အိမ္နီးခ်င္းေတြေပ်ာ္ေအာင္ ဗုဒၶဟူးေန႔တိုင္း ဖက္ရွင္အလန္းစားျဖင့္ အမႈိက္ပုံးနဲ႔အတူ ဓာတ္ဖမ္းေလ့ရွိတဲ့ အမ်ိဳးသမီး

အသက္ ၄၉ ႏွစ္အ႐ြယ္ Nicola Matthews အမည္ရွိတဲ့အမ်ိဳးသမီးတစ္ဦးဟာ Covid-19 ကာလမွာ သူမရဲ႕အိမ္နီးခ်င္းေတြကို စိတ္႐ႊင္လန္းေပ်ာ္႐ႊင္သြားေစဖို႔ သူမဟာ တစ္ပတ္မွာ တစ္ႀကိမ္ ဂါဝန္ေတြကို ဝတ္ဆင္ေလ့ရွိတဲ့အျပင္ ဆံပင္ႏွင့္မိတ္ကပ္အျပည့္ျပင္ဆင္ၿပီး ဘီးတပ္ထားတဲ့အမႈိက္ပုံးႏွင့္အတူ ဓာတ္ပုံတြဲ႐ိုက္ေလ့ရွိပါတယ္။သူမက တစ္ႀကိမ္တည္းဘဲလုပ္မယ္လို႔စဥ္းစားခဲ့ေပမဲ့ အပတ္တိုင္း အစဥ္အလာတစ္ခုလိုျဖစ္လာခဲ့ပါတယ္။Nicola ဟာ ရက္သတၱပတ္ေပါင္း အပတ္ ၂၀ လုံးလုံးရဲ႕ ဗုဒၶဟူးေန႔ေရာက္တိုင္း အဂၤလန္ႏိုင္ငံ Waltham Abbey ၿမိဳ႕ရွိ သူမရဲ႕အိမ္အျပင္ဘက္က အမႈိက္ပုံးနဲ႔ ဓာတ္ပုံ႐ိုက္သြားဖို႔ အၿမဲအဆင္သင့္ျဖစ္ေနတတ္ပါတယ္။

အစပိုင္းေတာ့ Nicola ရဲ႕အဝတ္အစားေတြက အေတာ္အတန္ေလး႐ိုးရွင္းေနခဲ့ပါတယ္။သို႔ေပမဲ့ မၾကာခင္မွာ ေရာ္ဘာလက္အိတ္မ်ား ၊ ေရွးေခတ္ကာလကိုျပန္ႏိုးႂကြေစတဲ့ဝတ္စုံမ်ား ႏွင့္ အိမ္ရွင္မဝတ္စုံကဲ့သို႔ေသာ အဝတ္အစားမ်ား ႏွင့္ အျဖဴေရာင္သ႐ုတ္ေဆာင္ဝတ္စုံမ်ားလည္း ပါ၀င္လာခဲ့ပါတယ္။သူငယ္ခ်င္း ၊ မိသားစုႏွင့္ အိမ္နီးခ်င္းေတြက ေပ်ာ္စရာေကာင္းတဲ့သူမရဲ႕အစီအစဥ္မွာ ပါ၀င္လာခဲ့ၾကၿပီး Nicola က သူမရဲ႕ဖက္ရွင္ပုံေတြကို အပတ္ ၂၀ လုံးလုံးစုေဆာင္းလာခဲ့ၿပီး ရရွိလာတဲ့ ရာႏွင့္ခ်ီတဲ့ အလႉေငြေတြကို မရွိဆင္းရဲသားမ်ားအား ေထာက္ပံ့ကူညီေပးခဲ့ပါတယ္။

“ အရမ္းကိုရယ္ရတဲ့အဝတ္အစားေတြဝတ္ၿပီး ကြၽန္မက ဘီးတပ္ထားတဲ့အမႈိက္ပုံးကိုသြားၿပီး တြန္းခဲ့တယ္ ၊ ကြၽန္မ ၀တ္စုံအျပည့္၀တ္ၿပီး အိမ္ျပင္ထြက္လာတဲ့အခ်ိန္တိုင္း လူေတြက ကြၽန္မကို အားေပးအားေျမႇာက္လုပ္ေပးျခင္းက ၀မ္းသာစရာပါပဲ ၊ အပတ္ေပါင္း ၂၀ အတြင္း ကြၽန္မလုပ္ခဲ့တဲ့အရာက ကြၽန္မေပ်ာ္ေမြ႕ဖို႔အတြက္ က်ိန္းေသလုံေလာက္ေနခဲ့တယ္” လို႔ Nicola ကဆိုခဲ့ပါေသးတယ္။ေရာဂါအတြင္း လူေတြကို ေပ်ာ္႐ႊင္ေစခ်င္တဲ့ သူမရဲ႕စိတ္ထားက ခ်ီးက်ဴးစရာပါဘဲ ။ဟုတ္ပါတယ္ ေရာဂါေၾကာင့္သာ မဟုတ္ရင္ ခုခ်ိန္ အျပင္မွာ လူစည္ကားေနမွာပါဘဲဗ်ာ။ေတြးေတြးရင္း စိတ္ေလေနမိပ္တယ္ေလ။

1

2

3

4

5

6

Mia (Mckzone Daily)

Source : metro

Unicode

အသက် ၄၉ နှစ်အရွယ် Nicola Matthews အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ Covid-19 ကာလမှာ သူမရဲ့အိမ်နီးချင်းတွေကို စိတ်ရွှင်လန်းပျော်ရွှင်သွားစေဖို့ သူမဟာ တစ်ပတ်မှာ တစ်ကြိမ် ဂါဝန်တွေကို ဝတ်ဆင်လေ့ရှိတဲ့အပြင် ဆံပင်နှင့်မိတ်ကပ်အပြည့်ပြင်ဆင်ပြီး ဘီးတပ်ထားတဲ့အမှိုက်ပုံးနှင့်အတူ ဓာတ်ပုံတွဲရိုက်လေ့ရှိပါတယ်။သူမက တစ်ကြိမ်တည်းဘဲလုပ်မယ်လို့စဉ်းစားခဲ့ပေမဲ့ အပတ်တိုင်း အစဉ်အလာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။

အစပိုင်းတော့ Nicola ရဲ့အဝတ်အစားတွေက အတော်အတန်လေးရိုးရှင်းနေခဲ့ပါတယ်။သို့ပေမဲ့ မကြာခင်မှာ ရော်ဘာလက်အိတ်များ ၊ ရှေးခေတ်ကာလကိုပြန်နိုးကြွစေတဲ့ဝတ်စုံများ နှင့် အိမ်ရှင်မဝတ်စုံကဲ့သို့သော အဝတ်အစားများ နှင့် အဖြူရောင်သရုတ်ဆောင်ဝတ်စုံများလည်း ပါ၀င်လာခဲ့ပါတယ်။သူငယ်ချင်း ၊ မိသားစုနှင့် အိမ်နီးချင်းတွေက ပျော်စရာကောင်းတဲ့သူမရဲ့အစီအစဉ်မှာ ပါ၀င်လာခဲ့ကြပြီး Nicola က သူမရဲ့ဖက်ရှင်ပုံတွေကို အပတ် ၂၀ လုံးလုံးစုဆောင်းလာခဲ့ပြီး ရရှိလာတဲ့ ရာနှင့်ချီတဲ့ အလှူငွေတွေကို မရှိဆင်းရဲသားများအား ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

“ အရမ်းကိုရယ်ရတဲ့အဝတ်အစားတွေဝတ်ပြီး ကျွန်မက ဘီးတပ်ထားတဲ့အမှိုက်ပုံးကိုသွားပြီး တွန်းခဲ့တယ် ၊ ကျွန်မ ၀တ်စုံအပြည့်၀တ်ပြီး အိမ်ပြင်ထွက်လာတဲ့အချိန်တိုင်း လူတွေက ကျွန်မကို အားပေးအားမြှောက်လုပ်ပေးခြင်းက ၀မ်းသာစရာပါပဲ ၊ အပတ်ပေါင်း ၂၀ အတွင်း ကျွန်မလုပ်ခဲ့တဲ့အရာက ကျွန်မပျော်မွေ့ဖို့အတွက် ကျိန်းသေလုံလောက်နေခဲ့တယ်” လို့ Nicola ကဆိုခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "အိမ္နီးခ်င္းေတြေပ်ာ္ေအာင္ ဗုဒၶဟူးေန႔တိုင္း ဖက္ရွင္အလန္းစားျဖင့္ အမႈိက္ပုံးနဲ႔အတူ ဓာတ္ဖမ္းေလ့ရွိတဲ့ အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*