တစ္နွစ္ခန္႔ညွပ္ထားခဲ့ရတဲ့ လက္သည္းခြံေတြကိုစုၿပီး ေစ့စပ္လက္စြပ္ျပဳလုပ္ခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

ဂ်ပန္ႏိုင္ငံက အမ်ိဳးသားတစ္ဦးဟာ တစ္ႏွစ္ခန္႔ညႇပ္ထားခဲ့တဲ့ သူရဲ႕လက္သည္းခြံေတြကိုစုၿပီး ေစ့စပ္လက္စြပ္ျပဳလုပ္ခဲ့ပါတယ္ ။ အဆိုပါလက္စြပ္ျပဳလုပ္ခဲ့တဲ့ ႐ုပ္သံကို သူ႔ရဲ႕ YouTube channel ျဖစ္တဲ့ Kiwami Japan မွာ ထုတ္လြင့္ျပသခဲ့ပါတယ္ ။ Video ထဲမွာေတာ့ အဆိုပါအမ်ိဳးသားဟာ သူတစ္ႏွစ္ခန္႔ (ရက္ေပါင္း 365 ရက္ခန္႔) ညႇပ္ထားတဲ့ လက္သည္းေတြကို ဖန္ပုလင္းအေသးေလးထဲမွာထည့္ၿပီး စုေဆာင္းထားခဲ့ပါတယ္ ။

ထို႔ေနာက္ လက္သည္းခြံေတြကို ႀကိတ္စက္ထဲထည့္ၿပီး ႀကိတ္ေျခ ခဲ့ပါတယ္ ။ ေနာက္တစ္ဆင့္အေနနဲ႔ ေကာ္ဖီေစ့ႀကိတ္တဲ့စက္ထဲေနာက္တစ္ႀကိမ္ထည့္ၿပီး ႀကိတ္ေျခ ခဲ့ပါတယ္ ။ ထို႔ေနာက္ရ႐ွိလာေသာ အမႈန္႔ကိုေရျဖင့္ေရာၿပီး ေစးကပ္ေအာင္ျပဳလုပ္လိုက္ၿပီး ပံုေဖာ္ေစတဲ့ပစၥည္းထဲ ထည့္ကာ Oven ထဲမွာ 90 မိနစ္ခန္႔ထားၿပီး ဖုတ္ခဲ့ပါတယ္ ။ ထို႔ေၾကာင့္ လက္သည္းမႈန္႔ဟာအတံုးေလးအေနႏွင့္ အမဲေရာင္အျဖစ္ေျပာင္းလဲသြားခဲ့ၿပီးေနာက္ စိန္ပံုစံခြက္ထဲသို႔ထည့္ကာ ပံုစံေဖာ္ၿပီးေနာက္ဆံုး ေက်ာက္ထည္ပံုစံအကြက္ေလးေတြႏွင့္ အမဲေရာင္လက္ဝတ္ရတနာမ်ိဳးရ႐ွိခဲ့ပါတယ္ ။

ထို႔အျပင္ ေငြထည္လက္စြပ္ကိုလည္း ကိုယ္တိုင္ျပဳလုပ္ၿပီးေနာက္ အဆိုပါလက္သည္းျဖင့္ျပဳလုပ္ထားေသာ စိန္ပံုစံလက္သည္းအတံုးေလးကိုတပ္ကာ လက္စြပ္ကိုအေခ်ာသတ္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း video ထဲမွာေတာ့ အဆိုပါအမ်ိဳးသား၏ ခ်စ္သူကို ၎လက္စြပ္ေပးၿပီး ေစ့စပ္ခြင့္ေတာင္းခဲ့တာမ်ိဳးကိုေတာ့မျပခဲ့ပါဘူး ။ သို႔ေပမဲ့လည္း သူရဲ႕ခ်စ္သူကို ေပးမလား ၊ မေပးဘူးလားကိုေတာ့ ခန္႔မွန္းလို႔မရပါဘူး ။ အဆိုပါအမ်ိဳးသား၏ ဖန္တီးတီထြင္ခဲ့တဲ့လက္စြပ္ video ကိုၾကည့္႐ႈၿပီးေနာက္ လူအမ်ားကအေတာ္ေလးကို အန္ထြက္ခ်င္ေလာက္ေအာင္ျဖစ္ခဲ့ေၾကာင္း ႏွင့္ အေတာ္ေလးကိုညစ္ပတ္ၿပီးရြံစရာေကာင္းလြန္ေၾကာင္း အမ်ိဳးစံုမွတ္ခ်က္ေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဂျပန်နိုင်ငံက အမျိုးသားတစ်ဦးဟာ တစ်နှစ်ခန့်ညှပ်ထားခဲ့တဲ့ သူရဲ့လက်သည်းခွံတွေကိုစုပြီး စေ့စပ်လက်စွပ်ပြုလုပ်ခဲ့ပါတယ် ။ အဆိုပါလက်စွပ်ပြုလုပ်ခဲ့တဲ့ ရုပ်သံကို သူ့ရဲ့ YouTube channel ဖြစ်တဲ့ Kiwami Japan မှာ ထုတ်လွင့်ပြသခဲ့ပါတယ် ။ Video ထဲမှာတော့ အဆိုပါအမျိုးသားဟာ သူတစ်နှစ်ခန့် (ရက်ပေါင်း 365 ရက်ခန့်) ညှပ်ထားတဲ့ လက်သည်းတွေကို ဖန်ပုလင်းအသေးလေးထဲမှာထည့်ပြီး စုဆောင်းထားခဲ့ပါတယ် ။

ထို့နောက် လက်သည်းခွံတွေကို ကြိတ်စက်ထဲထည့်ပြီး ကြိတ်ခြေ ခဲ့ပါတယ် ။ နောက်တစ်ဆင့်အနေနဲ့ ကော်ဖီစေ့ကြိတ်တဲ့စက်ထဲနောက်တစ်ကြိမ်ထည့်ပြီး ကြိတ်ခြေ ခဲ့ပါတယ် ။ ထို့နောက်ရရှိလာသော အမှုန့်ကိုရေဖြင့်ရောပြီး စေးကပ်အောင်ပြုလုပ်လိုက်ပြီး ပုံဖော်စေတဲ့ပစ္စည်းထဲ ထည့်ကာ Oven ထဲမှာ 90 မိနစ်ခန့်ထားပြီး ဖုတ်ခဲ့ပါတယ် ။ ထို့ကြောင့် လက်သည်းမှုန့်ဟာအတုံးလေးအနေနှင့် အမဲရောင်အဖြစ်ပြောင်းလဲသွားခဲ့ပြီးနောက် စိန်ပုံစံခွက်ထဲသို့ထည့်ကာ ပုံစံဖော်ပြီးနောက်ဆုံး ကျောက်ထည်ပုံစံအကွက်လေးတွေနှင့် အမဲရောင်လက်ဝတ်ရတနာမျိုးရရှိခဲ့ပါတယ် ။

ထို့အပြင် ငွေထည်လက်စွပ်ကိုလည်း ကိုယ်တိုင်ပြုလုပ်ပြီးနောက် အဆိုပါလက်သည်းဖြင့်ပြုလုပ်ထားသော စိန်ပုံစံလက်သည်းအတုံးလေးကိုတပ်ကာ လက်စွပ်ကိုအချောသတ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း video ထဲမှာတော့ အဆိုပါအမျိုးသား၏ ချစ်သူကို ၎င်းလက်စွပ်ပေးပြီး စေ့စပ်ခွင့်တောင်းခဲ့တာမျိုးကိုတော့မပြခဲ့ပါဘူး ။ သို့ပေမဲ့လည်း သူရဲ့ချစ်သူကို ပေးမလား ၊ မပေးဘူးလားကိုတော့ ခန့်မှန်းလို့မရပါဘူး ။ အဆိုပါအမျိုးသား၏ ဖန်တီးတီထွင်ခဲ့တဲ့လက်စွပ် video ကိုကြည့်ရှုပြီးနောက် လူအများကအတော်လေးကို အန်ထွက်ချင်လောက်အောင်ဖြစ်ခဲ့ကြောင်း နှင့် အတော်လေးကိုညစ်ပတ်ပြီးရွံစရာကောင်းလွန်ကြောင်း အမျိုးစုံမှတ်ချက်ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တစ္နွစ္ခန္႔ညွပ္ထားခဲ့ရတဲ့ လက္သည္းခြံေတြကိုစုၿပီး ေစ့စပ္လက္စြပ္ျပဳလုပ္ခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*