စိတ္ရွည္စြာ အိမ္ေမြးဧရာမလိပ္ႀကီးနဲ႔အတူ ေအးေဆးလမ္းေလွ်ာက္ထြက္ေနခဲ့တဲ့ ဦးေလးတစ္ဦး

အိမ္ေမြးတိရိစာၦန္ေတြက ကြၽန္ေတာ္တို႔အိမ္အတြက္ ေပ်ာ္႐ႊင္ေစ႐ုံသာမက မိသားစုဝင္တစ္ေယာက္လိုလည္း ျဖစ္ေနပါတယ္။အိမ္ေမြးတိရိစာၦန္တစ္ေကာင္အား ေမြးျမဴထားျခင္းက ေပါ့ေပါ့တန္တန္မဟုတ္တဲ့ ႀကီးမားတဲ့တာဝန္တစ္ခုပါ။လူေတာ္ေတာ္မ်ားမ်ားက ေၾကာင္ႏွင့္ေခြးကို ပိုေမြးတတ္ၾကၿပီး သူတို႔ ခ်စ္တဲ့အိမ္ေမြးတိရိစာၦန္ေလးမ်ားႏွင့္အတူ လမ္းေပၚထြက္ အတူတူလမ္းေလွ်ာက္ရတာကိုလည္း ႏွစ္သက္ၾကပါတယ္။သို႔ေပမဲ့ ဦးေလးတစ္ေယာက္ကေတာ့ သူ႔ရဲ႕တစ္ေန႔တာ အႀကီးမားဆုံးစိန္ေခၚမႈအတြက္ သူ႔အိမ္ေမြးဧရာမလိပ္ႀကီးႏွင့္အတူ လမ္းေလွ်ာက္ထြက္ေနပုံကို Twitter အသုံးျပဳသူ @AbangCJ က ျမင္လိုက္ေတာ့ ဦးေလးႀကီးႏွင့္အတူ ေၾကာက္လန႔္ဖြယ္ေကာင္းတဲ့ ဧရာမလိပ္ တို႔ရဲ႕ ေအးေဆးလမ္းေလွ်ာက္ေနတဲ့ဓာတ္ပုံႏွစ္ပုံကို social မွာ ေဝမွ်ေပးခဲ့တာပါ။ပုံမွာ အဆိုပါဦးေလးႀကီးက စိတ္ရွည္ သည္းခံစြာနဲ႔ ဧရာမလိပ္ႏွင့္အတူ လမ္းေလွ်ာက္ေနခဲ့ၿပီး လိပ္ႀကီး အေဝးမသြားေစဖို႔ ႀကိဳးေလးနဲ႔ပါ ခ်ည္ထားေပးလိုက္ပါေသးတယ္။

တစ္ေန႔တာ လမ္းေပၚမွာ လိပ္တစ္ေကာင္ေ႐ြ႕လ်ားတာကို ေစာင့္ေနရတဲ့အလုပ္က မလြယ္ကူပါဘူး။ထူးျခားဆန္းျပားတဲ့တိရိစာၦန္ပိုင္ဆိုင္ထားျခင္းက တရားဥပေဒနဲ႔ညီၫြတ္လား ၊ မညီညတ္လားဆိုတာကို ကြၽန္ေတာ္တို႔လည္း ေသခ်ာမသိ​ေပမဲ့ ဦးေလးႀကီးကေတာ့ လိပ္ႀကီးကို အေတာ္ေလးခ်စ္ပုံရပါတယ္။ဦးေလးႀကီးကို ၾကည့္ရင္ အိမ္ေမြးတိရိစာၦန္တစ္ေကာင္အား ျပဳစုေစာင့္ေရွာက္ျခင္းက အလြန္စိတ္ရွည္ဖို႔လိုေၾကာင္းကို သက္ေသျပေနသလိုပါဘဲ။ဦးေလးႀကီးလို စိတ္မရွည္ႏိုင္ဘဲ အိမ္ေမြးတိရိစာၦန္ေလးေတြကို ႐ုတ္တရက္စိတ္ကူးထေပါက္မွ ေမြးစားျခင္းက အရမ္းခက္ခဲပင္ပန္းေစတာမို႔ ဆုံးျဖတ္ခ်က္မခ်ခင္ ေသခ်ာစြာ စဥ္းစားၿပီးမွ ေမြးသင့္ပါတယ္ဗ်ာ။

1

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အိမ်မွေးတိရိစ္ဆာန်တွေက ကျွန်တော်တို့အိမ်အတွက် ပျော်ရွှင်စေရုံသာမက မိသားစုဝင်တစ်ယောက်လိုလည်း ဖြစ်နေပါတယ်။အိမ်မွေးတိရိစ္ဆာန်တစ်ကောင်အား မွေးမြူထားခြင်းက ပေါ့ပေါ့တန်တန်မဟုတ်တဲ့ ကြီးမားတဲ့တာဝန်တစ်ခုပါ။လူတော်တော်များများက ကြောင်နှင့်ခွေးကို ပိုမွေးတတ်ကြပြီး သူတို့ ချစ်တဲ့အိမ်မွေးတိရိစ္ဆာန်လေးများနှင့်အတူ လမ်းပေါ်ထွက် အတူတူလမ်းလျှောက်ရတာကိုလည်း နှစ်သက်ကြပါတယ်။သို့ပေမဲ့ ဦးလေးတစ်ယောက်ကတော့ သူ့ရဲ့တစ်နေ့တာ အကြီးမားဆုံးစိန်ခေါ်မှုအတွက် သူ့အိမ်မွေးဧရာမလိပ်ကြီးနှင့်အတူ လမ်းလျှောက်ထွက်နေပုံကို Twitter အသုံးပြုသူ @AbangCJ က မြင်လိုက်တော့ ဦးလေးကြီးနှင့်အတူ ကြောက်လန့်ဖွယ်ကောင်းတဲ့ ဧရာမလိပ် တို့ရဲ့ အေးဆေးလမ်းလျှောက်နေတဲ့ဓာတ်ပုံနှစ်ပုံကို social မှာ ဝေမျှပေးခဲ့တာပါ။

တစ်နေ့တာ လမ်းပေါ်မှာ လိပ်တစ်ကောင်ရွေ့လျားတာကို စောင့်နေရတဲ့အလုပ်က မလွယ်ကူပါဘူး။ထူးခြားဆန်းပြားတဲ့တိရိစ္ဆာန်ပိုင်ဆိုင်ထားခြင်းက တရားဥပဒေနဲ့ညီညွတ်လား ၊ မညီညတ်လားဆိုတာကို ကျွန်တော်တို့လည်း သေချာမသိ​ပေမဲ့ ဦးလေးကြီးကတော့ လိပ်ကြီးကို အတော်လေးချစ်ပုံရပါတယ်။ဦးလေးကြီးကို ကြည့်ရင် အိမ်မွေးတိရိစ္ဆာန်တစ်ကောင်အား ပြုစုစောင့်ရှောက်ခြင်းက အလွန်စိတ်ရှည်ဖို့လိုကြောင်းကို သက်သေပြနေသလိုပါဘဲ။

Mia (Mckzone Daily)

  • Leave a Comment