ဒုတ်ထိုးဝက်အူချောင်းကြော်စားရင်း လဲကျသွားခဲ့လို့ ဒုတ်ချောင်းဦးနှောက်အထိစိုက်ဝင်သွားခဲ့တဲ့ ကလေးငယ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ ၊ Quijing မြို့က အသက်2နှစ်အရွယ်ကောင်လေးဟာ ဒုတ်ထိုးဝက်အူချောင်းကြော်စားရင်း ချော်လဲကျသွားခဲ့လို့ သူ၏ဦးနှောက်အထိစူးဝင်သွားခြင်းကို ခံစားခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ 2ရက်နေ့က ကလေးငယ်ဟာ မိခင်နှင်အတူ ဈေးဝယ်ထွက်ရင်း မိခင်ဖြစ်သူကလမ်းဘေးဆိုင်မှ ဝက်အူချောင်းကြော်ဝယ်ကျွေးခဲ့၍ ကလေးငယ်မှာစားရင်းချော်လဲသွားခဲ့ကာ အခန့်မသင့်အဆိုပါဝါးချောင်းလေးဟာ သူ၏လည်ချောင်းကနေတစ်ဆင့် ဦးနှောက်အထိကိုဖောက်ဝင်သွားခဲ့ပါတယ် ။ ကလေးငယ်မှာအတော်လေးကိုနာကျင်နေခဲ့ပြီးနောက် ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ပါတယ် ။ သို့ပေမဲ့ကလေးငယ်ဟာ အတော်လေးကိုကိုယ်အပူချိန်တက်နေခဲ့ပြီး အသက်ရှုသွင်းရာမှာလည်း အတော်လေးအခက်တွေ့ခဲ့ရပါတယ် ။

ဆရာဝန်များက ကလေးငယ်ကိုအလျင်အမြန်ခွဲစိတ်ခန်းထဲဝင်စေခဲ့ပြီး ၊ ခွဲစိတ်ကုသချိန် 3နာရီခန့်ကြာမြင့်ခဲ့ပါတယ် ။ ဝါးချောင်းလေးဟာ အတော်လေးကိုစိုက်ဝင်သွားခဲ့ပြီး ဦးနှောက်အရင်းပိုင်းထိရောက်သွားခဲ့ပါတယ် ။ ထို့နောက် ဘက်တီးရီးယားပိုးကြောင့် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေခဲ့ပြီး အဖျားတက်ကာ အာရုံကြောကိုလည်းထိခိုက်စေခဲ့ပါတယ် ။ ဝါးချောင်းလေးဟာ ကောင်လေး၏ဦးနှောက်ထဲသို့ 5cm အထိစိုက်ဝင်သွားခဲ့သည့်အပြင် ၎င်းစိုက်ဝင်ခဲ့သောနေရာမှာလည်း ဦးနှောက်၏အရေးကြီးဆုံးအပိုင်းဖြစ်ကြောင်းသိရှိရပါတယ် ။

ဆရာဝန်၏ပြောဆိုချက်အရ ၎င်းဝါးချောင်းဟာနောက်ထပ် အနည်းငယ်ပိုပြီးစိုက်ဝင်ခဲ့မယ်ဆိုရင်တော့ ကလေးငယ်ဟာချော်လဲကျသွားခဲ့သော နေရာတွင်သာချက်ချင်သေဆုံးသွားနိုင်ကြောင်း သိရှိရပါတယ် ။ လက်ရှိအချိန်မှာတော့ ကလေးငယ်ဟာ ဘတ်တီးရီးယားရောဂါပိုးဝင်ရောက်ကူးစက်ခဲ့ခြင်းကြောင့် ဦးနှောက်အမြှေးရောင်ရောဂါကိုကုသနေသည့်အပြင် လေဝင်လေထွက်ပိုကောင်အောင်ပါးစပ်တွင် အသက်ရှုချောင်စေသည့်ပိုက်များထည့်သွင်းခြင်းမျိုး ပြုလုပ်နေရလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဒုတ်ထိုးဝက်အူချောင်းကြော်စားရင်း လဲကျသွားခဲ့လို့ ဒုတ်ချောင်းဦးနှောက်အထိစိုက်ဝင်သွားခဲ့တဲ့ ကလေးငယ်"

Leave a comment

Your email address will not be published.


*