ေလေကာင္းေလသန္႔ရႈရႈိက္ႏိုင္ဖို႔ 500mlေလပုလင္းဘူးေတြကို စတင္ေရာင္းခ်ေနတဲ့ ကုမၸဏီ

၂၀၂၀ ခုႏွစ္ဟာ ႀကိဳတင္ျပင္ဆင္ထားျခင္းမရွိတဲ့ကပ္ေရာဂါေၾကာင့္ ကမာၻႀကီးရပ္တန္႔သြားတဲ့အတိုင္းျဖစ္ခဲ့ရသလို လူတိုင္းအတြက္ အခက္ခဲဆုံးႏွစ္တစ္ႏွစ္လို ဆိုရမွာပါ။ကပ္ဆိုးႀကီးေၾကာင့္ ေလေကာင္းေလသန္႔မရႈႏိုင္လို႔ UK ႏိုင္ငံရွိ ကုမၸဏီတစ္ခုကေတာ့ စီးပြါးေရးဆန္ဆန္နဲ႔ လတ္ဆတ္တဲ့ေလေတြပါဝင္တဲ့ပုလင္းဆိုၿပီး ထုတ္ကုန္အသစ္တစ္ခုကို ထုတ္လုပ္ခဲ့ပါတယ္။UK အေျခစိုက္ ျပန္လည္ေနရာခ်ထားေရးဝန္ေဆာင္မႈ website တစ္ခုျဖစ္တဲ့ My Baggage ရဲ႕ေနာက္ဆုံး ၎ထုတ္ကုန္ကို ‘Fresh Bottled British Air’ လို႔ေခၚၿပီး ၅၀၀ ml ပုလင္းတစ္လုံးကို ေပါင္ ၂၅ ( ၄၆,၅၀၀ က်ပ္) ျဖင့္ ေရာင္းခ်ပါတယ္။အဆိုပါေလပုလင္းေတြက အိမ္မွာဘဲေနရၿပီး လတ္ဆတ္တဲ့ေလကို ျပန္ရႈရႈိက္ခ်င္ၾကတဲ့ ျပည္သူေတြအတြက္ အထူးထုတ္လုပ္ထားတာပါ။

အဆိုပါေလပုလင္းေတြကို အဂၤလန္ ၊ စေကာ့တလန္ ၊ ေဝလနယ္ နဲ႔ ေျမာက္အိုင္ယာလန္ ႏိုင္ငံတို႔ကလည္း ေရာင္းခ်ဖို႔ ကမ္းလွမ္းခဲ့ၾကပါတယ္။ဝန္ထမ္းေတြက Nottingham ၿမိဳ႕ ၊ ကုန္းျမင့္ေဒသ ၊ Snowdonia နဲ႔ အိုင္ယာလန္နယ္စပ္အနီး လယ္ကြင္းမ်ားရွိ ေလေကာင္းေလသန္႔ေတြကို ဖမ္းယူခဲ့ၿပီး ေသခ်ာစြာ စမ္းသပ္ၿပီးမွ ထုတ္လုပ္ထားၿပီး London Underground နဲ႔ Fish and chips ဆိုတဲ့ႏွစ္မ်ိဳးကိုေတာ့ Limited edition အေနနဲ႔ ထုတ္လုပ္ေၾကာင္း ဆိုထားပါတယ္။

ကုမၸဏီရဲ႕စီမံခန္႔ခြဲမႈ ဒါ႐ိုက္တာ Paul Stewart က ‘ ကြၽန္ေတာ္တို႔ရဲ႕အနံ႔ခံအာ႐ုံက စိတ္ခံစားမႈဆိုင္ရာနဲ႔ဆက္စပ္ေနတာကို သိၾကမွာပါ ၊ ယခုႏွစ္အတြင္း ျပည္သူအခ်ိဳ႕က အိမ္ျပန္လာဖို႔အခက္ေတြ႕ၾကရတယ္ ၊ အဲ့ဒီအတြက္ေၾကာင့္ သူတို႔လည္း အိမ္ကိုအလြမ္းေျပသြားေစဖို႔ အခုလို ထုတ္လုပ္ခဲ့တာပါ’ လို႔ဆိုခဲ့ပါတယ္။၎ထုတ္ကုန္ဟာ ဝယ္လိုအားအလြန္ျမင့္မားေနၿပီး လက္ရွိ သူတို႔ရဲ႕ website မွာ အမ်ိဳးအစားကြဲတဲ့ပစၥည္းေတြက out of stock ေတြေတာ္ေတာ္မ်ားမ်ားျဖစ္ေနပါတယ္။၎ထုတ္ကုန္ကိုလည္း လူအမ်ားက အျပဳသေဘာေဆာင္တဲ့ မွတ္ခ်က္ေတြေပးေနခဲ့ၾကပါတယ္။ကိုဗစ္လုပ္လိုက္ေတာ့မွဘဲ ေလေတြေတာင္ ဝယ္ရႈရေတာ့မွာေပါ့ဗ်ာ ။ စာဖတ္သူတို႔ေကာ အဆိုပါထုတ္ကုန္ကို ဘယ္လိုထင္ျမင္မိပါသလဲ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

၂၀၂၀ ခုနှစ်ဟာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ကပ်ရောဂါကြောင့် ကမ္ဘာကြီးရပ်တန့်သွားတဲ့အတိုင်းဖြစ်ခဲ့ရသလို လူတိုင်းအတွက် အခက်ခဲဆုံးနှစ်တစ်နှစ်လို ဆိုရမှာပါ။ကပ်ဆိုးကြီးကြောင့် လေကောင်းလေသန့်မရှုနိုင်လို့ UK နိုင်ငံရှိ ကုမ္ပဏီတစ်ခုကတော့ စီးပွါးရေးဆန်ဆန်နဲ့ လတ်ဆတ်တဲ့လေတွေပါဝင်တဲ့ပုလင်းဆိုပြီး ထုတ်ကုန်အသစ်တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။

အဆိုပါလေပုလင်းတွေကို အင်္ဂလန် ၊ စကော့တလန် ၊ ဝေလနယ် နဲ့ မြောက်အိုင်ယာလန် နိုင်ငံတို့ကလည်း ရောင်းချဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ဝန်ထမ်းတွေက Nottingham မြို့ ၊ ကုန်းမြင့်ဒေသ ၊ Snowdonia နဲ့ အိုင်ယာလန်နယ်စပ်အနီး လယ်ကွင်းများရှိ လေကောင်းလေသန့်တွေကို ဖမ်းယူခဲ့ပြီး သေချာစွာ စမ်းသပ်ပြီးမှ ထုတ်လုပ်ထားပြီး London Underground နဲ့ Fish and chips ဆိုတဲ့နှစ်မျိုးကိုတော့ Limited edition အနေနဲ့ ထုတ်လုပ်ကြောင်း ဆိုထားပါတယ်။

ကုမ္ပဏီရဲ့စီမံခန့်ခွဲမှု ဒါရိုက်တာ Paul Stewart က ‘ ကျွန်တော်တို့ရဲ့အနံ့ခံအာရုံက စိတ်ခံစားမှုဆိုင်ရာနဲ့ဆက်စပ်နေတာကို သိကြမှာပါ ၊ ယခုနှစ်အတွင်း ပြည်သူအချို့က အိမ်ပြန်လာဖို့အခက်တွေ့ကြရတယ် ၊ အဲ့ဒီအတွက်ကြောင့် သူတို့လည်း အိမ်ကိုအလွမ်းပြေသွားစေဖို့ အခုလို ထုတ်လုပ်ခဲ့တာပါ’ လို့ဆိုခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment