မိမိလိင်အင်္ဂါကို အမြဲကိုင်ဆော့နေလို့ဆိုပြီး သူငယ်ချင်းကိုသေသည်အထိရိုက်သတ်ပစ်ခဲ့တဲ့အမျိုးသား





Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ခါတစ်လေ သူငယ်ချင်းတွေကိုစနောက်ပြီး ရယ်မောနေရတာကလည်း ပျော်စရာတစ်ခုပါ ။ သို့ပေမဲ့လည်း ကိုယ့်ရဲ့သူငယ်ချင်းမကြိုက်တဲ့အရာကို ထပ်တလဲလဲစနောက်ပြီး အပျော်အပျက်လုပ်နေမိမယ်ဆိုရင်တော့ သူလည်းဒေါသပေါက်ကွဲပြီး မဖြစ်သင့်တာတွေ ဖြစ်လာနိုင်တဲ့အခြေအနေမျိုးအထိ ရောက်သွားတတ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း Jian အမည်ရှိတဲ့ထိုင်ဝမ်က အမျိုးသားတစ်ယောက်ဟာ သူ၏သူငယ်ချင်းဖြစ်သူ Xiao ကအရက်သောက်နေတုန်း သူ၏ယောင်္ကျားလိင်အင်္ဂါကိုကိုင်ဆော့ခဲ့တဲ့အတွက် သေသည်အထိရိုက်သတ်ပစ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ နှစ်ယောက်လုံးဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး Xiao မှာသူ၏နေအိမ်ကို Jian နေထိုင်နိုင်ရန်အတွက် ငှါးရမ်းပေးခဲ့သူလည်းဖြစ်ပါတယ် ။

အဆိုပါအဖြစ်အပျက်ကတော့ 2017 ခုနှစ် ဒီဇင်ဘာလ 22ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ ဖြစ်စဉ်ကတော့ Jian ဟာ Xiao ကိုနေအိမ်တွင်အတူတူ အရက်လာသောက်ဖို့ဖိတ်ခေါ်ခဲ့တာကနေ အစပြုခဲ့တာပါ ။ ထို့နောက် ည 10နာရီလောက်မှာ နေအိမ်တွင် နှစ်ယောက်အတူတူအရက်သောက်ပြီး ပျော်ပါးနေခဲ့ပေမဲ့ နောက်ပိုင်း Xiao ဟာ Jian ရဲ့လက်မောင်းတွေကို စကိုင်လာခဲ့ပါတယ် ။ သို့ပေမဲ့လည်း နောက်ပိုင်းပိုမိုဆိုးဝါးခဲ့တာကတော့ Xiao ဟာ Jian ရဲ့ဂျင်းဘောင်ဘီကိုချွတ်ပြီး သူရဲ့ယောင်္ကျားလိင်အင်္ဂါကို ကိုင်ဆော့ခဲ့ပါတော့တယ် ။

အဆိုပါလုပ်ရပ်မျိုးကို Jian ကတော်တော်လေးကိုမနှစ်သက်လို့ ဆက်မလုပ်ဖို့ပြောခဲ့ပေမဲ့လည်း Xiao ဟာဂရုမစိုက်ခဲ့ပါဘူး ။ ထို့ကြောင့် Jian ဟာအတော်လေးကိုစိတ်ဆိုးသွားခဲ့ပြီး Xiao ၏ ရင်ဘတ်နှင့် ခြေလက်တို့ကို လက်သီးဖြင့်စောင့်ထိုးပစ်ခဲ့တဲ့အပြင် သံခုံဖြင့်လည်းရိုက်နှက်ခဲ့ပါတယ် ။ Xiao ဟာထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လည်း မလွတ်နိုင်တော့ပါဘူး ။ Xiao ကိုသတိလစ်မေ့မျောပြီး Jian ရဲ့အိပ်ယာဘေးမှာလဲကျသွားတဲ့အထိ အကြိမ်ကြိမ်ရိုက်နှက်ခြင်းခံခဲ့ရပါတယ် ။ နောက်တစ်ရက်မှာတော့ ညနေ1နာရီလောက်မှာ Jian ဟာအိပ်ယာမှနှိုးလာခဲ့ပြီး သူ၏အိပ်ယာဘေးတွင်ဒဏ်ရာအပြည့်ဖြင့် အသက်မရှုတော့ဘဲလဲနေသည့် Xiao ကိုတွေ့ပြီး အတော်လေးထိတ်လန့်သွားခဲ့ပါတယ် ။ ထို့နောက် Jian ဟာသူ၏ချစ်သူကိုရဲစခန်းသို့အကြောင်းကြားစေခဲ့ပြီးနောက် Xiao ကိုသယ်ကာဆေးရုံသို့အလျင်အမြန်ပြေးသွားခဲ့ပေမဲ့လည်း Xiao ကိုမကယ်တင်နိုင်ခဲ့ပါဘူး ။

ထို့ကြောင့် ပြီးခဲ့တဲ့အောက်တိုဘာလ 23ရက်နေ့မှာမှ Jian ကိုထောင်ဒဏ် 9နှစ်ချမှတ်ခဲ့ပါတယ် ။ ထို့အပြင်တရားသူကြီးက Jian ဟာ Xiao ရဲ့ရန်စတာမျိုးကိုခံခဲ့ရတာဖြစ်ပြီး ၊ Xiao ၏တစ်မိသားစုလုံးနှင့်လည်း ပြန်ပြှီးပြေလည်မှု ရယူပြီးစီးခဲ့တာဖြစ်တဲ့အတွက် ယခုကဲ့သို့သောထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိမိလိင်အင်္ဂါကို အမြဲကိုင်ဆော့နေလို့ဆိုပြီး သူငယ်ချင်းကိုသေသည်အထိရိုက်သတ်ပစ်ခဲ့တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*