မိခင်ရဲ့ချစ်သူက မုဒိမ်းပြုကျင့်ခဲ့ပြီး ၊ ခြိမ်းခြောက်ခဲ့လို့ ကူကယ်ရာမဲ့ခဲ့တဲ့ 12နှစ်အရွယ်သမီးလေးရဲ့ ဖြစ်ရပ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကလေးငယ်တွေဟာ အမြဲလိုလိုမုဒိမ်းသမားတွေရဲ့ အလွယ်ကူဆုံးပြစ်မှတ်ဖြစ်နေလေ့ရှိပါတယ် ။ ဒါကြောင့်မလို့ အမြဲလိုလိုသက်ငယ်မုဒိမ်းမှုတွေကို အဆက်မပြတ်မြင်ရ ၊ ကြားနေရတာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Sarawak ပြည်နယ်မှာရှိတဲ့ စက်ပြင်ဆရာတစ်ဦးဟာ 12နှစ်အရွယ်မိန်းကလေးကို လိင်ပိုင်ဆိုင်ရာစော်ကားနေခဲ့တဲ့ဖြစ်ရပ်ဟာ ပေါ်သွားခဲ့လို့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။အဆိုပါ 31 နှစ်အရွာယ်အမျိုးသားဟာ ကလေးငယ်ကိုပြီးခဲ့တဲ့ May လကနေ July လအထိ 5ကြိမ်ခန့်လိင်ဆက်ဆံခဲ့ပြီးနောက် အဆိုပါဖြစ်ရပ်ကိုဖုံးကွယ်နိုင်ရန်အတွက် ကလေးငယ်ကိုသူ့အားဖော်ထုတ်ပြီး ၊ ဖွင့်ပြောဖို့ကြံလျှင် သူမ၏မိသားစုတစ်စုလုံးကိုသတ်ပစ်မည်ဆိုပြီးခြိမ်းခြောက်ခဲ့ပါတယ် ။

ဖြစ်စဉ်မှာတော့ ကလေးငယ်၏မိခင်ဖြစ်သူဟာ အဆိုပါစက်ပြင်ဆရာအမျိုးသားကို သူမနှင့်အတူလာရောက်နေထိုင်ဖို့ဖိတ်ခေါ်ခဲ့ပြီးနောက် သူမတို့မိသားစု နှင့် ၎င်းအမျိုးသားတို့အတူနေထိုင်ခဲ့ကြပြီး ယခုကဲ့သို့ပြစ်မှုကျူ းလွန်းခြင်းမျိုးခံခဲ့ရတာဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ကလေးငယ်၏မိခင်မှာ အဆိုပါစက်ပြင်ဆရာနှင့် ချစ်ကြိုက်နေပြီးချစ်သူရည်းစားများဖြစ်ကြောင်း သိရှိရပါတယ် ။

လိင်ပိုင်းဆိုင်ရာစော်ကားမှုကိုစတင်သိရှိခဲ့ချိန်မှာတော့ ကလေးငယ်ဟာသူမ၏အဒေါ်ဖြစ်သူနှင့်အတူ နေထိုင်ဖို့ချန်ထားခံခဲ့ရပြီးနောက် 2ပတ်အကြာ ကလေးငယ်ဟာအစာစားချင်စိတ်မရှိ၍ ဆေးခန်းသို့သွားရောက်ပြသချိန်မှာမှ ကိုယ်ဝန်မှာ 2လရှိနေပြီဖြစ်ကြောင်း သိရှိခဲ့ရတာပါ ။ ကလေးငယ်မှာ မောင်နှမတွေထဲမှ အငယ်ဆုံးသမီးလေးဖြစ်ကြောင်းသိရှိရပါတယ် ။ အဆိုပါကိစ္စရပ်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေလျက်ရှိပြီး အဆိုပါအမျိုးသားမှာတော့ အနည်းဆုံးထောင်ဒဏ် 8နှစ်ခန့်ကျခံရနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိခင်ရဲ့ချစ်သူက မုဒိမ်းပြုကျင့်ခဲ့ပြီး ၊ ခြိမ်းခြောက်ခဲ့လို့ ကူကယ်ရာမဲ့ခဲ့တဲ့ 12နှစ်အရွယ်သမီးလေးရဲ့ ဖြစ်ရပ်"

Leave a comment

Your email address will not be published.


*