ကြောင်းကလေးရဲ့ ခြေလက်တွေကိုကြိုးတုတ်ပြီး ရေမြောင်းထဲမှာစွန့်ပစ်ခဲ့တဲ့ ရက်စက်လွန်းတဲ့ ကြောင်ပိုင်ရှင်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိမ်မွေးတိရစ္ဆာန်တွေကိုမွေးမယ်ဆိုရင်တော့ သူတို့လေးတွေကိုဂရုစိုက်ပေးရမည့်အပြင် အစစအရာရာသင်ကြားပေးရမှာပါ ။ ထို့အပြင် အိမ်မွေးတိရစ္ဆာန်တွေကို တွေ့တဲ့နေရာမှာမစင်မစွန့်အောင်လည်း လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ် ။ သို့ပေမဲ့လည်း တစ်ခါတစ်လေမှာတော့ သူတို့လေးတွေဟာ တိရစ္ဆာန်ဆိုတဲ့အတိုင်း မစင်ကိုသေချာစွန့်ဖို့ကျတော့ သူတို့လေးတွေအတွက် သတိလက်လွတ်ဖြစ်စေပြီး ၊ မှတ်မိအောင် သင်ကြားပေးဖို့ခက်ပါတယ် ။ ဒါပေမဲ့လည်း ကြောင်းကလေးကို မစင်စွန်တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ကတော့ ယခုကဲ့သို့လုပ်ရက်မျိုးနဲ့မနှိပ်စက်သင့်ပါဘူး ။

Dunia Kucing Malaysia ဆိုတဲ့ Facebook Page တစ်ခုမှာဝေမျှထားခဲ့တာကတော့ ကြောင်ကလေးတစ်ကောင်ကို စာနာစိတ်ရှိတဲ့သူတစ်ဦးက ကယ်တင်ခဲ့ပုံနှင့် အဆိုပါကြောင်လေး၏ခြေလက်များကို တင်းတင်းကြပ်ကြပ်ကြိုးတုတ်လျက်သားဖြင့် ရေမြောင်းထဲမှာစွန့်ပစ်ထားခဲ့ပုံတို့ဖြစ်ပါတယ် ။ ထို ကြောင်လေးကိုစတွေ့ခဲ့ချိန်က ရေမြောင်ထဲမှာ ပေါ်လောလေးပေါ်နေတဲ့ အမှိုက်အိတ်လို့ထင်ရပေမဲ့လည်း ကြောင်ကလေးဖြစ်နေခဲ့၍ အချိန်မီကယ်တင်ပေးနိုင်ခဲ့ပါတယ် ။

ထို့အပြင် အခြား Facebook page တစ်ခုမှာလည်း အဆိုပါဓာတ်ပုံတစ်ခုထဲကို ” ကြောင်ကလေးက တွေ့တဲ့နေရာမှာမစင်စွန့်လို့ ဖြစ်ရမယ် ၊ အဲ့ဒီကြောင်ပိုင်ရှင်လည်း အသက်ကြီးလာလို့ ကိုယ့်ကိုဂရုမစိုက်နိုင်တော့တဲ့အချိန်ကျရင် အဲ့လိုမျိုးပြန်ခံစားရမှာပဲ ” ဆိုပြီးရေးသားကာ ဝေမျှခဲ့ပါတယ် ။ ထို့ကြောင့် အဆိုပါပုံလေးကိုကြည့်မိပြီး အချို့မှာ အသိတရားရလာခဲ့ကာ ငါတို့တွေအသက်ကြီးလာလို့ ကိုယ့်ကိုယ်ဂရုမစိုက်နိုင်တော့တဲ့အချိန်ကျရင် သားသမီးတွေက အဲ့လိုပုံစံနဲ့ငါတို့ကို ဆက်ဆံကြမှာလား ဆိုပြီး မှတ်ချက်ရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကြောင်းကလေးရဲ့ ခြေလက်တွေကိုကြိုးတုတ်ပြီး ရေမြောင်းထဲမှာစွန့်ပစ်ခဲ့တဲ့ ရက်စက်လွန်းတဲ့ ကြောင်ပိုင်ရှင်"

Leave a comment

Your email address will not be published.


*