Gym အမြဲသွားပြီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲတွေမှာပါ ဆုယူပြခဲ့တဲ့ အသက် 75 နှစ်အရွယ်အဘွားအို
Lim ၏ပြောဆိုချက်အရ တောင်ကိုးရီးယားလူ့အဖွဲ့အစည်းဟာ ဒီနောက်ပိုင်းစိတ်ဓာတ်တွေက ပိုပြီးပွင့်လင်းလာခဲ့ပြီး ၊ အရင်ချိန်ကလို မဟုတ်တော့ကြောင်းကို ” အရင်ချိန်ဆို Bikini မပြောနဲ့ ဒူးပေါ်တဲ့ဘောင်းဘီ အတိုတောင်ဝတ်လို့မရဘူး ၊ အရင်ကလူတွေဆို မိန်းကလေးဆိုတာ ဒီလိုမလုပ်ရဘူး ဆိုပြီးအမြဲတားမြစ်လေ့ရှိတယ် ” ဆိုပြီး သူမကပြောပြခဲ့ပါတယ် ။ သို့ပေမဲ့ ယခုခေတ်မှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ တန်းတူဖြစ်နေခဲ့ပြီး ၊ သူတို့လုပ်ချင်တာကို သူတို့လုပ်နိုင်သလောက်လုပ်လို့ရနေပါပြီ ။ ” လူတိုင်းမှာ အိမ်မက်ရှိတယ် ။ အသက်ကြီးလို့ဆိုပြီး ကိုယ့်ရဲ့အိမ်မက်ကိုလက်လွတ်ခံလိုက်မယ်ဆိုရင်တော့ ဘဝကတအားကို အဓိပ္ပာယ်မဲ့သွားမှာပါ ။ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ့်ကိုယ်ကိုစိန်ခေါ်ကြည့်မယ်ဆိုရင်တော့ ကျန်ရှိနေသေးတဲ့ကိုယ့်ရဲ့အချိန်တွေနဲ့ တန်ဖိုးရှိတဲ့ဘဝမျိုးကိုပိုင်ဆိုင်သွားရမယ်လို့ ကျွန်မယုံကြည်တယ် ” ဆိုပြီး ထပ်လောင်းပြောဆိုသွားခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
လူအတော်များများ Gym သွားဖို့အတွက် အတော်လေးကိုပျင်းရိနေလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသမီးကြီးရဲ့ ဘဝအကြောင်းကိုကြည့်ပြီးရင်တော့ Gym ပြန်သွားဆော့ချင်တဲ့စိတ်မျိုးပြန်ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်မိပါတယ် ။ ၎င်းအမျိုးသမီးကတော့ တောင်ကိုးရီးယားနိုင်ငံက အသက် 75နှစ်အရွယ် ကိုယ်ကာယအလှမယ် Lim Jong So ဆိုတဲ့အမျိုးသမီးဖြစ်ပါတယ် ။ ပြီးခဲ့တဲ့နှစ်က Lim ဟာ သူမရဲ့ကျောရိုးနာကျင်နေခဲ့တဲ့ နာတာရှည်ရောဂါမျိုးခံစားနေခဲ့ရလို့ နောက်ပိုင်းမှာသူမရဲ့ညာခြေထောက်ဟာလမ်းမလျှောက်နိုင်တဲ့ အခြေအနေမျိုးအထိ ကြုံတွေ့ခံစားခဲ့ရပါတယ် ။ ထို့ကြောင့် ရောဂါကုသဖို့အတွက် သူမဟာ Gym ဆော့ကစားပြီး နာကျင်မှုဒဏ်သက်သာအောင်ကြိုးစားခဲ့ပါတယ် ။ သူမဟာ Gym သို့ တစ်ပတ်လျှင် 3ရက်ခန့်အချိန်မှန်မှန် သွားရောက်ဆော့ကစားပြီး တစ်ရက်မှာတော့ သူမရဲ့နည်းပြကသူမကိုခြေထောက်နာသေးလားဆိုပြီးမေးမြန်းခဲ့ပါတယ် ။ ထိုအချိန်မှာမှ သူမနာကျင်မှုဒဏ်ကိုလုံးဝမခံစားရတော့ဘူးဆိုတာကို သတိထားမိခဲ့ပါတယ် ။
သူမရည်မှန်းချက်တွေပြည့်သွားခဲ့ပြီးနောက် သူမရဲ့နည်းပြဖြစ်သူ Park Young In ကသူမကိုကိုယ်ကာယအလှမယ်အနေနဲ့ လေ့ကျင့်ချင်လားဆိုပြီး မေးမြန်းခဲ့ပါတယ် ။ အဲ့တော့ Lim က ” နင်ရူးနေလား ၊ ငါ့အသက်ဘယ်လောက်ရှိနေပြီလဲဆိုတာကို သိရဲ့လား ” ဆိုပြီးပြန်လည်ပြောဆိုခဲ့ပါတယ် ။ Limရဲ့နည်းပြက ၎င်းကဲ့သို့အကြံဉာဏ်ပေးခဲ့ရခြင်းက သူမကိုပြိုင်ပွဲတွေမှာအနိုင်ရဖို့မဟုတ်ဘဲ သူမရဲ့စိတ်ဓာတ်တက်ကြွမှုကိုမြင့်တင်ပေးပြီး ပျော်ရွှင်မှုတွေကိုရရှိစေဖို့ဖြစ်ပါတယ် ။
သူမ ပထမဆုံးယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲမှာ သူမဟာ ခန္ဓာကိုယ်ပေါ်လွင်အောင် bikini ဝတ်ပြီး 15cm မြင့်တဲ့ဒေါက်ဖိနပ်မျိုးစီးရမယ်ဆိုတဲ့အတွက် အတော်လေးကိုစိတ်လှုပ်ရှားခဲ့ပြီး ၊ အတော်လေးကိုရှက်နေခဲ့ရပါတယ် ။ သူမရဲ့ ပထမဆုံးယှဉ်ပြိုင်တဲ့ပြိုင်ပွဲမှာ အနိုင်မရခဲ့ပေမဲ့ နောက်ပိုင်းသူမဟာစိတ်ဆုံးဖြတ်ချက်ချပြီး ကြိုးစားလေ့ကျင့်ခဲ့ပြီး ဒုတိယအခေါက်ယှဉ်ပြိုင်တဲ့ Senior Category (အသက် 35နှစ် နှင့်အထက်) ပြိုင်ပွဲမှာ ဒုတိယဆုရယူနိုင်ခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "Gym အမြဲသွားပြီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲတွေမှာပါ ဆုယူပြခဲ့တဲ့ အသက် 75 နှစ်အရွယ်အဘွားအို"
Leave a comment
Your email address will not be published.
*