ေလလည္တုိင္း ေခ်ာကလက္နံ႔၊ ႏွင္းဆီနံ႔သင္းေစမယ့္ ေဆးေတာင့္ကုိ ေစ်းကြက္တြင္းေရာင္းခ်

ေလလည္လုိ႔ ထြက္လာတဲ့အနံ႔ုကုိ လူေတြက မႏွစ္သက္ၾကပါဘူး။ ယဥ္ေက်းမႈအဆင့္အတန္း ဘယ္ေလာက္ပဲ ျမင့္တဲ့ႏုိင္ငံေတြမွာပဲျဖစ္ျဖစ္ ေလလည္ျခင္းကို ကိုယ္မဟုတ္ရင္ မႏွစ္ၿမိဳ႕ၾကတာအမွန္ပါ။ ေလလည္တဲ့အခါ အစာေဟာင္းေတြရဲ႕အနံကုိ ေရာျပြမ္းဓာတ္ျပဳၿပီး ထြက္လာတဲ့အနံ႔က ဆုိးလြန္းပါတယ္။

ေလလည္တဲ့အခါ ေခ်ာကလက္နံ႔၊ ႏွင္းဆီနံ႔သင္းေစမယ့္ေဆးေတာင့္ကို ျပင္သစ္တီထြင္သူတစ္ဦးက တီထြင္ၿပီး အခု ေစ်းကြက္ထဲမွာ ေရာင္းခ်ေနၿပီလုိ႔ သိရပါတယ္။ တီထြင္သူရဲ႕နာမည္ကေတာ့ Christian Poincheval ျဖစ္ၿပီး၊ ေဆးေတာင့္ကို ေသာက္လုိက္႐ုံနဲ႔-

ေလလည္တဲ့အနံ႔ဟာ ခရမ္းရင့္ေရာင္ႏွင္းဆီက ႏွင္းဆီနီရဲရဲေတြရဲ႕အနံ႔လုိ၊ ေခ်ာကလက္အနံ႔ကေန ဂ်င္းတက္ရဲ႕အနံလုိမ်ိဳး စြန္႔ထုတ္ႏုိင္မွာျဖစ္ေၾကာင္း Christian က ေျပာပါတယ္။ ဒီလုိျဖစ္ဖုိ႔အတြက္ ေဆးေတာင့္ကို ဘာဓာတုပစၥည္းမွ သုံးစြဲထားျခင္းမရွိဘဲ သဘာဝအတုိင္း ထုတ္လုပ္ထားတာပါတဲ့။

Christian က ” ဒီေကာင္ေလး ေသာက္ထားရင္ ကိုယ္ထုိင္ေနတဲ့ စားပြဲပတ္ပတ္လည္က လူေတြအတြက္ စိတ္ပူစရာမလုိေတာ့ဘူး … သူတုိ႔တစ္ေတြ သေဘာေတာင္ က်ၾကဦးမွာ … ဒါေပမယ့္ အသံအက်ယ္ႀကီးျဖစ္သြားရင္ေတာ့ စိတ္အေႏွာက္အယွက္ ျဖစ္မွာေပါ့ … အနံ႔အတြက္ကေတာ့ ကိစၥမရွိပါဘူး “လုိ႔ ေျပာခဲ့ပါတယ္။

Christian ဟာ အဲဒီေဆးေတာင့္ကို (၂၀၀၄)ခုႏွစ္ကတည္းက ထုတ္လုပ္ခဲ့တာျဖစ္ၿပီး၊ အခုဆုိ ေရာင္းေစ်းကေတ့ (၅.၉၉)ေဒၚလာလုိ႔ သိရပါတယ္။ ျမန္္မာက်ပ္ေငြနဲ႔ဆုိရင္ေတာ့ က်ပ္တစ္ေသာင္းနီးပါးေလာက္ ရွိမယ္လုိ႔ ခန္႔မွန္းရပါတယ္။

credit – နသူရိန္ (D Khit Media)

source : UniLad

ယူနီကုဒ်ဖြင့် ဖတ်ရန်-

လေလည်လို့ ထွက်လာတဲ့အနုံ့ကို လူတွေက မနှစ်သက်ကြပါဘူး။ ယဉ်ကျေးမှုအဆင့်အတန်း ဘယ်လောက်ပဲ မြင့်တဲ့နိုင်ငံတွေမှာပဲဖြစ်ဖြစ် လေလည်ခြင်းကို ကိုယ်မဟုတ်ရင် မနှစ်မြို့ကြတာအမှန်ပါ။ လေလည်တဲ့အခါ အစာဟောင်းတွေရဲ့အနံကို ရောပြွမ်းဓာတ်ပြုပြီး ထွက်လာတဲ့အနံ့က ဆိုးလွန်းပါတယ်။

လေလည်တဲ့အခါ ချောကလက်နံ့၊ နှင်းဆီနံ့သင်းစေမယ့်ဆေးတောင့်ကို ပြင်သစ်တီထွင်သူတစ်ဦးက တီထွင်ပြီး အခု စျေးကွက်ထဲမှာ ရောင်းချနေပြီလို့ သိရပါတယ်။ တီထွင်သူရဲ့နာမည်ကတော့ Christian Poincheval ဖြစ်ပြီး၊ ဆေးတောင့်ကို သောက်လိုက်ရုံနဲ့-

လေလည်တဲ့အနံ့ဟာ ခရမ်းရင့်ရောင်နှင်းဆီက နှင်းဆီနီရဲရဲတွေရဲ့အနံ့လို၊ ချောကလက်အနံ့ကနေ ဂျင်းတက်ရဲ့အနံလိုမျိုး စွန့်ထုတ်နိုင်မှာဖြစ်ကြောင်း Christian က ပြောပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ဆေးတောင့်ကို ဘာဓာတုပစ္စည်းမှ သုံးစွဲထားခြင်းမရှိဘဲ သဘာဝအတိုင်း ထုတ်လုပ်ထားတာပါတဲ့။

Christian က ” ဒီကောင်လေး သောက်ထားရင် ကိုယ်ထိုင်နေတဲ့ စားပွဲပတ်ပတ်လည်က လူတွေအတွက် စိတ်ပူစရာမလိုတော့ဘူး … သူတို့တစ်တွေ သဘောတောင် ကျကြဦးမှာ … ဒါပေမယ့် အသံအကျယ်ကြီးဖြစ်သွားရင်တော့ စိတ်အနှောက်အယှက် ဖြစ်မှာပေါ့ … အနံ့အတွက်ကတော့ ကိစ္စမရှိပါဘူး “လို့ ပြောခဲ့ပါတယ်။

Christian ဟာ အဲဒီဆေးတောင့်ကို (၂၀၀၄)ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခုဆို ရောင်းစျေးကတေ့ (၅.၉၉)ဒေါ်လာလို့ သိရပါတယ်။ မြန််မာကျပ်ငွေနဲ့ဆိုရင်တော့ ကျပ်တစ်သောင်းနီးပါးလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

credit – နေသူရိန် (D Khit Media)

source : UniLad

Be the first to comment on "ေလလည္တုိင္း ေခ်ာကလက္နံ႔၊ ႏွင္းဆီနံ႔သင္းေစမယ့္ ေဆးေတာင့္ကုိ ေစ်းကြက္တြင္းေရာင္းခ်"

Leave a comment

Your email address will not be published.


*