မြင်လိုက်တာနဲ့ ဟားခနဲဖြစ်သွားစေမဲ့ စက်ဘီးက ကားကိုဝင်တိုက်တဲ့ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီယာဉ်မတော်တဆမှု ရုပ်သံကိုကြည့်ရပြီးတော့ ရယ်ရမလာ ၊ ငိုရမလား လို့တောင်မသိတော့ပါဘူး ။ ရယ်လိုက်ရင်ပဲ ကိုယ်ကပဲ မကောင်းတဲ့လူ ဖြစ်တော့မယ်လိုလိုပေါ့ ။ ဒီအဖြစ်အပျက်ကတော့ စင်ကာပူနိုင်ငံရဲ့ လမ်းမကြီးပေါ်က မီးပွိုင့်ရှိတဲ့လမ်းဆုံတစ်နေရာမှာ ဖြစ်ပျက်ခဲ့တာပါ ။ Video ထဲမှာတော့ အဆိုပါကား နှင့် စက်ဘီးတို့မှာ ဘေးချင်းကပ်ယှဉ်လျက်မောင်းနေပေမဲ့လည်း မီးပွိုင်တစ်နေရာ အရောက်မှာတော့ ကားကရုတ်တရက် မီးနီမိတယ်ဆိုပြီး ရပ်လိုက်ပါတယ် ။

ထိုအချိန်မှာတော့ စက်ဘီးသမားဟာ အတော်လေးကို အလျင်လိုနေတဲ့ပုံစံမျိုးနှင့် အရှိန်ဖြင့်မောင်းနေခဲ့ကာ လမ်းတစ်ဖက်ကူးရန်အတွက် အနောက်သို့လှည့်ကြီးနောက် အရှေ့ပြန်လှည့်ချိန်မှာဘဲ အရှိန်နှင့်မောင်းနှင်လာသောစက်ဘီးက အရှိန်မထိန်းနိုင်တော့ဘဲ မီးပွိုင့်တွင်ရပ်ထားသောကား၏ အနောက်ဖက်ကိုဝင်တိုက်မိခဲ့ပြီး စက်ဘီးသမားမှာတော့ ကားမှာမျက်နှာ ကပ်လျက်ဖြင့်အောက်ဖက်သို့လျောကျသွားခဲ့ပါတယ် ။ ကြည့်လိုက်တာနဲ့ အဆိုပါvideo ဟာ ဟာသနှောနေသလို ရယ်နေရပြီး ကြာချိန်မှာ 10 စက္ကန့် ဝန်းကျင်သာရှိပါတယ် ။

၎င်း video ကိုတော့ Go-Jek Singapore Group ဆိုတဲ့ Facebook group တစ်ခုမှာဝေမျှထားခဲ့တာဖြစ်ပြီး ၊ အဆိုပါ video ကိုကြည့်ရှုခဲ့ကြတဲ့ လူအများအပြားကတော့ ပုံစံမျိုးစုံဖြင့် comment တွင်မှတ်ချက်များစွာရေးသားခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း စက်ဘီးသမားကိုတော့ ဒဏ်ရာကြီးကြီးမားမား မရရှိဖို့မျှော်လင့်ရမှာပါပဲလေ ။ ဒါကြောင့် မီးပွိုင့်တွေမှာဆိုရင် အရှိန်လျော့ပြီး ဂရုတစိုက်မောင်းနှင်ကြဖို့ သတိပေးလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မြင်လိုက်တာနဲ့ ဟားခနဲဖြစ်သွားစေမဲ့ စက်ဘီးက ကားကိုဝင်တိုက်တဲ့ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*