လိင်အင်္ဂါထဲသို့ လက်ချောင်းအရွယ်ကော်ပြွန်ချောင်း 47ချောင်းထိုးထည့်ခဲ့မိလို့ ဒုက္ခရောက်ခဲ့ရတဲ့အမျိုးသား




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံက အသက် 69နှစ်အရွယ်အမျိုးသားဟာ သူ၏ဆီးလမ်းကြောင်းကနေ ပလပ်စတစ်ပြွန်ချောင်း 47ချောင်းထိုးသွင်းခဲ့လို့ ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ် ။ ထို့အပြင် အဆိုပါပလပ်စတစ်ပြွန်ချောင်းလေးရဲ့အရှည်ဟာ 6cm ခန့်ရှိကြောင်းသိရှိရပါတယ် ။ အဆိုပြွန်ချောင်းလေးတွေကို မထုတ်နိုင်သေးခဲ့တဲ့အချိန်မှာတော့ အမျိုးသားဟာ ဆီးသွားတိုင်း အတော်လေးကိုနာကျင်ခဲ့ရပြီး အတော်လေးဒုက္ခရောက်ခဲ့ပါတယ် ။ ထို့နောက် ဆရာဝန်အား သွားပြသပြီး CT scan ရိုက်ကူးခဲ့ချိန်မှာတော့ အဆိုပါအမျိုးသား၏ ဆီးအိမ်ထဲမှာထူးဆန်းတဲ့ အရာဝတ္ထု အချောင်းလေးတွေ ခံနေခဲ့လို့ ဆရာဝန်ဟာ အတော်လေးကို ထိတ်လန့်သွားခဲ့ရပါတယ် ။

ခွဲစိတ်မှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ 22ရက်နေ့ကပြုလုပ်ခဲ့ပြီး ၊ ဆီးလမ်းကြောင်းကနေ အဆိုပါပလပ်စတစ်ပြွန်ချောင်းလေးကို ပြန်ထုတ်ယူဖို့က မဖြစ်နိုင်တဲ့အတွက်ကြောင့် ခွဲပြီးပြန်ထုတ်ယူခဲ့ရကြောင်း ဆရာဝန်ကပြောဆိုခဲ့ပါတယ် ။ ၎င်းပြွန်ချောင်း 47 ချောင်းကိုထုတ်ယူနိုင်ခဲ့ပြီးနောက် အဆိုပါပြွန်ချောင်းများမှာ အစွန်းဖက်အဖျားကိုချောမွေ့သွားအောင် မီးဖြင့်လောင်မြိတ်ထားပြီး ချောချောချူ ချူ ဝင်သွားအောင် ပြုလုပ်ထားခဲ့တာဖြစ်ကြောင်း ဆရာဝန်များက သုံးသပ်ခဲ့ပါတယ် ။

ထို့အပြင်အဆိုပါ အမျိုးသားဟာ မကြာသေးခင်ကမှ ကွာရှင်းထားခဲ့တာဖြစ်ပြီး ၊ အဆိုပါပြွန်ချောင်းကို လိင်အင်္ဂါထဲသို့ထိုးသွင်းပြီး လိင်စိတ်နှိုးဆပေးတာကို စူးစမ်းလို၍ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ဆရာဝန်က ဆီးလမ်းကြောင်းအတွင်းသို့ ပစ္စည်းများထိုးသွင်းပြီး လိင်စိတ်နှိုးဆွအောင်ပြုလုပ်ခြင်းမျိုးက ဆီးလမ်းကြောင်းရောဂါပိုးကူးစက်ခြင်း ၊ ဆီးအိမ်ရောင်ရမ်းခြင်း နှင့် ကျောက်ကပ်ကိုထိခိုက်ယိုယွင်းစေခြင်းစတဲ့ အသက်အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေမျိုးအထိရောက်သွားနိုင်ကြောင်း သတိပေးပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လိင်အင်္ဂါထဲသို့ လက်ချောင်းအရွယ်ကော်ပြွန်ချောင်း 47ချောင်းထိုးထည့်ခဲ့မိလို့ ဒုက္ခရောက်ခဲ့ရတဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*