ေမွ်ာ္လင့္တႀကီးနဲ႔ ကားလာရပ္တဲ့သူတိုင္းကို အိမ္ေခၚျပန္ေအာင္ အၿမီးေလးလႈပ္ျပေနခဲ့တဲ့ လမ္းေဘးေခြးေလးေတြ(႐ုပ္သံ)

အသက္ ၁၈ ႏွစ္အ႐ြယ္ Destiny Vasquez အမည္ရွိတဲ့ေကာင္မေလးဟာ Texas ျပည္နယ္ Brownsville ၿမိဳ႕ရွိ စားေသာက္ဆိုင္တစ္ခုရဲ႕ကားရပ္နားရာေနရာမွာ ေစာင့္ေနစဥ္ ေၾကာက္လန႔္တုန္လႈပ္ၿပီး အစာငတ္မြတ္ေနတဲ့လမ္းေဘးေခြးေတြကို ေတြ႕ရွိခဲ့ပါတယ္။ေခြးေလးေတြအေပၚ သူမရဲ႕သနားၾကင္နာမႈကိုခ်က္ခ်င္းခံစားခဲ့ရၿပီး မိခင္ျဖစ္သူ Jessica Marin ကိုေခၚၿပီး ငိုခ်ပစ္ခဲ့ပါတယ္။Vasquez ဟာ သနားစရာေကာင္းတဲ့ေခြးေတြကို အိမ္ေခၚျပန္ဖို႔ သူမရဲ႕မိခင္အားရွင္းျပတဲ့အခါ Marin က သေဘာတူခဲ့ပါတယ္။ Marin ဟာ ေတာင္ပိုင္းတကၠဆက္ျပည္နယ္ရွိ လမ္းမ်ားမွ ေလလြင့္ေနတဲ့ေခြးမ်ားစြာကို ကယ္တင္ေပးခဲ့သူတစ္ဦးပါ။

သူမခ်က္ခ်င္းဘဲ ကားရပ္နားရာေနရာသို႔ ေျပးသြားခဲ့ကာ စားေသာက္ဆိုင္ရွိ၀န္ထမ္းအခ်ိဳ႕ကိုေမးျမန္းၿပီးေနာက္ အမိုးအကာမရွိဘဲ ကားရပ္နားရာေနရာမွာ ရက္သတၱပတ္အၾကာေနခဲ့တဲ့ ေခြးေလးႏွစ္ေကာင္ကို ေတြ႕ခဲ့ရပါတယ္။Marin ဟာ ေခြးေတြအတြက္ အသနားခံစာကို Facebook ေပၚမွာ မွ်ေဝခဲ့ၿပီးေနာက္ Houstonၿမိဳ႕ ရွိတိရိစာၦန္ကူညီထိန္းသိမ္းေရးရဲ႕ေစတနာ့ဝန္ထမ္း Ana Teran အမ်ိဳးသမီးထံသို႔ ေရာက္သြားခဲ့ပါတယ္။ထို႔ေနာက္ Teran ဟာ ကားတစ္စီးကိုခ်က္ခ်င္းငွါးကာ Houston မွ Brownsville သို႔ သြားခဲ့ၿပီး ေလလြင့္ေနတဲ့ေခြးေတြက သူမကိုေတြ႕ေတာ့ အရမ္းေပ်ာ္ၿပီးစိတ္လႈပ္ရွားေနခဲ့ၾကေပမဲ့ သူမကို နည္းနည္းေလးေတာင္ မေၾကာက္ခဲ့ၾကပါဘူး။

Houston သို႔ျပန္ေရာက္တာႏွင့္ Teran က ထိုေခြးႏွစ္ေကာင္ရဲ႕ေမြးစားအေမ လုပ္ဖို႔ဆုံးျဖတ္ခဲ့ၿပီး သူတို႔ကို Patty ႏွင့္ Pepper လို႔အမည္ေပးခဲ့ပါတယ္။သူမက Houston မွာ ေခြးေဂဟာပါ ဖြင့္ဖို႔ စဥ္းစားခဲ့ပါေသးတယ္။ေခြးေလးႏွစ္ေကာင္ကလည္း သူမႏွင့္အတူေနထိုင္ဖို႔ ၀မ္းသာေနခဲ့ၾကပါတယ္။ Patty ႏွင့္ Pepper တို႔ဟာ Teran အား အၿမဲတမ္းေက်းဇူးတင္ၾကၿပီး သူမနဲ႔ ေနရတဲ့မိနစ္တိုင္းမွာ ေပ်ာ္ေမြ႕ေနၾကမွာ အမွန္ပါဘဲ။လက္ရွိမွာေတာ့ ဒီေခြးစုံတြဲက ေမြးစားဖို႔အတြက္ အသင့္ရွိေနၿပီး သူတို႔ရဲ႕ထာဝရမိသားစုအသစ္ကို ေစာင့္ဆိုင္းေနပါတယ္။

1

2

3

4

Mia (Mckzone Daily)

Source : woofwoof

Unicode

အသက် ၁၈ နှစ်အရွယ် Destiny Vasquez အမည်ရှိတဲ့ကောင်မလေးဟာ Texas ပြည်နယ် Brownsville မြို့ရှိ စားသောက်ဆိုင်တစ်ခုရဲ့ကားရပ်နားရာနေရာမှာ စောင့်နေစဉ် ကြောက်လန့်တုန်လှုပ်ပြီး အစာငတ်မွတ်နေတဲ့လမ်းဘေးခွေးတွေကို တွေ့ရှိခဲ့ပါတယ်။ခွေးလေးတွေအပေါ် သူမရဲ့သနားကြင်နာမှုကိုချက်ချင်းခံစားခဲ့ရပြီး မိခင်ဖြစ်သူ Jessica Marin ကိုခေါ်ပြီး ငိုချပစ်ခဲ့ပါတယ်။

သူမချက်ချင်းဘဲ ကားရပ်နားရာနေရာသို့ ပြေးသွားခဲ့ကာ စားသောက်ဆိုင်ရှိ၀န်ထမ်းအချို့ကိုမေးမြန်းပြီးနောက် အမိုးအကာမရှိဘဲ ကားရပ်နားရာနေရာမှာ ရက်သတ္တပတ်အကြာနေခဲ့တဲ့ ခွေးလေးနှစ်ကောင်ကို တွေ့ခဲ့ရပါတယ်။Marin ဟာ ခွေးတွေအတွက် အသနားခံစာကို Facebook ပေါ်မှာ မျှဝေခဲ့ပြီးနောက် Houstonမြို့ ရှိတိရိစ္ဆာန်ကူညီထိန်းသိမ်းရေးရဲ့စေတနာ့ဝန်ထမ်း Ana Teran အမျိုးသမီးထံသို့ ရောက်သွားခဲ့ပါတယ်။

Houston သို့ပြန်ရောက်တာနှင့် Teran က ထိုခွေးနှစ်ကောင်ရဲ့မွေးစားအမေ လုပ်ဖို့ဆုံးဖြတ်ခဲ့ပြီး သူတို့ကို Patty နှင့် Pepper လို့အမည်ပေးခဲ့ပါတယ်။သူမက Houston မှာ ခွေးဂေဟာပါ ဖွင့်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ခွေးလေးနှစ်ကောင်ကလည်း သူမနှင့်အတူနေထိုင်ဖို့ ၀မ်းသာနေခဲ့ကြပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ေမွ်ာ္လင့္တႀကီးနဲ႔ ကားလာရပ္တဲ့သူတိုင္းကို အိမ္ေခၚျပန္ေအာင္ အၿမီးေလးလႈပ္ျပေနခဲ့တဲ့ လမ္းေဘးေခြးေလးေတြ(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*