‘အခ်စ္ကို ပိုက္ဆံေတြနဲ႔သာ ေဖာ္ျပေလ့ရွိတဲ့ဖခင္’ အေၾကာင္းကိုေဝမွ်ခဲ့တဲ့အမ်ိဳးသား

Matthew Zachary အမည္ရွိတဲ့အမ်ိဳးသားကေတာ့ သူ႔ရဲ႕ Facebook စာမ်က္ႏွာကေန ‘ ကြၽန္ေတာ္အေဖ ေျပာတဲ့အခ်စ္ဆိုတဲ့အရာက ပိုက္ဆံပါပဲ ၊ သူက ပိုက္ဆံကိုႀကိဳက္ႏွစ္သက္သူေတာ့ မဟုတ္ေပမဲ့ ၊ သူ႔ရဲ႕အခ်စ္ေတြကို ပိုက္ဆံနဲ႔ေဖာ္ျပေလ့ရွိတဲ့သူပါ ‘ ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။Matthew ငယ္႐ြယ္စဥ္အခ်ိန္က ဖခင္ျဖစ္သူဟာ အၿမဲအလုပ္ရႈပ္ေနခဲ့သူပါ ။ သို႔ေပမဲ့လည္း ဖခင္ျဖစ္သူက Matthew ကို ပိုက္ဆံေလာက္ရဲ႕လား ၊ မေလာက္ရင္ ထပ္ေပးေလ့ရွိတဲ့သူပါ ။ ငယ္႐ြယ္ေသးတဲ့အခ်ိန္ဆိုေတာ့ ပိုက္ဆံသုံးျဖဳန္းဖို႔ကိုသာ စိတ္ထဲေတြးပူေနတဲ့ Matthew ကေတာ့ ဖခင္စိတ္ကိုနားမလည္ခဲ့ပါဘူး ။ ေနာက္ပိုင္းတေျဖးေျဖးၾကာလာေတာ့ sandwiches ေလးနဲ႔ ႐ုံးသြားေလ့ရွိတဲ့ ဖခင္ကို Matthew က စၿပီး သေဘာေပါက္နားလည္ခဲ့ပါၿပီ ။ ဖခင္ျဖစ္သူက အလုပ္ကေန ပင္စင္ယူၿပီးရင္ Matthew ကို မုန႔္ဖိုးေတြတိတ္တဆိတ္ေပးၿပီး ‘ နင့္အေမကို မေျပာျပနဲ႔ ‘ ဆိုၿပီးေတာ့ေတာင္ မွာၾကားတတ္ပါေသးတယ္ ။

တစ္ေန႔ဖခင္ျဖစ္သူရဲ႕ အရင္လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက ဖခင္ျဖစ္သူထံစာေရးသားလာခဲ့ၿပီး ႐ုံးကသန႔္ရွင္းေရးဝန္ထမ္းအမ်ိဳးသမီးက သူ႔ေယာက်ၤားဆုံးသြားလို႔ ေငြေၾကးအေျမာက္အမ်ားေထာက္ပံ့ေပးခဲ့တဲ့ ဖခင္ျဖစ္သူကို ရွာေဖြေနေၾကာင္း စာေရးသားလာခဲ့ပါတယ္ ။ Matthew ရဲ႕ မိခင္သိသြားခဲ့ခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူက ‘ နင္က ဘဏ္လား ၊ ေစတနာ့ဝန္ထမ္းလား ‘ ဆိုၿပီး ဆူပူခဲ့ပါတယ္ ။

ဖခင္ျဖစ္သူက ငယ္႐ြယ္စဥ္ကတည္းက မိသားစုကိုေထာက္ပံ့ဖို႔ ေငြအေစာႀကီး ထြက္ရွာခဲ့ရတဲ့အျပင္ ၊ မက်န္းမမာျဖစ္ေနခဲ့တဲ့ အဘြားျဖစ္သူကိုလည္း အျခားေမာင္ႏွမေတြက မၾကည့္ရႈ၊ မေစာင့္ေရွာက္ခဲ့ၾကလို႔ ဖခင္ျဖစ္သူက အၿမဲေထာက္ပံ့ၾကည့္ရႈေပးၿပီး’ ဒါကသားတစ္ေယာက္ရဲ႕ဝတၱရားပဲ’ ဆိုၿပီး အၿမဲေျပာဆိုခဲ့တာပါ ။ သားေတြအေပၚ ခ်စ္ခင္ေၾကာင္း ပါးစပ္ကေနေျပာေလ့မရွိေပမဲ့ ပိုက္ဆံေတြေပးၿပီး ခ်စ္ေၾကာင္းျပသေလ့ရွိတဲ့ ဖခင္တစ္ဦးျဖစ္ေၾကာင္း Matthew ကေဝမွ်သြားခဲ့ပါတယ္ ။

1

Mia (Mckzone Daily)

Source : worldofbuzz

Unicode

Matthew Zachary အမည်ရှိတဲ့အမျိုးသားကတော့ သူ့ရဲ့ Facebook စာမျက်နှာကနေ ‘ ကျွန်တော်အဖေ ပြောတဲ့အချစ်ဆိုတဲ့အရာက ပိုက်ဆံပါပဲ ၊ သူက ပိုက်ဆံကိုကြိုက်နှစ်သက်သူတော့ မဟုတ်ပေမဲ့ ၊ သူ့ရဲ့အချစ်တွေကို ပိုက်ဆံနဲ့ဖော်ပြလေ့ရှိတဲ့သူပါ ‘ ဆိုပြီး ရေးသားထားခဲ့ပါတယ် ။Matthew ငယ်ရွယ်စဉ်အချိန်က ဖခင်ဖြစ်သူဟာ အမြဲအလုပ်ရှုပ်နေခဲ့သူပါ ။

တစ်နေ့ဖခင်ဖြစ်သူရဲ့ အရင်လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဖခင်ဖြစ်သူထံစာရေးသားလာခဲ့ပြီး ရုံးကသန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးက သူ့ယောင်္ကျားဆုံးသွားလို့ ငွေကြေးအမြောက်အများထောက်ပံ့ပေးခဲ့တဲ့ ဖခင်ဖြစ်သူကို ရှာဖွေနေကြောင်း စာရေးသားလာခဲ့ပါတယ် ။ Matthew ရဲ့ မိခင်သိသွားခဲ့ချိန်မှာတော့ ခင်ပွန်းဖြစ်သူက ‘ နင်က ဘဏ်လား ၊ စေတနာ့ဝန်ထမ်းလား ‘ ဆိုပြီး ဆူပူခဲ့ပါတယ် ။

ဖခင်ဖြစ်သူက ငယ်ရွယ်စဉ်ကတည်းက မိသားစုကိုထောက်ပံ့ဖို့ ငွေအစောကြီး ထွက်ရှာခဲ့ရတဲ့အပြင် ၊ မကျန်းမမာဖြစ်နေခဲ့တဲ့ အဘွားဖြစ်သူကိုလည်း အခြားမောင်နှမတွေက မကြည့်ရှု၊ မစောင့်ရှောက်ခဲ့ကြလို့ ဖခင်ဖြစ်သူက အမြဲထောက်ပံ့ကြည့်ရှုပေးပြီး’ ဒါကသားတစ်ယောက်ရဲ့ဝတ္တရားပဲ’ ဆိုပြီး အမြဲပြောဆိုခဲ့တာပါ ။

Mia (Mckzone Daily)

  • Leave a Comment