ခိုးကိုးရာမဲ့ၿပီး မိဘေတြရဲ႕ထားရစ္ခဲ့ျခင္းမ်ိဳးၾကံဳခဲ့ရတဲ့ 2ႏွစ္အရြယ္ကေလး ရဲ႕အျဖစ္ဆိုး

Arfan အမည္႐ွိတဲ့ အသက္ 2ႏွစ္အရြယ္ကေလးငယ္ေလးဟာ တစ္ေယာက္တည္းသာက်န္႐ွိခဲ့ရေလာက္ေအာင္မိဘေတြရဲ႕႐ုတ္တရက္ထားရစ္ခဲ့ျခင္းမ်ိဳးၾကံဳေတြ႔ခဲ့ရပါတယ္ ။ ျဖစ္စဥ္မွာေတာ့ Arfan ရဲ႕မိဘေတြျဖစ္ၾကတဲ့ Nurul Ashikin ႏွင့္ Muhammad Syakiran တို႔ဟာ Kuala Lumpur ၿမိဳ႕ရဲ႕အျမန္လမ္းတစ္ေနရာမွာ ယဥ္မေတာ္တဆမႈျဖစ္ၿပီး ပြဲခ်င္းၿပီးေသဆံုးသြားခဲ့ၾကလို႔ပါပဲ ။ အဆိုပါအျဖစ္အပ်က္ဟာ ေအာက္တိုဘာလ 29ရက္ေန႔ ၊ မနက္ခင္း 8နာရီအခ်ိန္မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ကေလးငယ္၏မိခင္က အိမ္ကေနမထြက္ခြာမီ သူမ၏သားေလးကို ” ေမေမအိမ္ျပန္ေနာက္က်ခဲ့ရင္ ကေလးထိန္းအန္တီနဲ႔ အတူတူအိပ္ေနာ္ ” ဆိုၿပီး မွာၾကားခဲ့ပါေသးတယ္ ။ ၎စကား ကေတာ့ 2ႏွစ္သားအရြယ္ Arfan ေလးအတြက္ မိခင္ရဲ႕ေနာက္ဆံုး အမွာစကားေလးျဖစ္ခဲ့ပါတယ္ ။

အခင္ျဖစ္ပြားရာ မနက္ခင္း 8နာရီအခ်ိန္က Arfan ရဲ႕မိဘႏွစ္ပါးလံုးဟာ အလုပ္ကိုဆိုင္ကယ္စီးၿပီး အတူတူသြားခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း မီးပြိဳင့္ေၾကာင့္ရပ္ေနၾကတဲ့ယာဥ္တန္းအ႐ွည္ႀကီးကိုျမင္ေတာ့ ယာဥ္တန္း႐ွည္ႀကီးကိုေ႐ွာဥ္ဖို႔ လမ္းက်ဥ္းေလးဖက္ကေန ေမာင္းဖို႔လုပ္ေနတုန္း လမ္းလယ္မွာရပ္ထားတဲ့ ကုန္ကားႀကီးကိုမျမင္လိုက္ပဲ အ႐ွိန္ျပင္းျပင္းျဖင့္ ဝင္တိုက္မိခဲ့ပါတယ္ ။ မိခင္ျဖစ္သူမွာေတာ့ အခင္းျဖစ္ပြားရာေနရာမွာ ပြဲခ်င္းၿပီးေသဆံုးသြားခဲ့ၿပီး ၊ ဖခင္ျဖစ္သူမွာေတာ့ ေဆးရံုသို႔ေရာက္႐ွိၿပီး 2နာရီအၾကာမွာ ေသဆံုးသြားခဲ့ရပါတယ္ ။

ထို႔အျပင္ Arfan ရဲ့မိခင္ျဖစ္သူဟာေသဆံုးသြားခဲ့ခ်ိန္မွာ အႁမႊာကေလးကိုယ္ဝန္ကိုပါ လြယ္ထားရေသးေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔အျပင္ Arfan တို႔ရဲ႕အျခားေဆြမ်ိဳးေတြမွာေတာ့ ” ကြၽန္မတို႔ တစ္ေယာက္ကမွ အဲ့အေၾကာင္းမသိခဲ့ၾကဘူး ၊ မနက္ခင္းအေစာႀကီးမွာျဖစ္ပ်က္ခဲ့တာမို႔လို႔ထင္တယ္ ဘယ္သူကမွ ကြၽန္မတို႔ကို သတင္းမပို႔ခဲ့ၾကဘူး ” ဆိုၿပီး ေျပာဆိုခဲ့ၾကပါတယ္ ။ အဆိုပါ ယာဥ္မေတာ္တဆမႈကို ဆက္လက္ၿပီးစံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ သို႔ေပမဲ့လည္း Arfan ေလးမွာေတာ့ ယခုအခ်ိန္မွာ မိဘေတြ ၊ မေမြးဖြားလာခဲ့ရေသးတဲ့ ဗိုက္ထဲက ေမာင္ႏွမေတြရဲ႕ အၿပီးအပိုင္စြန္႔ခြာသြားျခင္းကိုခံခဲ့ရၿပီး ၊ တစ္ကိုယ္တည္းသာ အသက္႐ွင္က်န္ရစ္ေနခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Arfan အမည်ရှိတဲ့ အသက် 2နှစ်အရွယ်ကလေးငယ်လေးဟာ တစ်ယောက်တည်းသာကျန်ရှိခဲ့ရလောက်အောင်မိဘတွေရဲ့ရုတ်တရက်ထားရစ်ခဲ့ခြင်းမျိုးကြုံတွေ့ခဲ့ရပါတယ် ။ ဖြစ်စဉ်မှာတော့ Arfan ရဲ့မိဘတွေဖြစ်ကြတဲ့ Nurul Ashikin နှင့် Muhammad Syakiran တို့ဟာ Kuala Lumpur မြို့ရဲ့အမြန်လမ်းတစ်နေရာမှာ ယဉ်မတော်တဆမှုဖြစ်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြလို့ပါပဲ ။ အဆိုပါအဖြစ်အပျက်ဟာ အောက်တိုဘာလ 29ရက်နေ့ ၊ မနက်ခင်း 8နာရီအချိန်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ကလေးငယ်၏မိခင်က အိမ်ကနေမထွက်ခွာမီ သူမ၏သားလေးကို ” မေမေအိမ်ပြန်နောက်ကျခဲ့ရင် ကလေးထိန်းအန်တီနဲ့ အတူတူအိပ်နော် ” ဆိုပြီး မှာကြားခဲ့ပါသေးတယ် ။ ၎င်းစကား ကတော့ 2နှစ်သားအရွယ် Arfan လေးအတွက် မိခင်ရဲ့နောက်ဆုံး အမှာစကားလေးဖြစ်ခဲ့ပါတယ် ။

အခင်ဖြစ်ပွားရာ မနက်ခင်း 8နာရီအချိန်က Arfan ရဲ့မိဘနှစ်ပါးလုံးဟာ အလုပ်ကိုဆိုင်ကယ်စီးပြီး အတူတူသွားခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း မီးပွိုင့်ကြောင့်ရပ်နေကြတဲ့ယာဉ်တန်းအရှည်ကြီးကိုမြင်တော့ ယာဉ်တန်းရှည်ကြီးကိုရှောဉ်ဖို့ လမ်းကျဉ်းလေးဖက်ကနေ မောင်းဖို့လုပ်နေတုန်း လမ်းလယ်မှာရပ်ထားတဲ့ ကုန်ကားကြီးကိုမမြင်လိုက်ပဲ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်မိခဲ့ပါတယ် ။ မိခင်ဖြစ်သူမှာတော့ အခင်းဖြစ်ပွားရာနေရာမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၊ ဖခင်ဖြစ်သူမှာတော့ ဆေးရုံသို့ရောက်ရှိပြီး 2နာရီအကြာမှာ သေဆုံးသွားခဲ့ရပါတယ် ။

ထို့အပြင် Arfan ရဲ့မိခင်ဖြစ်သူဟာသေဆုံးသွားခဲ့ချိန်မှာ အမြွှာကလေးကိုယ်ဝန်ကိုပါ လွယ်ထားရသေးကြောင်းသိရှိရပါတယ် ။ ထို့အပြင် Arfan တို့ရဲ့အခြားဆွေမျိုးတွေမှာတော့ ” ကျွန်မတို့ တစ်ယောက်ကမှ အဲ့အကြောင်းမသိခဲ့ကြဘူး ၊ မနက်ခင်းအစောကြီးမှာဖြစ်ပျက်ခဲ့တာမို့လို့ထင်တယ် ဘယ်သူကမှ ကျွန်မတို့ကို သတင်းမပို့ခဲ့ကြဘူး ” ဆိုပြီး ပြောဆိုခဲ့ကြပါတယ် ။ အဆိုပါ ယာဉ်မတော်တဆမှုကို ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း Arfan လေးမှာတော့ ယခုအချိန်မှာ မိဘတွေ ၊ မမွေးဖွားလာခဲ့ရသေးတဲ့ ဗိုက်ထဲက မောင်နှမတွေရဲ့ အပြီးအပိုင်စွန့်ခွာသွားခြင်းကိုခံခဲ့ရပြီး ၊ တစ်ကိုယ်တည်းသာ အသက်ရှင်ကျန်ရစ်နေခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခိုးကိုးရာမဲ့ၿပီး မိဘေတြရဲ႕ထားရစ္ခဲ့ျခင္းမ်ိဳးၾကံဳခဲ့ရတဲ့ 2ႏွစ္အရြယ္ကေလး ရဲ႕အျဖစ္ဆိုး"

Leave a comment

Your email address will not be published.


*