ပ်ားလိေမၼာ္အလုံး 100 ပါတဲ့ေသတၱာကို သိန္း 130 ျဖင့္ေရာင္းခ်ႏိုင္ခဲ့တဲ့ ၿခံပိုင္ရွင္

ဂ်ပန္ႏိုင္ငံရွိ ေလလံပြဲတစ္ခုမွာ ပ်ားလိေမၼာ္အလုံး ၁၀၀ ပါတဲ့ေသတၱာကို ယန္းတစ္သန္း ( ၁၂၉ သိန္းေက်ာ္) ျဖင့္ေရာင္းခ်ခဲ့ပါတယ္။ၿပီးခဲ့တဲ့ၾကာသပေတးေန႔မွာ Tokyo ၿမိဳ႕ရွိ Ota Market မွာ ပထမဆုံးအႀကိမ္ ပ်ားလိေမၼာ္သီးကို ေလလံတင္ ေရာင္းခ်ခဲ့ၿပီး အမည္မသိေလလံဆြဲသူတစ္ဦးက ၂၀ ကီလိုဂရမ္ ရွိတဲ့အဆိုပါပ်ားလိေမၼာ္ေသတၱာကို ဝယ္ယူခဲ့ပါတယ္။Shatsoku ကြၽန္း Ehime စီရင္စု Nishiuwa ေဒသမွာ အျပင္မ်ိဳးေစ့မရွိတဲ့ ခရမ္းပိမ့္ပ်ားလိေမၼာ္မ်ိဳးစိတ္မ်ားကို စိုက္ပ်ိဳးထုတ္လုပ္ၿပီး ၎ေဒသရွိ mikan အမွတ္တံဆိပ္ပ်ားလိေမၼာ္က ခ်ိဳစိမ့္တဲ့အရသာရွိၿပီး ေစ်းကြက္မွာလည္း ေစ်းအႀကီးဆုံးျဖစ္ပါတယ္။လယ္သမား အေယာက္ ၁၀၀ ခန႔္သာ ၎ပ်ားလိေမၼာ္မ်ိဳးစိတ္ကို စိုက္ပ်ိဳးတာပါ။

” ပ်ားလိေမၼာ္ေတြက ေနေရာင္ျခည္သုံးခုလို႔ေခၚတဲ့ သဘာဝေန ၊ ပင္လယ္ကေန ေရာင္ျပန္ဟပ္တဲ့အလင္းေရာင္ နဲ႔ ေလွကားထစ္စိုက္ခင္းရဲ႕ေက်ာက္တုံးနံရံၾကားကေန ေရာင္ျပန္ဟပ္တဲ့အလင္းတန္းေတြနဲ႔မွ ႀကီးထြားလာတာပါ ” လို႔ အေရာင္းဌာနမွ ကိုယ္စားလွယ္ Shin Asai က ဆိုခဲ့ပါတယ္။ပုံမွန္အားျဖင့္ ဒီပ်ားလိေမၼာ္ရဲ႕တန္ဖိုးက ၁၀ ကီလိုဂရမ္ (၂၂ ေပါင္) မွာ ဂ်ပန္ယန္း ၇,၈၀၀ (၁သိန္းနဲ႔၁ေထာင္ေက်ာ္) သာရွိေပမဲ့ Mikan သီးရာသီေရာက္လာရင္ေတာ့ အထူးသျဖင့္ ေသတၱာနဲ႔ပ်ားလိေမၼာ္ေတြရဲ႕ ေဈးႏႈန္းက အဆေပါင္းမနည္းတက္လာတယ္လို႔ Nishiuwa စိုက္ပ်ိဳးေရးအသင္းက ေဖာ္ျပခဲ့ပါတယ္။

“ႏွစ္စဥ္ႏွစ္တိုင္းပ်ားလိေမၼာ္ရဲ႕ အရည္အေသြးကိုပထမဆုံးေလလံပြဲမွာ အကဲျဖတ္တာျဖစ္လို႔ ေနာက္ပိုင္းေရာင္းအားကို အႀကီးအက်ယ္ထိခိုက္လိမ့္မယ္” လို႔ Asai က ဆိုခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္က စူပါမားကတ္တစ္ခုမွာ လူသိရွင္ၾကားျဖစ္သြားတဲ့အထိ ပ်ားလိေမၼာ္ေတြကို ေဈးႏႈန္းျမင့္မားစြာနဲ႔ အလုအယက္၀ယ္ယူခဲ့ၾကပါေသးတယ္။ထို႔ေၾကာင့္ Asai အေနနဲ႔ ေလလံဆြဲႏိုင္သူအသစ္က ဘယ္သူဘယ္ဝါျဖစ္ေၾကာင္းကို မၾကာခင္ ထုတ္ေဖာ္ျပဖို႔ စီစဥ္ေနပါတယ္။ဂ်ပန္ကလည္း ဒူရင္းသီးႏိုင္ငံနဲ႔အၿပိဳင္ ပ်ားလိေမၼာ္ကို ေလလံဆြဲစားေနၾကၿပီေပါ့ေလ။ ပိုက္ဆံရွိတဲ့လူေတြကေတာ့ အဆန္းေတြလုပ္လိုက္ရမွ စိတ္ေက်နပ္ၾကပုံပါဘဲဗ်ာ။

1

2

Mia (Mckzone Daily)

Source : nextshark

Unicode

ဂျပန်နိုင်ငံရှိ လေလံပွဲတစ်ခုမှာ ပျားလိမ္မော်အလုံး ၁၀၀ ပါတဲ့သေတ္တာကို ယန်းတစ်သန်း ( ၁၂၉ သိန်းကျော်) ဖြင့်ရောင်းချခဲ့ပါတယ်။ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ Tokyo မြို့ရှိ Ota Market မှာ ပထမဆုံးအကြိမ် ပျားလိမ္မော်သီးကို လေလံတင် ရောင်းချခဲ့ပြီး အမည်မသိလေလံဆွဲသူတစ်ဦးက ၂၀ ကီလိုဂရမ် ရှိတဲ့အဆိုပါပျားလိမ္မော်သေတ္တာကို ဝယ်ယူခဲ့ပါတယ်။Shatsoku ကျွန်း Ehime စီရင်စု Nishiuwa ဒေသမှာ အပြင်မျိုးစေ့မရှိတဲ့ ခရမ်းပိမ့်ပျားလိမ္မော်မျိုးစိတ်များကို စိုက်ပျိုးထုတ်လုပ်ပြီး ၎င်းဒေသရှိ mikan အမှတ်တံဆိပ်ပျားလိမ္မော်က ချိုစိမ့်တဲ့အရသာရှိပြီး စျေးကွက်မှာလည်း စျေးအကြီးဆုံးဖြစ်ပါတယ်။လယ်သမား အယောက် ၁၀၀ ခန့်သာ ၎င်းပျားလိမ္မော်မျိုးစိတ်ကို စိုက်ပျိုးတာပါ။

” ပျားလိမ္မော်တွေက နေရောင်ခြည်သုံးခုလို့ခေါ်တဲ့ သဘာဝနေ ၊ ပင်လယ်ကနေ ရောင်ပြန်ဟပ်တဲ့အလင်းရောင် နဲ့ လှေကားထစ်စိုက်ခင်းရဲ့ကျောက်တုံးနံရံကြားကနေ ရောင်ပြန်ဟပ်တဲ့အလင်းတန်းတွေနဲ့မှ ကြီးထွားလာတာပါ ” လို့ အရောင်းဌာနမှ ကိုယ်စားလှယ် Shin Asai က ဆိုခဲ့ပါတယ်။ပုံမှန်အားဖြင့် ဒီပျားလိမ္မော်ရဲ့တန်ဖိုးက ၁၀ ကီလိုဂရမ် (၂၂ ပေါင်) မှာ ဂျပန်ယန်း ၇,၈၀၀ (၁သိန်းနဲ့၁ထောင်ကျော်) သာရှိပေမဲ့ Mikan သီးရာသီရောက်လာရင်တော့ အထူးသဖြင့် သေတ္တာနဲ့ပျားလိမ္မော်တွေရဲ့ ဈေးနှုန်းက အဆပေါင်းမနည်းတက်လာတယ်လို့ Nishiuwa စိုက်ပျိုးရေးအသင်းက ဖော်ပြခဲ့ပါတယ်။

“နှစ်စဉ်နှစ်တိုင်းပျားလိမ္မော်ရဲ့ အရည်အသွေးကိုပထမဆုံးလေလံပွဲမှာ အကဲဖြတ်တာဖြစ်လို့ နောက်ပိုင်းရောင်းအားကို အကြီးအကျယ်ထိခိုက်လိမ့်မယ်” လို့ Asai က ဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်က စူပါမားကတ်တစ်ခုမှာ လူသိရှင်ကြားဖြစ်သွားတဲ့အထိ ပျားလိမ္မော်တွေကို ဈေးနှုန်းမြင့်မားစွာနဲ့ အလုအယက်၀ယ်ယူခဲ့ကြပါသေးတယ်။ထို့ကြောင့် Asai အနေနဲ့ လေလံဆွဲနိုင်သူအသစ်က ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မကြာခင် ထုတ်ဖော်ပြဖို့ စီစဉ်နေပါတယ်။ဂျပန်ကလည်း ဒူရင်းသီးနိုင်ငံနဲ့အပြိုင် ပျားလိမ္မော်ကို လေလံဆွဲစားနေကြပြီပေါ့လေ။

Mia (Mckzone Daily)

Be the first to comment on "ပ်ားလိေမၼာ္အလုံး 100 ပါတဲ့ေသတၱာကို သိန္း 130 ျဖင့္ေရာင္းခ်ႏိုင္ခဲ့တဲ့ ၿခံပိုင္ရွင္"

Leave a comment

Your email address will not be published.


*