လမ်းပေါ်မှာဆော့ကစားနေခဲ့တဲ့ ကလေးငယ်ကို ဆိုးဆိုးရွားရွားကားနှင့်တက်ကြိတ်ပစ်ခဲ့တဲ့ ကားဆရာ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံ ၊ Gungdong ပြည်နယ်က ကုန်တင်ကားမောင်းတဲ့အမျိုးသားတစ်ဦးဟာ ကားအနောက်ဆုတ်နေတုန်း သူ မမြင်လိုက်တဲ့အကွယ်ဖက်လမ်းပေါ်မှာ ဆော့ကစားနေခဲ့တဲ့ ကလေးငယ်တစ်ဦးကိုကားနှင့်တက်ကြိတ်မိခဲ့ပါတယ် ။ အဆိုပါကလေးငယ်ဟာ သူ၏သူငယ်ချင်းတစ်ယောက်နှင့်အတူ လမ်းပေါ်မှာဒုတ်ကလေးနှင့်ဆော့ကစားနေတုန်း ကားအနောက်ဆုတ်လာတာကိုသတိမထားမိခဲ့ကြပါဘူး ။

ကားအနီးကပ်ရောက်လာတော့မှ သူငယ်ချင်းဖြစ်သူက မြင်တွေ့ခဲ့လို့ထွက်ပြေးတိမ်းရှောင်သွားနိုင်ခဲ့ပေမဲ့ အဆိုပါကလေးငယ်ကတော့ သူ၏နောက်ကျောဖက်ဖြစ်နေခဲ့တဲ့အတွက် သတိတောင်မထားမိလိုက်ဘဲ ကားနှင့်တက်ကြိတ်ခြင်းခံခဲ့ရပါတယ် ။ ထို့နောက်ကားဆရာဟာ တစ်ခုခုတက်နင်းမိလိုက်တာကို သတိထားမိခဲ့၍ ကားပေါ်မှချက်ချင်းဆင်းပြီးကြည့်ခဲ့ရာ ကလေးငယ်ဖြစ်နေခဲ့၍ ချက်ချင်းအရေးပေါ်ကုသဆောင်သို့ ပို့ဆောင်ခဲ့ပေမဲ့လည်း ကလေးငယ်ကိုမကယ်တင်နိုင်ခဲ့ပါဘူး ။ ရဲအရာရှိများကတော့ ကားသမားကို ထိုက်သင့်သောအပြစ်ဒဏ်ပေးဖို့တော့ ဆုံးဖြတ်နေလျက်ရှိပါတယ် ။

ထို့ကြောင့် ကလေးငယ်၏မိဘများအနေဖြင့် ကလေးတွေကိုလမ်းပေါ်မှာဆော့ကစားစေတာက အတော်လေးကိုအန္တရာယ်များသောကြောင့် သေချာစနစ်တကျအမြဲကြည့်ရှုပေးနေဖို့လိုအပ်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လမ်းပေါ်မှာဆော့ကစားနေခဲ့တဲ့ ကလေးငယ်ကို ဆိုးဆိုးရွားရွားကားနှင့်တက်ကြိတ်ပစ်ခဲ့တဲ့ ကားဆရာ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*