျဖစ္တာေၾကာင့္ ေနာက္ဆုံး အဆိုပါမိန္းကေလးဟာ ရဲေတြဆီက အျငင္းပြါးစရာကိစၥရပ္မ်ားအတြက္ ရဲထပ္မေခၚဖို႔ warning ေပးခံခဲ့ရပါတယ္။မွ်မွ်တတျဖစ္ေစဖို႔ အစ္ကိုျဖစ္သူအား ရဲေတြကဘာမွမလုပ္ခဲ့တာကို သူမသိလိုက္ရၿပီး သူမဟာ သူမေနာက္ေက်ာကိုထိုးဖို႔ လွံတစ္ခုကို ဖန္ဆင္းလိုက္သလို ျဖစ္သြားခဲ့ရပါတယ္။

Mia (Mckzone Daily)

Source : ladbible

Unicode

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က ကနေဒါနယ်စပ်နှင့် သိပ်မဝေးတဲ့ အမေရိကန်နိုင်ငံ Ohio ပြည်နယ် Cleveland မြို့အနီးရှိနယ်မြေတစ်ခုရဲ့ ရဲဌာနက အသက်၁၈နှစ်အရွယ် မိန်းကလေးထံမှ သူမရဲ့အစ်ကိုဖြစ်သူက သူမရဲ့သွားတိုက်တံပေါ်ကို အီးပေါက်ထည့်လိုက်လို့ ဖြေရှင်းပေးဖို့ တိုင်ကြားတဲ့သတင်းတစ်ခုရခဲ့ကြပါတယ်။သို့ပေမဲ့ အဆိုပါလုပ်ရပ်က မောင်နှမအချင်းချင်းလုပ်လို့ရပေမဲ့ ရဲတွေဝင်ဖြေရှင်းပေးရမယ့် ကိစ္စမဟုတ်ပါဘူး။အဓိကအချက်အနေနဲ့ အစ်ကိုဖြစ်သူက အဲ့လိုလုပ်ရပ်မျိုးမလုပ်ခဲ့တာပါဘဲ။

အဆိုပါမိန်းကလေးက တမြင် ရဲတွေရဲ့အချိန်ကို ဖြုန်းစေခဲ့ရုံသာမက အစ်ကိုဖြစ်သူရဲ့အကျင့်စရိုက်ကို ရှုတ်ချဖို့ ကြိုးစားနေခဲ့တာပါ။အလွန်ထူးဆန်းတဲ့မိနစ်အနည်းငယ်အတွင်း ဖြစ်ပျက်သွားမယ့်အကြောင်းအရာအချို့ကို လေ့လာကြည့်ပြီးနောက် ရဲများက အစ်ကိုဖြစ်သူက သူမနဲ့ တစ်အိမ်တည်းအတူမနေတာကို သိခဲ့ကြပါတယ်။တစ်ကယ်တော့ သူမက အစ်ကိုဖြစ်သူအာရုံနောက်အောင်လို့ တစ်နေရာပြီး တစ်နေရာ​က ရဲတွေကို တိုင်ကြားခဲ့ပါတယ်။

သို့ပေမဲ့ မောင်နှမကြား ပြဿနာကို ဖြေရှင်းဖို့ ရဲခေါ်တာထပ် ပိုပြီးလွယ်ကူတဲ့နည်းလမ်းတွေရှိပြီး အထူးသဖြင့် ရဲတွေရဲ့အချိန်ကို ဖြုန်းတီးစေခြင်းက တရားမဝင်အချက်တစ်ခုဖြစ်တာကြောင့် နောက်ဆုံး အဆိုပါမိန်းကလေးဟာ ရဲတွေဆီက အငြင်းပွါးစရာကိစ္စရပ်များအတွက် ရဲထပ်မခေါ်ဖို့ warning ပေးခံခဲ့ရပါတယ်။မျှမျှတတဖြစ်စေဖို့ အစ်ကိုဖြစ်သူအား ရဲတွေကဘာမှမလုပ်ခဲ့တာကို သူမသိလိုက်ရပြီး သူမဟာ သူမနောက်ကျောကိုထိုးဖို့ လှံတစ်ခုကို ဖန်ဆင်းလိုက်သလို ဖြစ်သွားခဲ့ရပါတယ်။

Mia (Mckzone Daily)

  • Leave a Comment