ကိုယ္ဝန္ေဆာင္ေၾကာင္မႀကီးကို သူ႔ေလွာင္အိမ္ထဲဖိတ္ေခၚၿပီး ေနခိုင္းခဲ့တဲ့ Pit Bull ေခြးေလး

Juan José P. Flores အမည္ရွိတဲ့အမ်ိဳးသားတစ္ဦးဟာ Hades လို႔ေခၚတဲ့ သူ႔ Pit Bull ေခြးႏွင့္အတူ မကၠဆီကိုႏိုင္ငံမွာ ေနထိုင္ၾကပါတယ္။Flores ဟာ သူမွတ္မိခဲ့တဲ့ကာလပတ္လုံး ရပ္ကြက္ထဲ အၿမဲေလလြင့္ေနတဲ့ေၾကာင္မႀကီးတစ္ေကာင္က သူ႔အိမ္ကိုလာေရာက္လည္ပတ္ေလ့ရွိၿပီး သူနဲ႔ဘယ္ေတာ့မွရင္းႏွီးျခင္းမရွိေပမဲ့လည္း သူမဆာေလာင္မြတ္သိပ္ျခင္းမရွိေစရန္ Flores က အစားအေသာက္ေတြကို အၿမဲတမ္းစြန႔္က်ဲေပးခဲ့ပါတယ္။မၾကာခင္မွာဘဲ ေန႔လည္ခင္းတစ္ခုမွာ Flores က အိမ္ေနာက္ေဘးေပါက္မွာထိုင္ေနစဥ္ တံခါးေခါက္သံကိုၾကားရတဲ့အခါ သူ႔ေခြးေလး Hades က ပစၥည္းတြဲေလာင္းဆြဲလာတာကို ေတြ႕ခဲ့ပါတယ္။

သို႔ေပမဲ့ Flores က ေခြးေလွာင္အိမ္ထဲမွာ ကိုယ္ဝန္ေဆာင္ေၾကာင္မႀကီးတစ္ေကာင္ရွိေနတာကို ေတြ႕လိုက္ရတာက သူ႔အတြက္ ပိုၿပီး အံ့ဩသြားေစခဲ့ပါတယ္။အခ်ိဳ႕လူေတြက ဒီ Hades လို႔ေခၚတဲ့ခ်ိဳၿမိန္တဲ့ေခြးတစ္ေကာင္ကို အေၾကာင္းမသိဘဲ ႐ုပ္ၾကည့္ၿပီး အဆိုး႐ြားဆုံးလို႔ယူဆေနခဲ့ၾကတာပါ။သို႔ေပမဲ့ Hades ေလးက လူသားေတြလိုဘဲ ေႏြးေထြးတဲ့ႏွလုံးသားကို ပိုင္ဆိုင္ထားတာပါ။သိပ္မၾကာခင္မွာဘဲ Nicol လို႔ေခၚတဲ့အဆိုပါေၾကာင္မႀကီးက လွပတဲ့ေၾကာင္ေပါက္ေလးႏွစ္ေကာင္ကို ေမြးခဲ့ပါေတာ့တယ္။သူတို႔အားလုံးရဲ႕ ေဘးကင္းလုံၿခဳံမႈ ေသခ်ာေစဖို႔ Flores က Hades ႏွင့္အတူ ေၾကာင္မႀကီးနဲ႔ ေၾကာင္ေပါက္ေလးေတြကို အိမ္ထဲသို႔ ေျပာင္းေ႐ႊ႕ေပးခဲ့ပါတယ္။

Flores က ေၾကာင္ေပါက္ေလးေတြကိုသယ္တဲ့အခါ Hades က သူ႔ကေလးငယ္ေတြကို ဂ႐ုမစိုက္ဘဲ စြန္႔ပစ္မယ္လို႔ ထင္ေနခဲ့ၿပီး သူ႔ကိုယ္သူ ခ်စ္စရာေကာင္းတဲ့ေၾကာင္ေပါက္ေလးတို႔ရဲ႕ဖခင္ လို႔ ထင္ေနခဲ့ပါေသးတယ္။Flores က ေၾကာင္ေလးႏွစ္ေကာင္အတြက္ အစဥ္အၿမဲေနထိုင္ႏိုင္တဲ့ေနအိမ္ရွာေပးဖို႔စီစဥ္ထားခဲ့ေပမယ့္ Hades ႏွင့္ Nicol တို႔ဟာ ဘယ္သူခြဲခြဲ သူတို႔မကြဲဆိုတဲ့အတိုင္း စိတ္တူ ကိုယ္တူ soulmate ေလးေတြျဖစ္လာခဲ့ၾကပါတယ္ ။သူတို႔ရဲ႕ ဇာတ္လမ္းေလးက အရမ္းကို ခ်စ္ဖို႔ေကာင္းလို႔ social media မွာ လူေျပာမ်ားေနလ်က္ရွိပါတယ္။

Mia (Mckzone Daily)

Source : woofwoof

Unicode

Juan José P. Flores အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ Hades လို့ခေါ်တဲ့ သူ့ Pit Bull ခွေးနှင့်အတူ မက္ကဆီကိုနိုင်ငံမှာ နေထိုင်ကြပါတယ်။Flores ဟာ သူမှတ်မိခဲ့တဲ့ကာလပတ်လုံး ရပ်ကွက်ထဲ အမြဲလေလွင့်နေတဲ့ကြောင်မကြီးတစ်ကောင်က သူ့အိမ်ကိုလာရောက်လည်ပတ်လေ့ရှိပြီး သူနဲ့ဘယ်တော့မှရင်းနှီးခြင်းမရှိပေမဲ့လည်း သူမဆာလောင်မွတ်သိပ်ခြင်းမရှိစေရန် Flores က အစားအသောက်တွေကို အမြဲတမ်းစွန့်ကျဲပေးခဲ့ပါတယ်။

သို့ပေမဲ့ Flores က ခွေးလှောင်အိမ်ထဲမှာ ကိုယ်ဝန်ဆောင်ကြောင်မကြီးတစ်ကောင်ရှိနေတာကို တွေ့လိုက်ရတာက သူ့အတွက် ပိုပြီး အံ့ဩသွားစေခဲ့ပါတယ်။အချို့လူတွေက ဒီ Hades လို့ခေါ်တဲ့ချိုမြိန်တဲ့ခွေးတစ်ကောင်ကို အကြောင်းမသိဘဲ ရုပ်ကြည့်ပြီး အဆိုးရွားဆုံးလို့ယူဆနေခဲ့ကြတာပါ။သို့ပေမဲ့ Hades လေးက လူသားတွေလိုဘဲ နွေးထွေးတဲ့နှလုံးသားကို ပိုင်ဆိုင်ထားတာပါ။

Flores က ကြောင်ပေါက်လေးတွေကိုသယ်တဲ့အခါ Hades က သူ့ကလေးငယ်တွေကို ဂရုမစိုက်ဘဲ စွန့်ပစ်မယ်လို့ ထင်နေခဲ့ပြီး သူ့ကိုယ်သူ ချစ်စရာကောင်းတဲ့ကြောင်ပေါက်လေးတို့ရဲ့ဖခင် လို့ ထင်နေခဲ့ပါသေးတယ်။Flores က ကြောင်လေးနှစ်ကောင်အတွက် အစဉ်အမြဲနေထိုင်နိုင်တဲ့နေအိမ်ရှာပေးဖို့စီစဉ်ထားခဲ့ပေမယ့် Hades နှင့် Nicol တို့ဟာ ဘယ်သူခွဲခွဲ သူတို့မကွဲဆိုတဲ့အတိုင်း စိတ်တူ ကိုယ်တူ soulmate လေးတွေဖြစ်လာခဲ့ကြပါတယ် ။သူတို့ရဲ့ ဇာတ်လမ်းလေးက အရမ်းကို ချစ်ဖို့ကောင်းလို့ social media မှာ လူပြောများနေလျက်ရှိနေပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ကိုယ္ဝန္ေဆာင္ေၾကာင္မႀကီးကို သူ႔ေလွာင္အိမ္ထဲဖိတ္ေခၚၿပီး ေနခိုင္းခဲ့တဲ့ Pit Bull ေခြးေလး"

Leave a comment

Your email address will not be published.


*