ပစၥည္းပို႔သမားကို သူခိုးဆိုၿပီး ဝိုင္း႐ိုက္ခဲ့ၾကတဲ့အျပင္ ဆိုင္ကယ္ကိုပါ႐ိုက္ခြဲပစ္ခဲ့ၾကတဲ့ လူအုပ္စုရဲ႕ (႐ုပ္သံ)

အခ်ိဳ႕ေသာသူေတြက ဆိုင္ကယ္ေမာင္းၿပီးလုယက္မႈမ်ိဳးေတြျပဳလုပ္ၾကေပမဲ့ ၊ အခ်ိဳ႕ေသာသူေတြကေတာ့ ႐ိုး႐ိုးသားသားႀကိဳးစားၿပီး ကိုယ့္ရဲ႕ဝင္ေငြေတြအတြက္ႀကိဳးစားေနၾကတာပါ ။ ဒီတစ္ေခါက္အျဖစ္အပ်က္ကေတာ့ ေယာက်ၤားအုပ္စုတစ္စုဟာ အစားအေသာက္ေတြပို႔ေဆာင္ေပးတဲ့ဆိုင္ကယ္သမားကို သူခိုးဟုထင္မွတ္ကာ ႐ိုက္ႏွက္ခဲ့ၾကၿပီး သူ၏ဆိုင္ကယ္ကိုပါ႐ိုက္ခြဲပစ္တဲ့အထိ လူမဆန္စြာအႏိုင္က်င့္ခဲ့ၾကလို႔ အဆိုပါသတင္းဟာ လူအမ်ားကိုစိတ္ဆိုးေဒါသထြက္ေစခဲ့ပါတယ္ ။

အဆိုပါ video ကိုေတာ့ အစားအစာပို႔ေဆာင္းေပးတဲ့ဆိုင္ကယ္သမားကို႐ိုက္ႏွက္ခဲ့ၾကတဲ့ အုပ္စုမွ အမ်ိဳးသားတစ္ေယာက္ဟာ သူ၏ @thatsiameseguy အမည္နဲ႔ Twitter စာမ်က္ႏွာေပၚမွာ ေဝမ်ွထားခဲ့တာျဖစ္ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ရဲ႕မ်က္ျမင္သက္ေသတစ္ဦး၏ ေျပာျပခ်က္အရ အဆိုပါအုပ္စုမွအမ်ိဳးသားတစ္ေယာက္ဟာ အစားအေသာက္ပို႔ေဆာင္ေပးတဲ့အမ်ိဳးသားရဲ႕ဆိုင္ကယ္ကိုတိုက္မိသြားခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ ဆိုယ္ကယ္တိုက္မိလို႔ေလ်ာ္ေၾကးေပးရန္ ျငင္းခံုေနၾကေပမဲ့ ၊ ေနာက္ပိုင္း အဆိုပါအုပ္စုမွအဖြဲ႔ဝင္တစ္ေယာက္ ဖုန္းျပဳတ္က်၍ အစားအေသာက္ပို႔သမားကေကာက္ယူၿပီးျပန္ေပးဖို႔လုပ္ခဲ့ေပမဲ့ အဆိုပါအုပ္စုက အစားအေသာက္ပို႔သမားကိုသူခိုးဟု ထင္မွတ္ကာ အျပင္းအထန္အုပ္စုလိုက္႐ိုက္ႏွက္ခဲ့ၾကတဲ့အျပင္ ၊ အစားအေသာက္ပို႔သမား၏ဆိုင္ကယ္ကိုပါ ႐ိုက္ခြဲခဲ့ၾကပါတယ္ ။

Video ထဲမွာၾကားသိရတဲ့အတိုင္း အစားအေသာက္ပို႔သမားကသူ၏ဆိုင္ကယ္ကို မ႐ိုက္ခြဲဖို႔ေတာင္းပန္ေနေပမဲ့လည္း အဆိုပါအုပ္စုက ပါးစပ္ပိတ္စမ္းဆိုၿပီးေအာ္ဆဲကာ သူ႔အားထပ္မံ႐ိုက္ႏွက္ၿပီး video ပါ႐ိုက္ကူးခဲ့ၾကပါတယ္ ။ ထို႔ေနာက္ အဆိုပါအစားအေသာက္ပို႔သမားကို လမ္းေဘးတြင္သာပစ္ထားခဲ့ၾကၿပီးေနာက္ဆိုင္ကယ္သမား၏ေယာက္ဖေတာ္စပ္သူက သူ႔အားလမ္းေဘးမွလာေရာက္ကူညီေခၚေဆာင္သြားေပးခဲ့ပါတယ္ ။ ထို႔ေနာက္ အစားအေသာက္ပို႔သမားက သူ၏ေယာက္ဖေတာ္စပ္သူကို ျဖစ္စဥ္အေၾကာင္းအရာမ်ိဳးစံုကို တိုင္ၾကားခဲ့ပါတယ္ ။ အဆိုပါ Video ကိုၾကည့္႐ႈခဲ့ၾကတဲ့လူအမ်ားစုကေတာ့ ၎အုပ္စုဖြဲ႔႐ုိက္ႏွက္ခဲ့ၾကတဲ့သူေတြဟာ သူတို႔ထင္ျမင္ခ်က္ကိုသာတစ္ဖက္ေစာင္းေတြးထင္ၿပီး အျခားတစ္ဖက္လူရဲ႕ေျဖ႐ွင္းခ်က္ကို နားမေထာင္ဘဲကိုယ္ထိလက္ေရာက္႐ိုက္ႏွက္ခဲ့ၾကတဲ့ လုပ္ရပ္မ်ိဳးအတြက္အေတာ္ေလးကို စက္ဆုပ္ရြံ႐ွာၿပီး ျပစ္တင္ေဝဖန္လ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အချို့သောသူတွေက ဆိုင်ကယ်မောင်းပြီးလုယက်မှုမျိုးတွေပြုလုပ်ကြပေမဲ့ ၊ အချို့သောသူတွေကတော့ ရိုးရိုးသားသားကြိုးစားပြီး ကိုယ့်ရဲ့ဝင်ငွေတွေအတွက်ကြိုးစားနေကြတာပါ ။ ဒီတစ်ခေါက်အဖြစ်အပျက်ကတော့ ယောင်္ကျားအုပ်စုတစ်စုဟာ အစားအသောက်တွေပို့ဆောင်ပေးတဲ့ဆိုင်ကယ်သမားကို သူခိုးဟုထင်မှတ်ကာ ရိုက်နှက်ခဲ့ကြပြီး သူ၏ဆိုင်ကယ်ကိုပါရိုက်ခွဲပစ်တဲ့အထိ လူမဆန်စွာအနိုင်ကျင့်ခဲ့ကြလို့ အဆိုပါသတင်းဟာ လူအများကိုစိတ်ဆိုးဒေါသထွက်စေခဲ့ပါတယ် ။

အဆိုပါ video ကိုတော့ အစားအစာပို့ဆောင်းပေးတဲ့ဆိုင်ကယ်သမားကိုရိုက်နှက်ခဲ့ကြတဲ့ အုပ်စုမှ အမျိုးသားတစ်ယောက်ဟာ သူ၏ @thatsiameseguy အမည်နဲ့ Twitter စာမျက်နှာပေါ်မှာ ဝေမျှထားခဲ့တာဖြစ်ပါတယ် ။ အဆိုပါအဖြစ်အပျက်ရဲ့မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ အဆိုပါအုပ်စုမှအမျိုးသားတစ်ယောက်ဟာ အစားအသောက်ပို့ဆောင်ပေးတဲ့အမျိုးသားရဲ့ဆိုင်ကယ်ကိုတိုက်မိသွားခဲ့ပါတယ် ။ အစပိုင်းမှာတော့ ဆိုယ်ကယ်တိုက်မိလို့လျော်ကြေးပေးရန် ငြင်းခုံနေကြပေမဲ့ ၊ နောက်ပိုင်း အဆိုပါအုပ်စုမှအဖွဲ့ဝင်တစ်ယောက် ဖုန်းပြုတ်ကျ၍ အစားအသောက်ပို့သမားကကောက်ယူပြီးပြန်ပေးဖို့လုပ်ခဲ့ပေမဲ့ အဆိုပါအုပ်စုက အစားအသောက်ပို့သမားကိုသူခိုးဟု ထင်မှတ်ကာ အပြင်းအထန်အုပ်စုလိုက်ရိုက်နှက်ခဲ့ကြတဲ့အပြင် ၊ အစားအသောက်ပို့သမား၏ဆိုင်ကယ်ကိုပါ ရိုက်ခွဲခဲ့ကြပါတယ် ။

Video ထဲမှာကြားသိရတဲ့အတိုင်း အစားအသောက်ပို့သမားကသူ၏ဆိုင်ကယ်ကို မရိုက်ခွဲဖို့တောင်းပန်နေပေမဲ့လည်း အဆိုပါအုပ်စုက ပါးစပ်ပိတ်စမ်းဆိုပြီးအော်ဆဲကာ သူ့အားထပ်မံရိုက်နှက်ပြီး video ပါရိုက်ကူးခဲ့ကြပါတယ် ။ ထို့နောက် အဆိုပါအစားအသောက်ပို့သမားကို လမ်းဘေးတွင်သာပစ်ထားခဲ့ကြပြီးနောက်ဆိုင်ကယ်သမား၏ယောက်ဖတော်စပ်သူက သူ့အားလမ်းဘေးမှလာရောက်ကူညီခေါ်ဆောင်သွားပေးခဲ့ပါတယ် ။ ထို့နောက် အစားအသောက်ပို့သမားက သူ၏ယောက်ဖတော်စပ်သူကို ဖြစ်စဉ်အကြောင်းအရာမျိုးစုံကို တိုင်ကြားခဲ့ပါတယ် ။ အဆိုပါ Video ကိုကြည့်ရှုခဲ့ကြတဲ့လူအများစုကတော့ ၎င်းအုပ်စုဖွဲ့ရိုက်နှက်ခဲ့ကြတဲ့သူတွေဟာ သူတို့ထင်မြင်ချက်ကိုသာတစ်ဖက်စောင်းတွေးထင်ပြီး အခြားတစ်ဖက်လူရဲ့ဖြေရှင်းချက်ကို နားမထောင်ဘဲကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့ကြတဲ့ လုပ်ရပ်မျိုးအတွက်အတော်လေးကို စက်ဆုပ်ရွံရှာပြီး ပြစ်တင်ဝေဖန်လျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ပစၥည္းပို႔သမားကို သူခိုးဆိုၿပီး ဝိုင္း႐ိုက္ခဲ့ၾကတဲ့အျပင္ ဆိုင္ကယ္ကိုပါ႐ိုက္ခြဲပစ္ခဲ့ၾကတဲ့ လူအုပ္စုရဲ႕ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*