ချစ်ရည်လူးဖို့လာခဲ့ပေမဲ့ အားလျော့နေလို့ဆိုပြီး ချစ်သူကိုဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသမီး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ချစ်သူနှင့်လိင်ဆက်ဆံဖို့ အားအင်ချိနဲ့နေခဲ့တဲ့လိင်အင်္ဂါကြောင့် အမျိုးသားတစ်ဦးဟာ အသက်သေဆုံးသည်အထိ ဓားနှင့်ထိုးသတ်ခြင်းခံခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ အသက်47 နှစ်အရွယ် Guo အမည်ရှိတဲ့အမျိုးသားဟာ မကြာခဏပျက်လိုက်ဆက်လိုက်တွဲနေခဲ့တဲ့ သူ၏ အသက် 39 နှစ်အရွယ် Ms.You ကို တစ်မနက်မှာတော့ ချစ်ရည်လူးဖို့ဆိုပြီးသူ၏နေအိမ်ကိုအလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း Ms.You ရောက်လာခဲ့ပြီး ချစ်ရည်လူးဖို့ကြံခဲ့ပေမဲ့လည်း Guo ရဲ့လိင်အင်္ဂါဟာ အတော်လေးကိုအားနဲနေခဲ့ပါတယ် ။ ထို့ကြောင့် Ms. You ဟာ ရိပ်မိခဲ့ပြီးစစ်ဆေးခဲ့ချိန်မှာတော့ Guo ဟာ အခြားအမျိုးသမီးနှင့်အတူတူ အိပ်စက်ခဲ့ပြီးခဲ့၍ အားနဲနေခဲ့တာဖြစ်ကြောင်း သိရှိသွားခဲ့ပါတယ် ။

ထို့ကြောင့် Ms.You ဟာ သူမနှင့်ချစ်သူဖြစ်ခဲ့တဲ့တစ်လျှောက်လုံး အမြဲလိမ်လည်လှည့်စားခဲ့တဲ့ Guo ကိုသည်းမခံနိုင်တော့ဘဲ ” ငါတို့နောက်ဘဝကျရင် ထပ်မတွေ့ဘဲ နေကြရအောင် ၊ ငါနင့်ဆီကိုလိုက်လာခဲ့မယ် ” ဟုပြောဆိုခဲ့ပြီး Guo ရဲ့လည်ပင်း နှင့် ဝမ်းဗိုက်တို့ကို သေစေလောက်တဲ့အထိ ဓားနှင့်ထိုးသတ်ပြီး သူမကိုယ့်ကိုလည်းအဆုံးစီရင်ပစ်ဖို့ အိမ်သို့ပြန်လာခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း သူမကိုယ့်ကိုယ်ကိုအဆုံးစီရင်ပစ်မှာကိုရိပ်မိခဲ့တဲ့ အစ်မဖြစ်သူက သူမကိုတားပြီး မလုပ်ဖို့စိတ်ဖြောင်းဖျပေးခဲ့ပါတယ် ။ သို့သော် အဆုံးမှာတော့ အစ်မဖြစ်သူက ဖြစ်ကြောင်းကုန်စင်ကိုသိရှိသွားခဲ့လို့ သူမကိုလူသတ်မှုဖြင့် ရဲစခန်းသို့တိုင်ကြားပစ်ခဲ့ပါတော့တယ် ။

Ms.You ကိုရဲအရာရှိများ ဖမ်းဆီးခဲ့ချိန်မှာတော့ သူမက “သူ့ဟာအားပျော့နေကတည်းကကျွန်မသိတယ် သူတခြားသူတစ်ယောက်နဲ့လိင်ဆက်ဆံခဲ့တယ်ဆိုတာ “ဆိုပြီးပြောဆိုခဲ့ပါသေးတယ် ။ ထို့အပြင် အရင်ချိန်က Guo ဟာရည်းစား 3ယောက်လောက်တစ်ကြိမ်တည်းထားပြီးပွေရှုတ်ခဲ့ပေမဲ့ သူမက ခွင့်လွတ်ပေးခဲ့ကြောင်းနှင့် သူမကို အသုံးချခံသတ်သတ်တာတွဲခဲ့ပြီး ၊ သူမကိုလိုအပ်တဲ့အချိန်မှ ခေါ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ် July လမှာဖြစ်ပျက်ခဲ့တာဖြစ်ပေမဲ့လည်း ယခုချိန်မှာမှ သူမကို ထောင်ဒဏ်15 နှစ်ချမှတ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ချစ်ရည်လူးဖို့လာခဲ့ပေမဲ့ အားလျော့နေလို့ဆိုပြီး ချစ်သူကိုဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*