သခင့္ရဲ႕ ဘြဲ႕လက္မွတ္ကိုမွ ကိုက္ၿဖဲၿပီး အျပစ္မလုပ္ထားသလို ၿပဳံးေပ်ာ္ေနတဲ့ ေၾကာင္ေလး

အိမ္ေမြးတိရိစာၦန္ေလးေမြးခ်င္ခဲ့ရင္ေတာ့ သင့္ရဲ႕တန္ဖိုးရွိတဲ့ပစၥည္းေတြကို လုံၿခဳံစိတ္ခ်ရတဲ့ေနရာမွာ သိမ္းထားသင့္ပါတယ္။သင္တို႔ရဲ႕အခ်စ္ေတာ္ေလးေတြက သင္တို႔ခ်စ္သေလာက္ သူတို႔က အဆိုးဆုံးနည္းလမ္းေတြနဲ႔ ဖ်က္ဆီးတတ္ၾကပါတယ္။မၾကာေသးခင္က Twitter အသုံးျပဳသူ @mamblonumber5 ဟာ သူ႔ကိုယ္ပိုင္အိမ္ေမြးတိရိစာၦန္က သူ႔ရဲ႕ဘြဲ႕လက္မွတ္ကို ကိုက္ၿဖဲလိုက္လို႔ ” ငါ့ f** cking ေၾကာင္က ငါ့ဒီဂရီဘြဲ႕လက္မွတ္ကို စားလိုက္တယ္ ” ဆိုတဲ့ caption နဲ႔မွ်ေဝခဲ့ၿပီးေနာက္ ၎ tweet ဟာ အခုအခ်ိန္ထိ retweet ေပါင္း ၇၇,၅၀၀ နဲ႔ Like ေပါင္း ၄၈၃,၀၀ ေက်ာ္ ရရွိခဲ့ပါတယ္။သူမွ်ေဝခဲ့တဲ့ပုံမွာ Nottingham တကၠသိုလ္မွ ခ်ီးျမင့္တဲ့ဘြဲ႕လက္မွတ္ဟာ ေအာက္ဆုံးေထာင့္မွာ ကိုက္ျဖတ္ရာမ်ားႏွင့္အတူ ထင္ရွားစြာေတြ႕ႏိုင္ပါတယ္။ေနာက္ပိုင္း သူက ” သူ႔နာမည္က Mika ဘဲ” လို႔ဆိုၿပီး ၾကည္ညိဳစရာေကာင္းတဲ့ တရားခံရဲ႕ပုံကိုပါ တင္ခဲ့ပါေသးတယ္။ေၾကာင္ေလးကေတာ့ သခင့္ကို ေနာက္လိုက္ရလို႔ ေက်နပ္အားရေနပုံပါဘဲ။အင္တာနက္အသုံးျပဳသူေတာ္ေတာ္မ်ားမ်ားက ၎အေၾကာင္းအရာနဲ႔ပတ္သက္ၿပီး သူတို႔ကိုယ္ပိုင္ထိတ္လန္႔ဖြယ္ဇာတ္လမ္းေတြနဲ႔ တုံ႔ျပန္ခဲ့ၾကပါတယ္။

လူတစ္ေယာက္က ” ကြၽန္ေတာ္လည္း အျခားႏိုင္ငံမသြားခင္ တစ္ပတ္အလိုမွာ ကြၽန္ေတာ့္ေခြးက ကြၽန္ေတာ့္ရဲ႕ႏိုင္ငံကူးစာ႐ြက္စာတမ္းေတြကို ကိုက္စားခဲ့တယ္ ” လို႔ မွတ္ခ်က္ေပးခဲ့ပါေသးတယ္။@mamblonumber5 က Mikaက ဘယ္တုန္းကမွ သူ႔ဒီဂရီေတြကို မစားခဲ့ဖူးဘူး အခုမွ ထူးထူးဆန္းဆန္း ကိုက္စားခဲ့တာ ေတာ္ေသးလို႔ အကုန္မကိုက္ပစ္တာလို႔ ဆိုခဲ့ပါေသးတယ္။အဆိုပါအမ်ိဳးသားရဲ႕အျဖစ္အပ်က္ကေတာ့ အိမ္မွာ အခ်စ္ေတာ္ေလးေတြရွိတဲ့သူတိုင္းကို ကိုယ့္ရဲ႕အဖိုးတန္ပစၥည္း ၊ စာ႐ြက္စာတမ္းေတြကို ေလွ်ာက္မထားဖို႔ သတိေပးေနသလိုပါဘဲေလ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အိမ်မွေးတိရိစ္ဆာန်လေးမွေးချင်ခဲ့ရင်တော့ သင့်ရဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။သင်တို့ရဲ့အချစ်တော်လေးတွေက သင်တို့ချစ်သလောက် သူတို့က အဆိုးဆုံးနည်းလမ်းတွေနဲ့ ဖျက်ဆီးတတ်ကြပါတယ်။မကြာသေးခင်က Twitter အသုံးပြုသူ @mamblonumber5 ဟာ သူ့ကိုယ်ပိုင်အိမ်မွေးတိရိစ္ဆာန်က သူ့ရဲ့ဘွဲ့လက်မှတ်ကို ကိုက်ဖြဲလိုက်လို့ ” ငါ့ f** cking ကြောင်က ငါ့ဒီဂရီဘွဲ့လက်မှတ်ကို စားလိုက်တယ် ” ဆိုတဲ့ caption နဲ့မျှဝေခဲ့ပြီးနောက် ၎င်း tweet ဟာ အခုအချိန်ထိ retweet ပေါင်း ၇၇,၅၀၀ နဲ့ Like ပေါင်း ၄၈၃,၀၀ ကျော် ရရှိခဲ့ပါတယ်။သူမျှဝေခဲ့တဲ့ပုံမှာ Nottingham တက္ကသိုလ်မှ ချီးမြင့်တဲ့ဘွဲ့လက်မှတ်ဟာ အောက်ဆုံးထောင့်မှာ ကိုက်ဖြတ်ရာများနှင့်အတူ ထင်ရှားစွာတွေ့နိုင်ပါတယ်။နောက်ပိုင်း သူက ” သူ့နာမည်က Mika ဘဲ” လို့ဆိုပြီး ကြည်ညိုစရာကောင်းတဲ့ တရားခံရဲ့ပုံကိုပါ တင်ခဲ့ပါသေးတယ်။ကြောင်လေးကတော့ သခင့်ကို နောက်လိုက်ရလို့ ကျေနပ်အားရနေပုံပါဘဲ။အင်တာနက်အသုံးပြုသူတော်တော်များများက ၎င်းအကြောင်းအရာနဲ့ပတ်သက်ပြီး သူတို့ကိုယ်ပိုင်ထိတ်လန့်ဖွယ်ဇာတ်လမ်းတွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။

လူတစ်ယောက်က ” ကျွန်တော်လည်း အခြားနိုင်ငံမသွားခင် တစ်ပတ်အလိုမှာ ကျွန်တော့်ခွေးက ကျွန်တော့်ရဲ့နိုင်ငံကူးစာရွက်စာတမ်းတွေကို ကိုက်စားခဲ့တယ် ” လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။@mamblonumber5 က Mikaက ဘယ်တုန်းကမှ သူ့ဒီဂရီတွေကို မစားခဲ့ဖူးဘူး အခုမှ ထူးထူးဆန်းဆန်း ကိုက်စားခဲ့တာ တော်သေးလို့ အကုန်မကိုက်ပစ်တာလို့ ဆိုခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "သခင့္ရဲ႕ ဘြဲ႕လက္မွတ္ကိုမွ ကိုက္ၿဖဲၿပီး အျပစ္မလုပ္ထားသလို ၿပဳံးေပ်ာ္ေနတဲ့ ေၾကာင္ေလး"

Leave a comment

Your email address will not be published.


*