ဆင္းရဲေပမဲ့ သားေလးမ်က္ႏွာမငယ္ေအာင္ ကိုယ္တိုင္လက္လုပ္ လြယ္အိတ္ေလးနဲ႔ ေက်ာင္းတက္ေစခဲ့တဲ့ ဖခင္

ကေမာၻဒီးယားႏိုင္ငံဟာ လူအမ်ားစုမွ မိမိတို႔ရဲ႕သားသမီးေတြကို ေက်ာင္းမပို႔ႏိုင္တဲ့ႏိုင္ငံေတြထဲမွ တစ္ခုအပါအဝင္ပါ ။ မိဘေတြက သူတို႔သားသမီးေတြကို ပညာလက္ေဆာင္တစ္ခုေပးႏိုင္ဖို႔ တတ္ႏိုင္သမွ် ႐ုန္းကန္ ပံ့ပိုးေပးၾကရပါတယ္။ကေမာၻဒီးယားႏိုင္ငံရဲ႕ ေက်ာင္းသုံးပစၥည္းေတြက သာမန္လူတန္းစားေတြအတြက္ ေစ်းႀကီးေနတာမို႔ အသုံးေငြေလ်ာ့ခ်ႏိုင္ဖို႔ ဆင္းရဲႏြမ္းပါးတဲ့လယ္သမားဖခင္တစ္ဦးက သားျဖစ္သူအတြက္ handmade ေက်ာပိုးအိတ္ေလး ျပဳလုပ္ေပးခဲ့ပါတယ္။အတန္းပိုင္ဆရာမျဖစ္တဲ့ Sophous Suon က အျပာေရာင္ဇာတိအိတ္ကို လြယ္ထားတဲ့ အသက္ ၅ႏွစ္အ႐ြယ္ Keng အမည္ရွိတဲ့အဆိုပါလယ္သမားရဲ႕သားကို သတိထားမိသြားခဲ့ပါတယ္။အဆိုပါ ေက်ာပိုးအိတ္ေလးက ႂကြတ္ႂကြတ္ႀကိဳးနဲ႔က်စ္ထားတာပါ။

အနက္ေရာင္ႀကိဳးေတြကို ေနာက္ေက်ာမွာ ခ်ိတ္ထားၿပီး အိတ္ရဲ႕ေရွ႕ဖက္က ဖြင့္ပိတ္လုပ္ႏိုင္ေအာင္လည္း တပ္ဆင္ထားပါေသးတယ္။Suon က ေက်ာပိုးအိတ္ေနာက္ကြယ္က တီထြင္သူကို ေလးစားမိခဲ့ကာ အဆိုပါအိတ္ကို ဓာတ္ပုံ႐ိုက္ၿပီး social မွာ “ လူေတြက ဒီေက်ာပိုးအိတ္ကို သေဘာက်ၾကတယ္ ၊ အေဖ့ရဲ႕ခ်စ္ျခင္းေမတၱာဘဲ ၊ ငါ ဒီအိတ္ကို ႀကိဳက္တယ္” လို႔ ေဝမွ်ေပးခဲ့ပါတယ္။သူမက ေက်ာပိုးအိတ္တစ္လုံးက သူတို႔မွာ ေဒၚလာ ၇ ( ၉,၀၀၀ ေက်ာ္) အထိရွိၿပီး ၎က လူအမ်ားစုအတြက္ မဆိုစေလာက္ေလး ဆိုေပမဲ့ Keng နဲ႔ သူ႔မိသားစုကဲ့သို႔ေသာ သာမန္လူေတြအတြက္ကေတာ့ ၎က အစားအစာ နဲ႔ အျခားပစၥည္းမ်ားကို ရွင္သန္ရန္အတြက္ဘဲ ေငြျဖဳန္းလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

ဓာတ္ပုံပ်ံ႕ႏွံ႔သြားခဲ့ၿပီး မၾကာေတာ့ Suon က ကေလးကို ေထာက္ပံ့ေပးမယ့္ သူစိမ္းေတြထံမွ မက္ေဆ့ခ်္မ်ားစြာ လက္ခံရရွိခဲ့ပါတယ္။Suon က “ႏိုင္ငံျခားသားအခ်ိဳ႕က သူ႔ကိုအိတ္ပို႔ေပးဖို႔ ေတာင္းဆိုခဲ့ၾကတယ္ ၊ ေက်ာင္းအုပ္ကလည္း သူတို႔ပို႔ေပးလို႔ရမယ့္ လိပ္စာကို ျပန္ပို႔ေပးလိုက္ၿပီ” လို႔ မွ်ေဝေပးခဲ့ပါေသးတယ္။ေက်ာပိုးအိတ္ကို ၾကည့္ရင္ေတာ့ လယ္သမားရဲ႕ သားေလးအေပၚထားတဲ့ခ်စ္ျခင္းေမတၱာက ႀကီးမားလြန္းတာကို ခံစားမိၾကမွပါ။

1

2

3

4

Mia (Mckzone Daily)

Source : elitereaders

Unicode

ကမ္ဘောဒီးယားနိုင်ငံဟာ လူအများစုမှ မိမိတို့ရဲ့သားသမီးတွေကို ကျောင်းမပို့နိုင်တဲ့နိုင်ငံတွေထဲမှ တစ်ခုအပါအဝင်ပါ ။ မိဘတွေက သူတို့သားသမီးတွေကို ပညာလက်ဆောင်တစ်ခုပေးနိုင်ဖို့ တတ်နိုင်သမျှ ရုန်းကန် ပံ့ပိုးပေးကြရပါတယ်။ကမ္ဘောဒီးယားနိုင်ငံရဲ့ ကျောင်းသုံးပစ္စည်းတွေက သာမန်လူတန်းစားတွေအတွက် ဈေးကြီးနေတာမို့ အသုံးငွေလျော့ချနိုင်ဖို့ ဆင်းရဲနွမ်းပါးတဲ့လယ်သမားဖခင်တစ်ဦးက သားဖြစ်သူအတွက် handmade ကျောပိုးအိတ်လေး ပြုလုပ်ပေးခဲ့ပါတယ်။

အနက်ရောင်ကြိုးတွေကို နောက်ကျောမှာ ချိတ်ထားပြီး အိတ်ရဲ့ရှေ့ဖက်က ဖွင့်ပိတ်လုပ်နိုင်အောင်လည်း တပ်ဆင်ထားပါသေးတယ်။Suon က ကျောပိုးအိတ်နောက်ကွယ်က တီထွင်သူကို လေးစားမိခဲ့ကာ အဆိုပါအိတ်ကို ဓာတ်ပုံရိုက်ပြီး social မှာ “ လူတွေက ဒီကျောပိုးအိတ်ကို သဘောကျကြတယ် ၊ အဖေ့ရဲ့ချစ်ခြင်းမေတ္တာဘဲ ၊ ငါ ဒီအိတ်ကို ကြိုက်တယ်” လို့ ဝေမျှပေးခဲ့ပါတယ်။

ဓာတ်ပုံပျံ့နှံ့သွားခဲ့ပြီး မကြာတော့ Suon က ကလေးကို ထောက်ပံ့ပေးမယ့် သူစိမ်းတွေထံမှ မက်ဆေ့ချ်များစွာ လက်ခံရရှိခဲ့ပါတယ်။Suon က “နိုင်ငံခြားသားအချို့က သူ့ကိုအိတ်ပို့ပေးဖို့ တောင်းဆိုခဲ့ကြတယ် ၊ ကျောင်းအုပ်ကလည်း သူတို့ပို့ပေးလို့ရမယ့် လိပ်စာကို ပြန်ပို့ပေးလိုက်ပြီ” လို့ မျှဝေပေးခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment