ဖင်နိုက်ထားတဲ့လက်ဗလာနဲ့ customer အတွက် အာလူးကြော်ထည့်ပေးနေခဲ့တဲ့ ဆိုင်ဝန်ထမ်းတစ်ဦး




1

2

Mia (Mckzone Daily)

Source : elitereaders

Unicode

မကြာသေးခင်က McDonald အသင့်စား စားသောက်ဆိုင်ရဲ့ဝန်ထမ်းတစ်ဦးဟာ သူမရဲ့စားသုံးသူအတွက် အာလူးကြော် မထည့်ပေးခင် သူမဘောင်းဘီထဲဖင်နိုက်နေတဲ့ဗီဒီယိုတစ်ခုကို TikTok မှာ တင်ခဲ့ပါတယ်။အဆိုပါတိုတောင်းတဲ့ဗီဒီယိုက အင်တာနက်အသုံးပြုသူတိုင်းကို ရွံ့ရှာသွားစေခဲ့ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ရက်နေ့က မျှဝေခဲ့ချိန်ကစပြီး အဆိုပါဗီဒီယိုဟာ TikTok မှာ ကြည့်ရှုသူပေါင်း ၂.၄ သန်းကျော်အထိကိုရောက်ရှိခဲ့ပါတယ်။ဗီဒီယိုထဲကအရ အဆိုပါအလုပ်သမားဟာ order မှာနေတဲ့စားသုံးသူအတွက် သူမရဲ့ဘယ်ဘက်လက်နဲ့ ဖင်နောက်ဘောင်းဘီထဲကို နိုက်ပြီး စားသုံးသူအတွက် ၎င်းလက်နဲ့ဘဲ အာလူးကြော်ထည့်ပေးခဲ့ပါတယ်။

၎င်းဗီဒီယိုကို ဘယ်သူတင်ခဲ့လည်းဆိုတာကို စုံစမ်းကြည့်တော့ Missouri ပြည်နယ် Springfield မြို့မှ အသက် ၂၁နှစ်အရွယ် Kelsey Kwiatkowski အမည်ရှိပြီး အဆိုပါဆိုင်ရဲ့ဝန်ထမ်းတစ်ဦးလည်းဖြစ်တဲ့ သူမကိုယ်တိုင်က TikTok မှာ တင်ခဲ့တာပါ။ဗီဒီယိုကို ရိုက်ကူးခဲ့တဲ့လူကလည်း စားသုံးသူတစ်ယောက်မဟုတ်ခဲ့ပါဘူး။Kelseyက တမင် လူကြည့်များအောင် စတန့်ထွင်ခဲ့ပုံပါဘဲ။လူအများက နာမည်ကြီးအမှတ်တံဆိပ်အစားအသောက်ကို ကောင်းမွန်စွာ မလုပ်ဆောင်တာကြောင့် သူမအား ချက်ချင်း အလုပ်ထုတ်ပစ်ဖို့ အကြံပြုခဲ့ကြပါတယ်။

ဒါဟာ Kelsey ဆိုင်ထဲ အငြင်းပွါးဖွယ်တစ်ခုခုရိုက်ထားခဲ့တာ ပထမဆုံးအကြိမ်မဟုတ်နေခဲ့ပါဘူး။သူမဟာ ဆိုင်ရဲ့ကောင်တာပေါ်ကို တက်ပြီး ကခုန်တဲ့ဗီဒီယိုကို တင်ဖူးသလို ဆိုင်ထဲ ဆေးလိပ်ထိုင်သောက်နေတဲ့ဗီဒီယိုကိုလည်း တင်ခဲ့ဖူးပါသေးတယ်။ဒီတော့ သူမက TikTok ပေါ် ကြည့်ရှုသူများအောင် တမင်လုပ်တဲ့ ရှုပ်ထွေးတဲ့လိမ်လည်မှုဘဲလားတော့ သေချာမပြောနိုင်ပေမဲ့ ၎င်းစတန့်တွေက သူမကို ပိုကြည့်ကောင်းသွားအောင် မလုပ်ပေးနိုင်တာကိုတော့ အသေအချာပြောနိုင်ပါတယ်ဗျာ။

Mia (Mckzone Daily)

Be the first to comment on "ဖင်နိုက်ထားတဲ့လက်ဗလာနဲ့ customer အတွက် အာလူးကြော်ထည့်ပေးနေခဲ့တဲ့ ဆိုင်ဝန်ထမ်းတစ်ဦး"

Leave a comment

Your email address will not be published.


*