ခိုလႈံရာေနရာေလးရဖို႔ ျဖတ္သြားျဖတ္လာေတြကို လက္ကမ္းၿပီး ေခၚသြားဖို႔အကူအညီေတာင္းေနခဲ့တဲ့ ေခြးေလး(႐ုပ္သံ)

Speck လို႔ေခၚတဲ့ ဒီေခြးေလးဟာ Bullock County Humane Society မွာရွိတဲ့ သူ႔ရဲ႕ေလွာင္အိမ္ထဲမွာ ေနခဲ့တုန္းက ေလွာင္အိမ္ေရွ႕ျဖတ္ေလွ်ာက္သြားသူတိုင္းကို လက္ေလးထုတ္ရင္း အခ်စ္ခံရဖို႔ႏႈတ္ဆက္တတ္ပါတယ္။Speck က ေဂဟာ မွာ ေနခဲ့တာ တစ္ႏွစ္ၾကာၿပီဆိုေပမဲ့ တစ္စုံတစ္ေယာက္က သူ႔ကို အိမ္ေခၚေမြးစားဖို႔ အၿမဲေတာင္းတေနခဲ့ပါတယ္။သူဟာ အဲ့လိုလုပ္ဖို႔လည္း အရႈံမေပးခဲ့ပါဘူး။Speck ဟာ တစ္စုံတစ္ေယာက္က သူ႔ေလွာင္အိမ္ေရွ႕ေရာက္လာရင္ သံတံခါးၾကား မ်က္ႏွာနဲ႔လက္ေလးထုတ္တတ္လို႔ ျမင္သူတိုင္းက သူ႔ရဲ႕ခ်စ္စရာေကာင္းမႈ၊ ေႏြးေထြးမႈေတြကို ေရွာင္ဖယ္လို႔မရေအာင္ ျဖစ္ေနခဲ့ရပါတယ္။

Speck ဟာ ေခြးႀကီးေတြ ၊ေၾကာင္ေတြ နဲ႔ အ႐ုပ္ေတြထပ္ လူေတြရဲ႕အာ႐ုံစိုက္မႈကို ပိုႏွစ္သက္သလို လူေတြနဲ႔အၾကည့္ခ်င္းစုံတဲ့အခါ အျခားဘယ္အရာကိုမွ အေရးမစိုက္တတ္ေတာ့ပါဘူး။Speck က သူနဲ႔ေတြ႕ဆုံလိုက္တဲ့သူတိုင္းကို သူ႔အခ်စ္ေတြနဲ႔ လႊမ္းမိုးေစတတ္ၿပီး အကယ္လို႔ သူ႔ေလွာင္အိမ္ထိုင္ခ်လိုက္ရင္ သင့္လက္ကို လွမ္းထိတတ္ပါေသးတယ္။ထို႔ေၾကာင့္ အဆိုပါေဂဟာကလည္း သူ႔ရဲ႕ခ်စ္ဖို႔ေကာင္းတဲ့အက်င့္ကို ကမာၻကို ခ်ျပဖို႔ ႐ိုက္ကူးခဲ့ၿပီး social media ေပၚမွ်ေဝေပးခဲ့ၿပီးေနာက္ လူအမ်ားက Speck ေလးကို ခ်စ္မဆုံးျဖစ္ခဲ့ၾကပါတယ္။

အဆိုပါဗီဒီယိုဟာ Speck ေလးရဲ႕ဘဝကို ေျပာင္းလဲပစ္ဖို႔ အခ်ိန္ ၃ ရက္သာၾကာခဲ့ၿပီး ေဂဟာရဲ႕ရည္႐ြယ္ခ်က္ျဖစ္တဲ့ Speck ကို ေမြးစားမယ့္ မိသားစုဆီမွ အဆက္အသြယ္ရခဲ့ပါေတာ့တယ္။Speck ဟာ ေနာက္ဆုံး သူနဲ႔ထိုက္တန္တဲ့ ခ်စ္ျခင္းေမတၱာေတြနဲ႔ အံ့ဩစရာေကာင္းတဲ့ လယ္ကြင္းက်ယ္ပတ္ပတ္လည္မွာ သူ႔ေမာင္ႏွမအသစ္ေတြနဲ႔ ေျပးလႊားရင္း မိသားစုအသစ္နဲ႔ ေပ်ာ္႐ႊင္တဲ့ဘဝကို ျဖတ္သန္းႏိုင္ခဲ့ပါတယ္။

1

Mia (Mckzone Daily)

Source : woofwoof

Unicode

Speck လို့ခေါ်တဲ့ ဒီခွေးလေးဟာ Bullock County Humane Society မှာရှိတဲ့ သူ့ရဲ့လှောင်အိမ်ထဲမှာ နေခဲ့တုန်းက လှောင်အိမ်ရှေ့ဖြတ်လျှောက်သွားသူတိုင်းကို လက်လေးထုတ်ရင်း အချစ်ခံရဖို့နှုတ်ဆက်တတ်ပါတယ်။Speck က ဂေဟာ မှာ နေခဲ့တာ တစ်နှစ်ကြာပြီဆိုပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို အိမ်ခေါ်မွေးစားဖို့ အမြဲတောင်းတနေခဲ့ပါတယ်။သူဟာ အဲ့လိုလုပ်ဖို့လည်း အရှုံမပေးခဲ့ပါဘူး။Speck ဟာ တစ်စုံတစ်ယောက်က သူ့လှောင်အိမ်ရှေ့ရောက်လာရင် သံတံခါးကြား မျက်နှာနဲ့လက်လေးထုတ်တတ်လို့ မြင်သူတိုင်းက သူ့ရဲ့ချစ်စရာကောင်းမှု၊ နွေးထွေးမှုတွေကို ရှောင်ဖယ်လို့မရအောင် ဖြစ်နေခဲ့ရပါတယ်။

Speck ဟာ ခွေးကြီးတွေ ၊ကြောင်တွေ နဲ့ အရုပ်တွေထပ် လူတွေရဲ့အာရုံစိုက်မှုကို ပိုနှစ်သက်သလို လူတွေနဲ့အကြည့်ချင်းစုံတဲ့အခါ အခြားဘယ်အရာကိုမှ အရေးမစိုက်တတ်တော့ပါဘူး။Speck က သူနဲ့တွေ့ဆုံလိုက်တဲ့သူတိုင်းကို သူ့အချစ်တွေနဲ့ လွှမ်းမိုးစေတတ်ပြီး အကယ်လို့ သူ့လှောင်အိမ်ထိုင်ချလိုက်ရင် သင့်လက်ကို လှမ်းထိတတ်ပါသေးတယ်။ထို့ကြောင့် အဆိုပါဂေဟာကလည်း သူ့ရဲ့ချစ်ဖို့ကောင်းတဲ့အကျင့်ကို ကမ္ဘာကို ချပြဖို့ ရိုက်ကူးခဲ့ပြီး social media ပေါ်မျှဝေပေးခဲ့ပြီးနောက် လူအများက Speck လေးကို ချစ်မဆုံးဖြစ်ခဲ့ကြပါတယ်။

အဆိုပါဗီဒီယိုဟာ Speck လေးရဲ့ဘဝကို ပြောင်းလဲပစ်ဖို့ အချိန် ၃ ရက်သာကြာခဲ့ပြီး ဂေဟာရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ Speck ကို မွေးစားမယ့် မိသားစုဆီမှ အဆက်အသွယ်ရခဲ့ပါတော့တယ်။Speck ဟာ နောက်ဆုံး သူနဲ့ထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အံ့ဩစရာကောင်းတဲ့ လယ်ကွင်းကျယ်ပတ်ပတ်လည်မှာ သူ့မောင်နှမအသစ်တွေနဲ့ ပြေးလွှားရင်း မိသားစုအသစ်နဲ့ ပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ခိုလႈံရာေနရာေလးရဖို႔ ျဖတ္သြားျဖတ္လာေတြကို လက္ကမ္းၿပီး ေခၚသြားဖို႔အကူအညီေတာင္းေနခဲ့တဲ့ ေခြးေလး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*