ခ်မ္းေအးလြန္းလို႔ မိသားစုတစ္စုရဲ႕အိမ္ေအာက္မွာ ခိုးဝင္အိပ္ေနခဲ့တဲ့ ဧရာမဝက္ဝံႀကီး(႐ုပ္သံ)

ယခုလအေစာပိုင္းေလာက္က California ျပည္နယ္ Tahoe ေရကန္အနီးရွိ မိသားစုတစ္စုဟာ သူတို႔ရဲ႕ေနအိမ္ေအာက္က တြားသြားေနတဲ့ထူးဆန္းက်ယ္ေလာင္တဲ့ဆူညံသံကို ႐ုတ္တရက္ၾကားလိုက္တဲ့အခါ သူတို႔ဟာ အနီးကပ္နားေထာင္ၾကည့္ဖို႔ အိမ္ျပင္ဘက္ကို လွည့္ပတ္ၾကည့္ၿပီးတဲ့ေနာက္ အိမ္ေအာက္မွာ အလြန္ႀကီးမားတဲ့တိရိစာၦန္တစ္ေကာင္ရွိေၾကာင္းကို ေတြးထင္ေနခဲ့ၾကပါတယ္။အဆိုပါမိသားစုက သူတို႔ရဲ႕ၾကမ္းခင္းေအာက္ရွိ ဝင္ထြက္တြားသြားႏိုင္တဲ့ေနရာလြတ္တံခါးကို ႔မပိတ္မိလိုက္တဲ့အခါ တစ္ကယ္လည္း ေဒသခံဝက္ဝံတစ္ေကာင္က ဖိတ္ၾကားျခင္းမရွိဘဲ ေဆာင္းရာသီမွာ ေႏြးေထြးစြာ အိပ္စက္ႏိုင္မဲ့ ၎ေနရာမွာ အေျခခ်ဖို႔ ဆုံးျဖတ္ခဲ့ပုံရပါတယ္။

အဆိုပါမိသားစုက ဝက္ဝံထိန္းသိမ္းေရးအဖြဲ႕ခ်ဳပ္ကို အျမန္ဆက္သြယ္ခဲ့ရၿပီး ၎မိသားစုဟာ သူတို႔ရဲ႕အိမ္ေအာက္မွာဝက္ဝံကိုမေတာ္တဆပိတ္မိသြားတဲ့အတြက္ေၾကာင့္ အရမ္းစိတ္မေကာင္းျဖစ္ေနခဲ့ၾကသလို ဝက္ဝံကိုလည္း ဘာဆိုးက်ိဳးမွမျဖစ္ေစခ်င္ခဲ့ပါဘူး။ ထို႔ေနာက္ Ann Bryant အမည္ရွိတဲ့ BEAR အဖြဲ႕ရဲ႕အမႈေဆာင္ၫႊန္ၾကားေရးမႉးက ၎အေျခအေနကို ေန႔တိုင္းကိုင္တြယ္ေနသူမို႔ ဘာလုပ္ရမွာကို အတိအက်သိေနခဲ့ၿပီး ၾကမ္းခင္းေအာက္ေနာက္ထပ္ဝင္ေပါက္တစ္ခုကေန ဝက္ဝံကိုႀကိဳးစားေၾကာက္လန႔္ေစတဲ့ က်ယ္ေလာင္တဲ့ဆူညံသံမ်ားျပဳလုပ္ထားတဲ့ အထူးကိရိယာတစ္ခုကိုအသုံးျပဳခဲ့ၿပီး ဝက္ဝံကိုျပန္လြတ္ေျမာက္သြားေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

ဝက္ဝံႀကီးက သူတို႔ေရွ႕ေျပးထြက္လာတဲ့အခ်ိန္မွာ လူတိုင္းက တအံ့တဩႀကီးနဲ႔ ၾကည့္ေနခဲ့ၾကပါတယ္။“ဝက္ဝံေတြက ေဆာင္းရာသီအတြင္း သူတို႔ေနထိုင္ဖို႔ လုံၿခဳံစိတ္ခ်ရတဲ့ေနရာကို အၿမဲရွာေဖြေနတတ္ၾကတယ္ ၊ ဒါေၾကာင့္ ဝက္ဝံေတြ စိတ္၀င္စားႏိုင္တဲ့ေနရာသို႔ မလာႏိုင္ေအာင္ ကိုယ္အိမ္ကို ေသေသခ်ာခ်ာ ဂ႐ုစိုက္ၾကပါ ၊ ဝက္ဝံဟာ အရမ္းႀကီးေပမဲ့ သူတို႔ကို ေၾကာက္လန႔္စရာမလိုပါဘူး ၊ သူတို႔က သင့္ရဲ႕အိမ္ကို ပ်က္စီးဖို႔လည္း ရည္႐ြယ္ခ်က္မရွိၾကပါဘူး” လို႔ Bryant က ဝက္ဝံအေၾကာင္း ေျပာျပခဲ့ပါေသးတယ္။

1

Mia (Mckzone Daily)

Source : thedodo

Unicode

ယခုလအစောပိုင်းလောက်က California ပြည်နယ် Tahoe ရေကန်အနီးရှိ မိသားစုတစ်စုဟာ သူတို့ရဲ့နေအိမ်အောက်က တွားသွားနေတဲ့ထူးဆန်းကျယ်လောင်တဲ့ဆူညံသံကို ရုတ်တရက်ကြားလိုက်တဲ့အခါ သူတို့ဟာ အနီးကပ်နားထောင်ကြည့်ဖို့ အိမ်ပြင်ဘက်ကို လှည့်ပတ်ကြည့်ပြီးတဲ့နောက် အိမ်အောက်မှာ အလွန်ကြီးမားတဲ့တိရိစ္ဆာန်တစ်ကောင်ရှိကြောင်းကို တွေးထင်နေခဲ့ကြပါတယ်။

အဆိုပါမိသားစုက ဝက်ဝံထိန်းသိမ်းရေးအဖွဲ့ချုပ်ကို အမြန်ဆက်သွယ်ခဲ့ရပြီး ၎င်းမိသားစုဟာ သူတို့ရဲ့အိမ်အောက်မှာဝက်ဝံကိုမတော်တဆပိတ်မိသွားတဲ့အတွက်ကြောင့် အရမ်းစိတ်မကောင်းဖြစ်နေခဲ့ကြသလို ဝက်ဝံကိုလည်း ဘာဆိုးကျိုးမှမဖြစ်စေချင်ခဲ့ပါဘူး။ ထို့နောက် Ann Bryant အမည်ရှိတဲ့ BEAR အဖွဲ့ရဲ့အမှုဆောင်ညွှန်ကြားရေးမှူးက ၎င်းအခြေအနေကို နေ့တိုင်းကိုင်တွယ်နေသူမို့ ဘာလုပ်ရမှာကို အတိအကျသိနေခဲ့ပြီး ကြမ်းခင်းအောက်နောက်ထပ်ဝင်ပေါက်တစ်ခုကနေ ဝက်ဝံကိုကြိုးစားကြောက်လန့်စေတဲ့ ကျယ်လောင်တဲ့ဆူညံသံများပြုလုပ်ထားတဲ့ အထူးကိရိယာတစ်ခုကိုအသုံးပြုခဲ့ပြီး ဝက်ဝံကိုပြန်လွတ်မြောက်သွားအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဝက်ဝံကြီးက သူတို့ရှေ့ပြေးထွက်လာတဲ့အချိန်မှာ လူတိုင်းက တအံ့တဩကြီးနဲ့ ကြည့်နေခဲ့ကြပါတယ်။“ဝက်ဝံတွေက ဆောင်းရာသီအတွင်း သူတို့နေထိုင်ဖို့ လုံခြုံစိတ်ချရတဲ့နေရာကို အမြဲရှာဖွေနေတတ်ကြတယ် ၊ ဒါကြောင့် ဝက်ဝံတွေ စိတ်၀င်စားနိုင်တဲ့နေရာသို့ မလာနိုင်အောင် ကိုယ်အိမ်ကို သေသေချာချာ ဂရုစိုက်ကြပါ ၊ ဝက်ဝံဟာ အရမ်းကြီးနေပေခဲ့ သူတို့ကို ကြောက်လန့်စရာမလိုပါဘူး ၊ သူတို့က သင့်ရဲ့အိမ်ကို ပျက်စီးဖို့လည်း ရည်ရွယ်ချက်မရှိကြပါဘူး” လို့ Bryant က ဝက်ဝံအကြောင်း ပြောပြခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment