ကျောင်းဝန်းထဲမှာ ဆေးလိပ်သောက်နေခဲ့လို့ဆူဆဲမိခဲ့တဲ့ ကျောင်းဆရာကိုဓားဖြင့်ထိုးသတ်ခဲ့တဲ့ကျောင်းသား (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဆရာတိုင်းကတော့ ကျောင်းဝန်ထဲမှာကျောင်းသားတွေ ဆေးလိပ်သောက်တာမြင်ရင်တော့ အမြဲလိုလိုဆူဆဲမိကြမှာပါပဲ ။ သို့ပေမဲ့လည်း ဆူဆဲခဲ့တဲ့ဆရာကိုစိတ်ဆိုးလို့ဓားနဲ့ ထိုးသတ်ခဲ့တဲ့ကျောင်းသားမျိုးကိုတော့ မမြင်ဖူး ၊ မတွေ့ဖူးသေးပါဘူး ။ ဒီအဖြစ်အပျက်ကတော့ အင်ဒိုနီရှားနိုင်ငံ ၊ Manado မြို့မှာရှိတဲ့ စာသင်ကျောင်းတစ်ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ 21 ရက်နေ့ကဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ ကျောင်းသားနှစ်ဦးဟာ ကျောင်းဝန်းထဲမှာ ပန်းပင်စိုက်ပျိုးဖို့အတွက်တာဝန်ကျခဲ့တာပါ ။

ထို့နောက် ပန်းပင်များစိုက်ပျိုးပြီးနောက် အဆိုပါ 16နှစ်အရွယ်ကျောင်းသားနှစ်ဦးဟာ ကျောင်းဝန်းထဲမှာထိုင်ပြီး ဆေးလိပ်သောက်နေခဲ့ကြပါတယ် ။ ကျောင်းဝန်းထဲမှာ ဆေးလိပ်သောက်လို့မရဘူးဆိုပြီး အမိန့်ထုတ်ထားခဲ့ပေမဲ့လည်း ဆေးလိပ်သောက်နေသည်ကို အသက် 54နှစ်အရွယ် Alexander Valentino Weru Pangkey ကျောင်းဆရာမှာ မြင်၍ဆူဆဲခဲ့ပြီး ကျောင်းသားတစ်ယောက်ကိုအိမ်ပြန်ဖို့အမိန့်ပေးခဲ့ပါတယ် ။

ထို့နောက်အဆိုပါကျောင်းသားဟာ နေအိမ်သို့ပြန်ပြီးနောက် ဓားပြန်ယူခဲ့ပြီးကျောင်းသို့ပြန်ရောက်လာကာ ဆရာဖြစ်သူကိုရန်ငြိုးဖြင့် 12 ကြိမ်တိတိထားဖြင့်ထိုးသတ်ခဲ့ပါတယ် ။ ဓားဖြင့်ထိုးခံရပြီးနောက် ဆရာဖြစ်သူဟာအနီးအနားဝန်းကျင်ရှိကျောင်းသားများ ၊ ဆရာမများကို လမ်းလျှောက်သွားပြီး အော်ဟစ်အကူအညီတောင်းခံခဲ့ပါသေးတယ် ။ ထို့နောက် အဆိုပါကျောင်းဆရာကိုဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ပေမဲ့လည်း အခင်းဖြစ်ပျက်ခဲ့သည့်ညနေခင်းမှာပဲ ဆရာဖြစ်သူမှာအသက်သေဆုံးသွားခဲ့ရပါတယ် ။ အဆိုပါ အခင်းဖြစ်ပွားရာ Video ကိုတော့ကျောင်းဝန်းထဲရှိရပ်ကြည့်နေခဲ့သည့် ကျောင်းသားတစ်ဦးက ရိုက်ယူထားခဲ့တာဖြစ်ပါတယ် ။ ယခုချိန်မှာတော့ အဆိုပါပြစ်မှုကျူ းလွန်ခဲ့သည့်ကျောင်းသားမှာ ထောင်ဒဏ် နှစ် 20 ချမှတ်ခြင်းခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကျောင်းဝန်းထဲမှာ ဆေးလိပ်သောက်နေခဲ့လို့ဆူဆဲမိခဲ့တဲ့ ကျောင်းဆရာကိုဓားဖြင့်ထိုးသတ်ခဲ့တဲ့ကျောင်းသား (ရုပ်သံ)"

Leave a comment

Your email address will not be published.


*