လေဆင်နှာမောင်းအရက်သောက်နည်းကြောင့် ‘Twitter King ’လို့ အမည်တွင်သွားခဲ့တဲ့ အမျိုးသား
1
2
Mia (Mckzone Daily)
Source : ladbible
Unicode
လူတော်တော်များများက အချိုရည်ကိုတောင် ခက်ခက်ခဲခဲသောက်နေရချိန်မှာ တရုတ်နိုင်ငံရှိ အသက် ၃၄နှစ်အရွယ် Hebei Pangzai လို့လူသိများပြီး သူ့ရဲ့ လေဆင်နှာမောင်းပုံစံအရက်သောက်နည်းကြောင့် ‘ Twitter King ‘ လို့အများခေါ်တဲ့ ဒီအမျိုးသားကတော့ ပုလင်းကို စက်ဝိုင်းပုံလှုပ်ပြီး ပုလင်းထဲလေဆင်နှာမောင်းပုံပေါ်အောင် ပါးစပ်ထဲကို တစ်ကျိုက်တည်းသောက်ပြခဲ့ပါတယ်။ ထို့အပြင် Hebei က ပုလင်းတွေကို ပုံမှန်ဖောက်နေကျ့အတိုင်း မဟုတ်ဘဲ သူ့ရှေ့က ပစ္စည်းတွေနဲ့ ရအောင်ဖောက်တတ်ပါသေးတယ်။ Hebei ဟာ Twitter မှာ followers 134k အထိရှိပြီး သူ့ကိုယ်သူ ‘လေဆင်နှာမောင်းအရက်သောက်ခြင်းတီထွင်သူ’လို့လည်း ဖော်ပြထားပါတယ်။
အဆိုပါ လေဆင်နှာမောင်းအရက်သောက်နည်း ဗီဒီယိုကို သူ့အမာခံပရိသတ်များက ‘ အိုး အရမ်းမိုက်တဲ့ဗီဒီယို King ဘဲ’ ၊ ‘ ဘုရားက သူထိုက်တန်တဲ့ဆုကို ပေးလိုက်တာဘဲ’ ၊ စတဲ့ ချီးကျူးစကားတွေ ဆိုခဲ့ကြပြီး အချို့ကလည်း ‘ ငါ မင်းအရက်လျော့သောက်သင့်တယ်လို့ ထင်တယ်’ ၊ ‘ မင်းရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ မမေ့ပါနဲ့ ‘ စသဖြင့် သူ့ကျန်းမာရေးကို စိုးရိမ်နေကြသူတွေလည်း ရှိနေခဲ့ပါတယ်။
Mia (Mckzone Daily)
  • Leave a Comment