ယုံၾကည္ဖို႔ေတာင္ခက္ခဲလြန္းလွတဲ့ ေခြးေလး နဲ႔ ႂကြက္ေလး တို႔ရဲ႕ေနာက္ေၾကာင္းပုံျပင္ေလး

အသက္ ၅ႏွစ္အ႐ြယ္ Osiris လို႔ေခၚတဲ့ေခြးေလး ႏွင့္ ၇ လ အ႐ြယ္ Riff လို႔ေခၚတဲ့ႂကြက္တစ္ေကာင္တို႔ဟာ အလြန္ႀကီးမားတဲ့ အ႐ြယ္အစားကြာဟမႈရွိေနေပမဲ့လည္း လုံးဝမခြဲမခြါႏိုင္တဲ့သူငယ္ခ်င္းေကာင္းမ်ားျဖစ္ၾကပါတယ္။ရာဇဝင္မွာ တစ္စကၠန႔္မွ်မိတ္မဖြဲ႕ဖူးတဲ့ သူတို႔က တစ္ေယာက္အေပၚတစ္ေယာက္ထားရွိတဲ့ယုံၾကည္မႈက လက္ဖ်ားခါေလာက္ပါတယ္။Osiris ရဲ႕ပိုင္ရွင္က ၄ ​​ပတ္အ႐ြယ္သာရွိေသးတဲ့ Riff ကိုကယ္ဆယ္လိုက္ၿပီး အိမ္ေခၚလာခဲ့တုန္းက Riff ဟာ မ်က္လုံးေတာင္မဖြင့္ႏိုင္ေသးပါဘူး။ အရမ္းကိုထိခိုက္လြယ္ၿပီးေသးငယ္လြန္းတဲ့ Riff ကို ႁပြန္ျဖင့္ ႏို႔တိုက္ေကြၽးခဲ့ရပါတယ္။Osiris အသက္ငယ္စဥ္တုန္းကလည္း ကားရပ္နားရာေနရာမွာ စြန႔္ပစ္ခံခဲ့ရၿပီး ၎မိသားစုက သူ႔ကို ယာယီေခၚေဆာင္သြားခဲ့ေပမဲ့ Osiris က ေခါင္းခဲၿပီးလွဲက်သြားခဲ့တာေၾကာင့္ သူ႔ကိုအၿမဲေခၚထားဖို႔ ဆုံးျဖတ္ခဲ့ၾကတာပါ။

Osiris ဟာ ႀကီးမားတဲ့ေခြးတစ္ေကာင္ျဖစ္ၿပီး Riff က ႂကြက္ေသးေသးေလးျဖစ္တဲ့အတြက္ေၾကာင့္ Osiris က တစ္နည္းနည္းနဲ႔ Riff ကို ထိခိုက္ဖို႔ႀကိဳးစားလိမ့္မယ္လို႔ မိသားစုမ်ားက စိုးရိမ္ခဲ့ၾကပါတယ္။” Riff က Osiris လွ်ာ နဲ႔ သူ႔ကိုလ်က္တာကို အရမ္းႀကိဳက္တယ္ ၊ Osiris က Riff ကို စားလိုက္မွာ ေၾကာက္လန႔္ေနခဲ့တာ ၊ Osiris က Riff ကိုျပဳစုပ်ိဳးေထာင္ဖို႔ ႏွင့္ဂ႐ုစိုက္ဖို႔ ကူညီေပးခဲ့ၿပီး ကြၽန္ေတာ္ေတြ႕ဖူးသမွ်မွာ အသိတက္ဆုံးေခြးေလးတစ္ေကာင္ပါ “လို႔ ပိုင္ရွင္ျဖစ္သူက Instagram မွာ ေျပာျပခဲ့ပါတယ္။သူတို႔အခ်င္းခ်င္း မေမွ်ာ္လင့္တဲ့မိတ္ေဆြျဖစ္မႈကို ေတြ႕ျမင္ရျခင္းက ဒီကမာၻေျမႀကီးေပၚက က်န္သတၱဝါမ်ားႏွင့္ အထူးသျဖင့္ လူသားမ်ားအတြက္ ေမွ်ာ္လင့္ခ်က္အနည္းငယ္ေပးေနပုံရပါတယ္။Riff ႏွင့္ Osiris တို႔ရဲ႕ဆက္ဆံေရးက ျမင္သူတိုင္းကို ၿပဳံးေပ်ာ္မိသြားေစမွာ အမွန္ပါဘဲ။

1

2

3

4

5

6

7

Mia (Mckzone Daily)

Source : woofwoof

Unicode

အသက် ၅နှစ်အရွယ် Osiris လို့ခေါ်တဲ့ခွေးလေး နှင့် ၇ လ အရွယ် Riff လို့ခေါ်တဲ့ကြွက်တစ်ကောင်တို့ဟာ အလွန်ကြီးမားတဲ့ အရွယ်အစားကွာဟမှုရှိနေပေမဲ့လည်း လုံးဝမခွဲမခွါနိုင်တဲ့သူငယ်ချင်းကောင်းများဖြစ်ကြပါတယ်။ရာဇဝင်မှာ တစ်စက္ကန့်မျှမိတ်မဖွဲ့ဖူးတဲ့ သူတို့က တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ယုံကြည်မှုက လက်ဖျားခါလောက်ပါတယ်။Osiris ရဲ့ပိုင်ရှင်က ၄ ​​ပတ်အရွယ်သာရှိသေးတဲ့ Riff ကိုကယ်ဆယ်လိုက်ပြီး အိမ်ခေါ်လာခဲ့တုန်းက Riff ဟာ မျက်လုံးတောင်မဖွင့်နိုင်သေးပါဘူး။ အရမ်းကိုထိခိုက်လွယ်ပြီးသေးငယ်လွန်းတဲ့ Riff ကို ပြွန်ဖြင့် နို့တိုက်ကျွေးခဲ့ရပါတယ်။Osiris အသက်ငယ်စဉ်တုန်းကလည်း ကားရပ်နားရာနေရာမှာ စွန့်ပစ်ခံခဲ့ရပြီး ၎င်းမိသားစုက သူ့ကို ယာယီခေါ်ဆောင်သွားခဲ့ပေမဲ့ Osiris က ခေါင်းခဲပြီးလှဲကျသွားခဲ့တာကြောင့် သူ့ကိုအမြဲခေါ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

Osiris ဟာ ကြီးမားတဲ့ခွေးတစ်ကောင်ဖြစ်ပြီး Riff က ကြွက်သေးသေးလေးဖြစ်တဲ့အတွက်ကြောင့် Osiris က တစ်နည်းနည်းနဲ့ Riff ကို ထိခိုက်ဖို့ကြိုးစားလိမ့်မယ်လို့ မိသားစုများက စိုးရိမ်ခဲ့ကြပါတယ်။” Riff က Osiris လျှာ နဲ့ သူ့ကိုလျက်တာကို အရမ်းကြိုက်တယ် ၊ Osiris က Riff ကို စားလိုက်မှာ ကြောက်လန့်နေခဲ့တာ ၊ Osiris က Riff ကိုပြုစုပျိုးထောင်ဖို့ နှင့်ဂရုစိုက်ဖို့ ကူညီပေးခဲ့ပြီး ကျွန်တော်တွေ့ဖူးသမျှမှာ အသိတက်ဆုံးခွေးလေးတစ်ကောင်ပါ “လို့ ပိုင်ရှင်ဖြစ်သူက Instagram မှာ ပြောပြခဲ့ပါတယ်။သူတို့အချင်းချင်း မမျှော်လင့်တဲ့မိတ်ဆွေဖြစ်မှုကို တွေ့မြင်ရခြင်းက ဒီကမ္ဘာမြေကြီးပေါ်က ကျန်သတ္တဝါများနှင့် အထူးသဖြင့် လူသားများအတွက် မျှော်လင့်ချက်အနည်းငယ်ပေးနေပုံရပါတယ်။Riff နှင့် Osiris တို့ရဲ့ဆက်ဆံရေးက မြင်သူတိုင်းကို ပြုံးပျော်မိသွားစေမှာ အမှန်ပါဘဲ။

Mia (Mckzone Daily)

  • Leave a Comment