ဂိမ္းေဆာ့ခ်င္တာကို ဖုန္းမေပးငွါးတဲ့အစ္မျဖစ္သူကိုသတ္ပစ္ခဲ့တဲ့အျပင္ ကိုယ့္ကိုပါအဆံုးစီရင္ခဲ့တဲ့ ေက်ာင္းသား

ဒီအျဖစ္အပ်က္ကေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 28 ရက္ေန႔က တ႐ုတ္ႏိုင္ငံမွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး 16ႏွစ္အရြယ္ေကာင္ေလးဟာ အစ္မျဖစ္သူကိုဓားနဲ႔ထိုးသတ္ခဲ့တဲ့အျပင္ ၊ ခ်က္ခ်င္းပဲ ပုတင္းေပါက္ကေနခုန္ခ်ကာ ကိုယ့္ကိုအဆံုးစီရင္ခဲ့မႈ ျဖစ္ပြားခဲ့ပါတယ္ ။ သတင္းအရင္းအျမစ္အရ အဆိုပါေကာင္ေလးဟာ ဂိမ္းေဆာ့ကစားခ်င္လို႔အစ္မျဖစ္သူဆီကေန ဖုန္းေတာင္းငွါးခဲ့ေပမဲ့လည္း အသက္ 21ႏွစ္အရြယ္ အစ္မျဖစ္သူက မေပးငွါးခဲ့ပါဘူး ။

ထို႔ေၾကာင့္ ေကာင္ေလးဟာ အေတာ္ေလးကိုစိတ္ဆိုးေဒါသထြက္သြားခဲ့ရၿပီး အစ္မျဖစ္သူကိုဓားျဖင့္ မေသမခ်င္းထိုးသတ္ခဲ့ပါတယ္ ။ အခင္းျဖစ္ပြားရာအခ်ိန္မွာ မိသားစုဝင္ေတြျဖစ္ၾကတဲ့ အဘိုးအဘြား ႏွင့္ မိခင္တို႔ဟာ ေနအိမ္တြင္႐ွိေနခဲ့ၾကေပမဲ့ ဆူညံပြတ္ေလာ႐ိုက္ေနတဲ့အသံကို မိခင္ျဖစ္သူကသာၾကာခဲ့၍ အခန္းထဲသို႔ဝင္ေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ သားျဖစ္သူဟာ သမီးျဖစ္သူကိုဓားျဖင့္ထိုးသတ္ေနခဲ့တာကို မ်က္ဝါးထင္ထင္ျမင္ေတြ႔သြားခဲ့ရပါတယ္ ။ ထို႔ေနာက္ သားျဖစ္သူကိုမတားႏိုင္ခဲ့ပဲ သားျဖစ္သူမွာ တိုက္အလႊာ 23လႊာ႐ွိ အခန္းထဲကပုတင္းေပါက္ကေန ခ်က္ခ်င္းခုန္ခ်ၿပီးကိုယ့္ကို အဆံုးစီရင္သြားခဲ့ပါေတာ့တယ္ ။

ရဲအရာ႐ွိမ်ားက အဆိုပါအျဖစ္အပ်က္ကို စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ခ်ိန္မွာေတာ့ ၿပီးခဲ့တဲ့ရက္ကမွ မိခင္ျဖစ္သူ၏ေမြးေန႔ျဖစ္၍ ေပ်ာ္ရႊင္ေနခဲ့ၾကေပမဲ့ ေနာက္တစ္ရက္မွာေတာ့ မိခင္ျဖစ္သူဟာ သားသမီးႏွစ္ေယာက္လံုးကိုအျဖစ္ဆိုးႏွင့္ ဆံုး႐ႈံးသြားခဲ့ရပါတယ္ ။ ထို႔အျပင္ ေကာင္ေလးရဲ႕စာသင္ေက်ာင္းဟာ သူ၏ေနအိမ္ကေန 5km သာကြာေဝးေပမဲ့လည္း ေက်ာင္းအုပ္ႀကီးမွာေတာ့ အဆိုပါအျဖစ္အပ်က္ကို သတိမထားမိလိုက္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ 28 ရက်နေ့က တရုတ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး 16နှစ်အရွယ်ကောင်လေးဟာ အစ်မဖြစ်သူကိုဓားနဲ့ထိုးသတ်ခဲ့တဲ့အပြင် ၊ ချက်ချင်းပဲ ပုတင်းပေါက်ကနေခုန်ချကာ ကိုယ့်ကိုအဆုံးစီရင်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ် ။ သတင်းအရင်းအမြစ်အရ အဆိုပါကောင်လေးဟာ ဂိမ်းဆော့ကစားချင်လို့အစ်မဖြစ်သူဆီကနေ ဖုန်းတောင်းငှါးခဲ့ပေမဲ့လည်း အသက် 21နှစ်အရွယ် အစ်မဖြစ်သူက မပေးငှါးခဲ့ပါဘူး ။

ထို့ကြောင့် ကောင်လေးဟာ အတော်လေးကိုစိတ်ဆိုးဒေါသထွက်သွားခဲ့ရပြီး အစ်မဖြစ်သူကိုဓားဖြင့် မသေမချင်းထိုးသတ်ခဲ့ပါတယ် ။ အခင်းဖြစ်ပွားရာအချိန်မှာ မိသားစုဝင်တွေဖြစ်ကြတဲ့ အဘိုးအဘွား နှင့် မိခင်တို့ဟာ နေအိမ်တွင်ရှိနေခဲ့ကြပေမဲ့ ဆူညံပွတ်လောရိုက်နေတဲ့အသံကို မိခင်ဖြစ်သူကသာကြာခဲ့၍ အခန်းထဲသို့ဝင်ရောက်စစ်ဆေးခဲ့ချိန်မှာတော့ သားဖြစ်သူဟာ သမီးဖြစ်သူကိုဓားဖြင့်ထိုးသတ်နေခဲ့တာကို မျက်ဝါးထင်ထင်မြင်တွေ့သွားခဲ့ရပါတယ် ။ ထို့နောက် သားဖြစ်သူကိုမတားနိုင်ခဲ့ပဲ သားဖြစ်သူမှာ တိုက်အလွှာ 23လွှာရှိ အခန်းထဲကပုတင်းပေါက်ကနေ ချက်ချင်းခုန်ချပြီးကိုယ့်ကို အဆုံးစီရင်သွားခဲ့ပါတော့တယ် ။

ရဲအရာရှိများက အဆိုပါအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ချိန်မှာတော့ ပြီးခဲ့တဲ့ရက်ကမှ မိခင်ဖြစ်သူ၏မွေးနေ့ဖြစ်၍ ပျော်ရွှင်နေခဲ့ကြပေမဲ့ နောက်တစ်ရက်မှာတော့ မိခင်ဖြစ်သူဟာ သားသမီးနှစ်ယောက်လုံးကိုအဖြစ်ဆိုးနှင့် ဆုံးရှုံးသွားခဲ့ရပါတယ် ။ ထို့အပြင် ကောင်လေးရဲ့စာသင်ကျောင်းဟာ သူ၏နေအိမ်ကနေ 5km သာကွာဝေးပေမဲ့လည်း ကျောင်းအုပ်ကြီးမှာတော့ အဆိုပါအဖြစ်အပျက်ကို သတိမထားမိလိုက်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဂိမ္းေဆာ့ခ်င္တာကို ဖုန္းမေပးငွါးတဲ့အစ္မျဖစ္သူကိုသတ္ပစ္ခဲ့တဲ့အျပင္ ကိုယ့္ကိုပါအဆံုးစီရင္ခဲ့တဲ့ ေက်ာင္းသား"

Leave a comment

Your email address will not be published.


*