USA ႏိုင္ငံ Houston ၿမိဳ႕မွ အသက္ ၅၄ ႏွစ္အ႐ြယ္ Ayanna Williams အမည္ရွိတဲ့အမ်ိဳးသမီးဟာ သူမရဲ႕ကမာၻ႔အရွည္ဆုံးလက္သည္းမ်ားကို ေပါင္ ၃၅၀၀၀ ( သိန္း ၆၃၀ ေက်ာ္) ျဖင့္ေရာင္းခ်ေနပါတယ္။သူမရဲ႕လက္သည္းအရွည္က ၃၈ လက္မရွိၿပီး ၂၈ ႏွစ္အၾကာ ေမြးထားခဲ့ရပါတယ္။အဆိုပါလက္သည္းမ်ားကို ၂၀၁၇ ခုႏွစ္မွာ ဂင္းနစ္ကမာၻ႔စံခ်ိန္မွာ ကမာၻ႔အရွည္ဆုံးအျဖစ္သတ္မွတ္ခံခဲ့ရတာပါ။ဒါေၾကာင့္ သူမလက္သည္းမ်ားအတြက္ အလြန္ေဈးႀကီးတဲ့ေစ်းႏႈန္းတစ္ခုလို႔ ထင္မွတ္ေနခဲ့ပါတယ္။Ayanna ဟာ သူမကိုယ္တိုင္ အဝတ္ဝတ္ဖို႔ နဲ႔ ဟင္းလ်ာေတြကိုလည္း မခ်က္ျပဳတ္ႏိုင္ခဲ့ပါဘူး။Ayanna မွာ ဆီးခ်ိဳေရာဂါရွိေနၿပီး ကိုယ့္ကိုကိုယ္ေဆးထိုးဖို႔ေတာင္ခက္ခဲခဲ့ပါတယ္။
“လြန္ခဲ့တဲ့ ၁ႏွစ္ေလာက္က ေရာင္းဖို႔ဆုံးျဖတ္ခ်က္ခ်ခဲ့ေပမဲ့ ကြၽန္မလက္သည္းေတြကို မွန္ကန္တဲ့ေဈးနဲ႔ပဲေရာင္းမွာပါ ၊ေရာင္းသူမရမခ်င္း သူတို႔ကို ကြၽန္မျဖတ္ပစ္မွာမဟုတ္ဘူး ” လို႔ Ayanna က ဆိုပါတယ္။သူမဟာ ၁၉၉၂ ခုႏွစ္မွစတင္ၿပီး သူမလက္သည္းကိုႀကီးထြားေစခဲ့သလို ႏွစ္မ်ားတစ္ေလွ်ာက္ သူမရဲ႕လက္သည္းေတြကို ျဖတ္ေတာက္ျခင္းမျပဳခဲ့ပါဘူး။သူမကို နည္းမ်ိဳးစုံနဲ႔ကန႔္ကြက္ခဲ့ၾကေပမဲ့ သူမကေတာ့ ဒီဟာကိုေပးဆပ္ရက်ိဳးနပ္တဲ့ေစ်းႏႈန္းလို႔အၿမဲေတြးထင္ေနခဲ့ပါတယ္။အစပိုင္းမွာ သူမရဲ႕ခင္ပြန္းက မေထာက္ပံ့ခဲ့ေပမဲ့ အခ်ိန္ကုန္တာနဲ႔အမွ် သူမရဲ႕လက္သည္းေတြကို ခ်စ္ျမတ္ႏိုးလာခဲ့ပါတယ္။
သူမဟာ ဖုန္းမွာစာ႐ိုက္ဖို႔ ခဲတံကို အသုံးျပဳခဲ့ၿပီး “ ဘယ္ကိစၥကိုမဆို ေအးေဆးလုပ္ဖို႔အတြက္ ကြၽန္မလက္သည္းေတြ မရွိေတာ့မဲ့အခ်ိန္ကို မေစာင့္ႏိုင္ေတာ့ပါဘူး ၊ ဒါမွ ကြၽန္မ ေျမးေလးေတြနဲ႔ အခ်ိန္ပိုၿပီး လြတ္လြတ္လပ္လပ္ကစားႏိုင္မွာ ၊ၿပီးေတာ့ အေတြးမရွိဘဲ ကားထဲမွာ ခုန္ႏိုင္မွာ ၊အခုကြၽန္မ လုပ္တဲ့အရာအားလုံးကို ျဖည္းျဖည္းခ်င္းဘဲ လုပ္ရတယ္ ၊ ျမန္ျမန္ဆန္ဆန္လုပ္ႏိုင္ဖို႔လည္း ေမွ်ာ္လင့္ေနမိတယ္ ” လို႔ Ayanna က သူမ လက္သည္းေတြကို အျမန္ေရာင္းထြက္ခ်င္ေၾကာင္း ဆိုခဲ့ပါေသးတယ္။ကြၽန္ေတာ္ကေတာ့ လက္သည္းႀကီးကို ဘယ္သူက ဝယ္မွာလဲလို႔ စဥ္းစားေနမိတယ္ဗ်ာ။
Mia (Mckzone Daily)
Source : ladbible
Unicode
USA နိုင်ငံ Houston မြို့မှ အသက် ၅၄ နှစ်အရွယ် Ayanna Williams အမည်ရှိတဲ့အမျိုးသမီးဟာ သူမရဲ့ကမ္ဘာ့အရှည်ဆုံးလက်သည်းများကို ပေါင် ၃၅၀၀၀ ( သိန်း ၆၃၀ ကျော်) ဖြင့်ရောင်းချနေပါတယ်။သူမရဲ့လက်သည်းအရှည်က ၃၈ လက်မရှိပြီး ၂၈ နှစ်အကြာ မွေးထားခဲ့ရပါတယ်။
“လွန်ခဲ့တဲ့ ၁နှစ်လောက်က ရောင်းဖို့ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ ကျွန်မလက်သည်းတွေကို မှန်ကန်တဲ့ဈေးနဲ့ပဲရောင်းမှာပါ ၊ရောင်းသူမရမချင်း သူတို့ကို ကျွန်မဖြတ်ပစ်မှာမဟုတ်ဘူး ” လို့ Ayanna က ဆိုပါတယ်။သူမဟာ ၁၉၉၂ ခုနှစ်မှစတင်ပြီး သူမလက်သည်းကိုကြီးထွားစေခဲ့သလို နှစ်များတစ်လျှောက် သူမရဲ့လက်သည်းတွေကို ဖြတ်တောက်ခြင်းမပြုခဲ့ပါဘူး။
သူမဟာ ဖုန်းမှာစာရိုက်ဖို့ ခဲတံကို အသုံးပြုခဲ့ပြီး “ ဘယ်ကိစ္စကိုမဆို အေးဆေးလုပ်ဖို့အတွက် ကျွန်မလက်သည်းတွေ မရှိတော့မဲ့အချိန်ကို မစောင့်နိုင်တော့ပါဘူး ၊ ဒါမှ ကျွန်မ မြေးလေးတွေနဲ့ အချိန်ပိုပြီး လွတ်လွတ်လပ်လပ်ကစားနိုင်မှာ ၊ပြီးတော့ အတွေးမရှိဘဲ ကားထဲမှာ ခုန်နိုင်မှာ ၊အခုကျွန်မ လုပ်တဲ့အရာအားလုံးကို ဖြည်းဖြည်းချင်းဘဲ လုပ်ရတယ် ၊ မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့လည်း မျှော်လင့်နေမိတယ် ” လို့ Ayanna က သူမ လက်သည်းတွေကို အမြန်ရောင်းထွက်ချင်ကြောင်း ဆိုခဲ့ပါသေးတယ်။
Mia (Mckzone Daily)