သခင်ဝယ်ပေးတဲ့ ခရစ္စမတ်လက်ဆောင်နဲ့ ဂျင်းထည့်ခံလိုက်ရတဲ့ ခွေးလေးရဲ့အဖြစ်


1

2

3

4

Mia (Mckzone Daily)

Source : Woof Woof

Unicode

အခုဖော်ပြမဲ့ ခွေးလေးကတော့ သခင်ငယ်လေးရဲ့ ဂျင်းထည့်တာခံလိုက်ရပုံပါဘဲ ။ ခွေးလေးတွေက ဘောလုံးလိုက်ကောက်ရတဲ့ကစားနည်းကို ကြိုက်ကြပါတယ်။အခုလည်း ဒီခွေးလေးကတော့ ပျော်ပျော်ကြီး ကမ်းခြေမှာ သခင်ဝယ်ပေးလိုက်တဲ့ ခရစ္စမတ်လက်ဆောင်ဘောလုံးလေးနဲ့ လိုက်ကောက်တန်းကစားနေခဲ့ပေမဲ့ လူ့သွားပုံနဲ့ဘောလုံးကို သူကိုက်လိုက်တာကလည်း သူ့ပါးစပ်နဲ့အံ့ကိုက်ဖြစ်နေတော့ သွားကြီးနဲ့ ရယ်နေတဲ့ပုံလို ဖြစ်သွားခဲ့ပါတယ် ။ပုံကြည့်ရင် သူ့ပုံစံကလည်း အတော်လေး ရယ်စရာကောင်းနေပါတယ် ။ အဆိုပါဓာတ်ပုံတွေကို ခွေးလေးရဲ့ သခင်မလေးရဲ့ အစ်မဖြစ်သူက ‘ ဒီတော့ ငါ့ညီမလေးက ခရစ္စမတ်အတွက် သူ့ခွေးလေးကို ဘောလုံးအသစ်တစ်လုံး ဝယ်ပေးခဲ့တယ်ပေါ့လေ’ ဆိုတဲ့ caption နဲ့ Twitter မှာ မျှဝေခဲ့တာပါ ။

Mia (Mckzone Daily)

  • Leave a Comment