ကေလးမငိုေအာင္ မိခင္ျဖစ္သူရဲ႕ဓာတ္ပုံကိုမ်က္ႏွာမွာ ခ်ည္ေႏွာင္ထားၿပီး ကေလးငယ္ကိုႏို႔တိုက္ေကြၽးခဲ့တဲ့ ဖခင္ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံက ဖခင္တစ္ေယာက္ရဲ႕ ကေလးငယ္ကိုႏို႔တိုက္တဲ့ပုံစံက အေတာ့္ကို အထာက်လြန္းေနလို႔ social media ေပၚမွာ ေရပန္းစားေနလ်က္ရွိပါတယ္ ။ ဖခင္ျဖစ္သူက ကေလးငယ္ရဲ႕မိခင္ပုံဖြင့္ထားတဲ့ tablet ကို မ်က္ႏွာပူးကပ္ေနေအာင္ ခ်ည္ေႏွာင္ထားၿပီး ကေလးငယ္ကိုႏို႔တိုက္ေကြၽးေနခဲ့တာပါ ။ ကေလးငယ္က အစပိုင္းမွာ ႏို႔မစို႔ဘဲငိုယိုေနပုံရလို႔ ဖခင္ျဖစ္သူက ယခုလိုနည္းလမ္းမ်ိဳး စဥ္းစားခဲ့ပုံရၿပီး video ထဲမွာေတြ႕ျမင္ရတဲ့အတိုင္ ကေလးငယ္ကလည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏို႔ေသာက္ေနခဲ့တာပါ ။ ဒါတင္မကေသးပါဘူး ကေလးငယ္ရဲ႕လက္ကလည္း မိခင္ရဲ႕ဓာတ္ပုံကို ကိုင္ေနခဲ့ေသးတာပါ ။ တစ္ကယ့္မိခင္အရင္းလို႔ ကေလးငယ္ကေတြးထင္ေနခဲ့ပုံပါပဲ ။

အဆိုပါအျဖစ္အပ်က္ေလးက အေတာ့္ကိုေရပန္းစားခဲ့ၿပီး လူအခ်ိဳ႕က ကေလးငယ္နဲ႔မိခင္ၾကားခိုင္ၿမဲလြန္းတဲ့သံေယာဇဥ္ကို ဖြဲ႕ဆိုခဲ့ၾကေပမဲ့ အခ်ိဳ႕ေသာသူကေတာ့ tablet ဟာ အလင္းေရာင္မ်ားလြန္းတဲ့အတြက္ ေရရွည္မွာဆိုရင္ ကေလးငယ္ရဲ႕မ်က္လုံးကို ထိခိုက္ႏိုင္ေၾကာင္း မ်ိဳးစုံမွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္ ။

1

2

Mia (Mckzone Daily)

Source : dailymail

Unicode

တရုတ်နိုင်ငံက ဖခင်တစ်ယောက်ရဲ့ ကလေးငယ်ကိုနို့တိုက်တဲ့ပုံစံက အတော့်ကို အထာကျလွန်းနေလို့ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။ ဖခင်ဖြစ်သူက ကလေးငယ်ရဲ့မိခင်ပုံဖွင့်ထားတဲ့ tablet ကို မျက်နှာပူးကပ်နေအောင် ချည်နှောင်ထားပြီး ကလေးငယ်ကိုနို့တိုက်ကျွေးနေခဲ့တာပါ ။ ကလေးငယ်က အစပိုင်းမှာ နို့မစို့ဘဲငိုယိုနေပုံရလို့ ဖခင်ဖြစ်သူက ယခုလိုနည်းလမ်းမျိုး စဉ်းစားခဲ့ပုံရပြီး video ထဲမှာတွေ့မြင်ရတဲ့အတိုင် ကလေးငယ်ကလည်း ပျော်ပျော်ရွှင်ရွှင်နို့သောက်နေခဲ့တာပါ ။ ဒါတင်မကသေးပါဘူး ကလေးငယ်ရဲ့လက်ကလည်း မိခင်ရဲ့ဓာတ်ပုံကို ကိုင်နေခဲ့သေးတာပါ ။

အဆိုပါအဖြစ်အပျက်လေးက အတော့်ကိုရေပန်းစားခဲ့ပြီး လူအချို့က ကလေးငယ်နဲ့မိခင်ကြားခိုင်မြဲလွန်းတဲ့သံယောဇဉ်ကို ဖွဲ့ဆိုခဲ့ကြပေမဲ့ အချို့သောသူကတော့ tablet ဟာ အလင်းရောင်များလွန်းတဲ့အတွက် ရေရှည်မှာဆိုရင် ကလေးငယ်ရဲ့မျက်လုံးကို ထိခိုက်နိုင်ကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Mia (Mckzone Daily)

  • Leave a Comment