မယုံနိုင်လောက်အောင် သစ်ရွက်ခြောက်တွေပေါ် ချည်ထိုးပန်းချီရေးဆွဲပြခဲ့တဲ့ အနုပညာရှင်


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

26

27

Mia (Mckzone Daily)

Source : boredpanda

Unicode

သစ်ရွက်တွေကြွေခြင်းက ရာသီကုန်လို့ နောက်ရာသီကို ကြိုဆိုတဲ့သဘောလို့ဘဲ လူသိများတာပါ။အချို့ကလည်း သစ်ရွက်ခြောက်တွေကို စုဆောင်းတတ်ကြပါတယ်။သို့ပေမဲ့ ဘရားဇီးနိုင်ငံ ပါရီမြို့မှာ နေထိုင်တဲ့ အနုပညာရှင် Solange Nunes ကတော့ အဆိုပါသစ်ရွက်ခြောက်တွေကို ပန်းထိုးဖို့အတွက် အဝတ်စအဖြစ် အသုံးပြုခဲ့ပါတယ်။Instagram မှာ arteoficioatelie လို့လူသိများတဲ့ Solangeဟာ ငယ်စဉ်ကတည်းက ချည်ထိုးပညာကို သင်ယူခဲ့ပြီး အခုတော့ သစ်ရွက်ခြောက်တွေပေါ် ချည်ထိုးတဲ့အနုပညာကို သူ့ရဲ့ပရိသတ်တွေအတွက် ချပြပေးခဲ့ပါတယ်။ သစ်ရွက်ခြောက်ပေါ် အပ်နဲ့ချည်နဲ့ ထိုးထည့်ရတာက မလွယ်ကူလှပါဘူး ။ သစ်ရွက်ခြောက်ဆိုတာက တစ်ခါတစ်လေ ထိလိုက်တာနဲ့ ကြေသွားတတ်တဲ့ အရာပါ ။ သို့ပေမဲ့ Solange ကတော့ စိတ်ရှည်လက်ရှည်နဲ့ အနုစိတ်ကျတဲ့ သစ်ရွက်ခြောက်ချည်ထိုးနည်းကို စတင်တီထွင်ပြခဲ့ပါတယ်။ဒီတော့ Solange ရဲ့ မဖြစ်နိုင်လောက်တဲ့ သစ်ရွက်ခြောက် ချည်ထိုးအနုပညာလက်ရာအချို့ကို ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးနော် ။

Mia (Mckzone Daily)

Be the first to comment on "မယုံနိုင်လောက်အောင် သစ်ရွက်ခြောက်တွေပေါ် ချည်ထိုးပန်းချီရေးဆွဲပြခဲ့တဲ့ အနုပညာရှင်"

Leave a comment

Your email address will not be published.


*