တောထဲမှာ တဲစခန်းချပြီး အနားယူအပန်းဖြေချင်တဲ့သူတွေကို ချက်ချင်းနောင်တရစေမဲ့ အဖြစ်အပျက်လေး


1

2

3

4

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ယခုလို ကူးစက်ရောဂါအခြေအနေတွေကြောင့် လူတွေဟာ လူထူထပ်တဲ့မြို့ပြကြီးတွေကိုအလည်သွားမဲ့အစား ၊ လူအသွားအလာမရှိတဲ့ တောထဲတွေမှာသာ သွားပြီးအနားယူအပန်းဖြေဖို့ အစီအစဉ်တွေများလာကြပါတယ် ။ သို့ပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့အဖြစ်အပျက်လေးကတော့ တောထဲသွားချင်စိတ်ကို ချက်ချင်းရပ်တန့်သွားစေမဲ့ အဖြစ်မျိုးပါ ။ အဆိုပါ လူအုပ်စုက တောထဲသို့အလည်သွားပြီး တဲစခန်းချအနားယူနေခဲ့ကြတာပါ ။ အရာအားလုံး အဆင်ပြေနေခဲ့ပေမဲ့ မနက်မိုးလင်းလို့ အိမ်ရာထလာခဲ့ချိန်မှာတော့ ခြင်ထောင်အပြင်ဖက်မှာ များလွန်းတဲ့ တောရိုင်းပင့်ကူအုံလိုက်တွေ့လိုက်ရလို့ ခြင်ထောင်အပြင်ဖက်မထွက်ရဲလောက်အောင် အော်ဟစ်အကူအညီတောင်းခဲ့ရတာပါ ။ ခြင်ထောင်အတွင်းထဲမှာသာ မအိပ်ခဲ့ရင် အဆိုပါအမျိုးသားရဲ့ အဖြစ်အပျက်ကတော့ တကယ့်ကိုမတွေးရက်စရာပါပဲလေ ။ တောထဲ အလည်ထွက်မဲ့သူတွေကို သတိပေးလိုက်တဲ့ အဖြစ်အပျက်မျိုးပါပဲ ။

Mia (Mckzone Daily)

Be the first to comment on "တောထဲမှာ တဲစခန်းချပြီး အနားယူအပန်းဖြေချင်တဲ့သူတွေကို ချက်ချင်းနောင်တရစေမဲ့ အဖြစ်အပျက်လေး"

Leave a comment

Your email address will not be published.


*