မွေးကင်းစသမီးလေးကို ပွေ့ချီပြီး နာရီပိုင်းအကြာသေဆုံးသွားခဲ့ရတဲ့ ဖခင်ရဲ့ရုပ်သံကြောင့် မျက်ရည်ကျခဲ့ရတဲ့အဖြစ်





Jasmine (Mckzone Daily)

Source:Metro

Unicode

အင်္ဂလန်နိုင်ငံက Channel 4အစီအစဉ်မှာ ထုတ်လွင့်ပြသခဲ့တဲ့ကိုယ့်ချစ်တဲ့မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့ရုပ်သံကြောင့် ကြည့်ရှုသူတွေကိုအတော်လေး ဝမ်းနည်းမျက်ရည်ကျစေခဲ့ပါတယ် ။ အစီအစဉ်ထဲမှာတော့ Nicola အမည်ရှိတဲ့အမျိုးသမီးဟာ သူမရဲ့ဘဝဇာတ်ကြောင်းကို ပြန်လည်ပြောပြနေခဲ့တာပါ ။ သူမရဲ့ ခင်ပွန်းဖြစ်သူ Brett ဟာ ဦးနှောက်တွင်အသားပိုရောဂါမျိုးကို ခံစားနေရပြီး အဆိုပါအသားပိုကိုခွဲထုတ်ခဲ့မယ်ဆိုရင်တောင်မှ ခွဲစိတ်ခဲတဲ့ရလဒ်ဟာ အသက်သေဆုံးသွားရတာမျိုးလည်းဖြစ်နိုင်ကြောင်း ဆရာဝန်မှသူမတို့မိသားစုဝင်တွေကို ပြောပြခဲ့ပါတယ် ။

ထို့ကြောင့် Nicola ဟာအတော်လေးကိုထိတ်လန့်သွားခဲ့ရပေမဲ့လည်း သူမတို့ဆက်ပြီးခွဲစိတ်ကုသမှုခံယူခဲ့ပါတယ် ။ သို့ပေမဲ့နောက်တစ်ကြိမ်အသားပိုပြန်ပေါ်လာတဲ့အချိန်မှာတော့ ပိုမိုဆိုးဝါးသွားခဲ့ရပြီး နောက်တစ်ကြိမ်ထပ်ပြီးခွဲစိတ်ကုသမှုပြုလုပ်လို့မရတော့ပါဘူး ။ ထို့အချိန်မှာပဲ Nicola ဟာ သူမရဲ့နောက်ထပ်သမီးလေး Arya ကိုကိုယ်ဝန်လွယ်ထားနေခဲ့တာပါ ။

ခင်ပွန်းဖြစ်သူ အသည်းအသန်အခြေအနေရောက်နေခဲ့ချိန်မှာ သူမဟာသမီးလေးကို မွေးဖွားခဲ့ပြီး ၊ မွေးဖွားပြီးပြီးချင်းမှာပဲ ခင်ပွန်းဆီသို့အရောက်သွားကာ သူမ၏သမီးလေးကိုပါ ခေါ်သွားခဲ့ပါတယ် ။ ခင်ပွန်းအနားရောက်သွားတော့ သမီးလေးကိုခင်ပွန်းအပေါ်ထားပေခဲ့ပြီး သူနှင့်ဘယ်လောက်တောင်ရုပ်တူလည်းဆိုတာကိုပြောပြပြီး ခင်ပွန်းဖြစ်သူနှင့် နှစ်နာရီခန့်အတူဖြတ်သန်းနိုင်ခဲ့ပါတယ် ။

ထို့နောက်သူမဟာ ခင်ပွန်းဖြစ်သူကို ” အဆင်ပြေပါတယ် ၊ ရှင်ကိုယ်ရှင်သာ နာကျင်အောင်ထပ်မလုပ်ပါနဲ့တော့ ” ဆိုပြီး နှုတ်ဆက်စကားပြောခဲ့ပါတယ် ။ သမီးလေးကိုမနက်ပိုင် 5:07 အချိန်မှာမွေးဖွားပြီး ၊ ခင်ပွန်းဖြစ်သူမှာတော့ မနက်ခင်း 8:25 အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ် ။ အဆိုပါရင်နင့်ဖွယ်ရုပ်သံအစီအစဉ်ကိုထုတ်လွင့်ပြီးနောက် ကြည့်ရှုသူများကိုအတော်လေးကို ဝမ်းနည်းမျက်ရည်ကျစေခဲ့ပါတယ် ။ ထို့အပြင် Social Media ပေါ်တွင်လည်း ဝမ်းနည်မိကြောင်း Post တွေအများအပြားတင်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မွေးကင်းစသမီးလေးကို ပွေ့ချီပြီး နာရီပိုင်းအကြာသေဆုံးသွားခဲ့ရတဲ့ ဖခင်ရဲ့ရုပ်သံကြောင့် မျက်ရည်ကျခဲ့ရတဲ့အဖြစ်"

Leave a comment

Your email address will not be published.


*