အိမ္ရွင္ထားေပးလိုက္တဲ့ သေရစာမုန္႔ေတြေၾကာင့္ ဝမ္းသာအားရသြားခဲ့တဲ့ delivery သမားတစ္ဦး

Kathy Ouma အမည္ရွိတဲ့အမ်ိဳးသမီးဟာ Christmas ရာသီအတြင္း ၿပီးခဲ့တဲ့ ၄ ၊ ၅ႏွစ္ ကျပဳလုပ္ခဲ့တဲ့အစဥ္အလာအတိုင္း သူမရဲ႕အိမ္အျပင္ဘက္မွာ မုန္႔ပဲသေရစာမ်ားကို အားလပ္ရက္အတြင္းႀကိဳးစားအားထုတ္ေနၾကတဲ့ သယ္ယူပို႔ေဆာင္ေရး သမားမ်ားအတြက္ ရည္႐ြယ္ၿပီး” ေက်းဇူးျပဳၿပီး သင့္ရဲ႕အလုပ္မွာ ေပ်ာ္႐ႊင္ဖို႔အတြက္ ေက်းဇူးျပဳၿပီး ယူသြားပါ ၊ အားလပ္ရက္မွာ ေဈးဝယ္ရတာလြယ္ကူေအာင္ ျပဳလုပ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ”လို႔ေရးသားထားတဲ့စာ႐ြက္ကို မုန္႔မ်ားႏွင့္အတူေထာင္ထားခဲ့တာပါ။သူမရဲ႕ ေသးငယ္တဲ့မုန္႔ျခင္းက လိုအပ္ေနသူတစ္ဦးအတြက္ မ်ားစြာအေထာက္အကူျဖစ္လိမ့္မယ္ဆိုတာကို သူမ မသိခဲ့ပါဘူး။

Karim Reed III အမည္ရွိတဲ့ Amazon ယာဥ္ေမာင္းအမ်ိဳးသားက အေမရိကန္ႏိုင္ငံ Delaware ျပည္နယ္ Middletown ရွိ Kathy ေနထိုင္တဲ့အိမ္သို႔ သူ႔ရဲ႕ေန႔စဥ္အလုပ္ျဖစ္တဲ့ မွာယူထားတဲ့အထုပ္တစ္ခုသယ္ေဆာင္လာေပးခဲ့ၿပီး Kathy ရဲ႕အိမ္ေရွ႕တံခါးဝမွာ သူ႔အား ေစာင့္ဆိုင္းေနတဲ့ ေရဘူးမ်ား ၊ ကြတ္ကီးမ်ား ၊soda မ်ား ႏွင့္အျခားမုန္႔မ်ားေၾကာင့္ သူဟာ အလြန္ဝမ္းသာအားရသြားခဲ့ပါတယ္။Reed က သူေန႔လည္စာစားဖို႔ေမ့ေနခဲ့ၿပီး သူ႔ရဲ႕စြမ္းအင္ေတြ အလြန္နည္းပါးေနခဲ့ေပမဲ့ Kathy ရဲ႕အခမဲ့လန္းဆန္းမႈက သူ႔လိုအပ္ေနတဲ့ ကယ္ဆယ္ေရးစခန္းတစ္ခုျဖစ္ခဲ့တယ္ လို႔ CNN ႏွင့္ေတြ႕ဆုံေမးျမန္းခန္းတစ္ခုမွာ ဝန္ခံေျပာျပခဲ့ပါတယ္။

Reed က ကြတ္ကီးႏွင့္ေရအခ်ိဳ႕ကို ယူၿပီးေနာက္ သူ႔ရဲ႕ထရပ္ကားဆီသို႔ ဝမ္းေျမာက္စြာခုန္ေပါက္ရင္း ျပန္သြားခဲ့ပုံကို Kathy ရဲ႕တံခါးကင္မရာေပၚမွာ ဖမ္းယူထားၿပီး ၎ဗီဒီယိုဟာ Facebook ေပၚမွာ သန္းႏွင့္ခ်ီတဲ့ comment မ်ားရရွိခဲ့ၿပီး လူသိမ်ားသြားခဲ့ပါတယ္။Reed ရဲ႕ဇာတ္လမ္းကို ၾကားသိခဲ့ရၿပီးေနာက္ Kathy က ေနာက္ပိုင္းမွာ ” အကယ္လို႔ သူေန႔လည္စာမစားခဲ့ရတာကို ကြၽန္မသိခဲ့ရင္ သူ႔ကို ေန႔လည္စာ ဖိတ္ေကြၽးခဲ့မိမွာပါ ” လို႔ ဆိုခဲ့ပါေသးတယ္။Kathy ရဲ႕ၾကင္နာမႈက အျခားအိမ္ပိုင္ရွင္ေတြအား အလားတူျပဳလုပ္ဖို႔ အားေပးေနခဲ့တာကို ျမင္ေတြ႕ရတဲ့အတြက္လည္း ဝမ္းသာမိပါတယ္။

1

2

Mia (Mckzone Daily)

Source : elitereaders

Unicode

Kathy Ouma အမည်ရှိတဲ့အမျိုးသမီးဟာ Christmas ရာသီအတွင်း ပြီးခဲ့တဲ့ ၄ ၊ ၅နှစ် ကပြုလုပ်ခဲ့တဲ့အစဉ်အလာအတိုင်း သူမရဲ့အိမ်အပြင်ဘက်မှာ မုန့်ပဲသရေစာများကို အားလပ်ရက်အတွင်းကြိုးစားအားထုတ်နေကြတဲ့ သယ်ယူပို့ဆောင်ရေး သမားများအတွက် ရည်ရွယ်ပြီး” ကျေးဇူးပြုပြီး သင့်ရဲ့အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ကျေးဇူးပြုပြီး ယူသွားပါ ၊ အားလပ်ရက်မှာ ဈေးဝယ်ရတာလွယ်ကူအောင် ပြုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”လို့ရေးသားထားတဲ့စာရွက်ကို မုန့်များနှင့်အတူထောင်ထားခဲ့တာပါ။

Karim Reed III အမည်ရှိတဲ့ Amazon ယာဉ်မောင်းအမျိုးသားက အမေရိကန်နိုင်ငံ Delaware ပြည်နယ် Middletown ရှိ Kathy နေထိုင်တဲ့အိမ်သို့ သူ့ရဲ့နေ့စဉ်အလုပ်ဖြစ်တဲ့ မှာယူထားတဲ့အထုပ်တစ်ခုသယ်ဆောင်လာပေးခဲ့ပြီး Kathy ရဲ့အိမ်ရှေ့တံခါးဝမှာ သူ့အား စောင့်ဆိုင်းနေတဲ့ ရေဘူးများ ၊ ကွတ်ကီးများ ၊soda များ နှင့်အခြားမုန့်များကြောင့် သူဟာ အလွန်ဝမ်းသာအားရသွားခဲ့ပါတယ်။

Reed က ကွတ်ကီးနှင့်ရေအချို့ကို ယူပြီးနောက် သူ့ရဲ့ထရပ်ကားဆီသို့ ဝမ်းမြောက်စွာခုန်ပေါက်ရင်း ပြန်သွားခဲ့ပုံကို Kathy ရဲ့တံခါးကင်မရာပေါ်မှာ ဖမ်းယူထားပြီး ၎င်းဗီဒီယိုဟာ Facebook ပေါ်မှာ သန်းနှင့်ချီတဲ့ comment များရရှိခဲ့ပြီး လူသိများသွားခဲ့ပါတယ်။Reed ရဲ့ဇာတ်လမ်းကို ကြားသိခဲ့ရပြီးနောက် Kathy က နောက်ပိုင်းမှာ ” အကယ်လို့ သူနေ့လည်စာမစားခဲ့ရတာကို ကျွန်မသိခဲ့ရင် သူ့ကို နေ့လည်စာ ဖိတ်ကျွေးခဲ့မိမှာပါ ” လို့ ဆိုခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment