ကြိမ်တုတ်နဲ့ အထင်ကြီးစရာကောင်းတဲ့စကိတ်ဘုတ်လှုပ်ရှားမှုတွေကို ပြသလေ့ရှိတဲ့ မျက်မမြင်စကိတ်စီးသမားတစ်ဦး(ရုပ်သံ)
1
2
3
4
Mia (Mckzone Daily)
Source : nextshark
Unicode
ဂျပန်နိုင်ငံရှိ မျက်မမြင်စကိတ်စီးသူ ကောင်လေးတစ်ဦးရဲ့ အထင်ကြီးစရာကောင်းတဲ့စကိတ်ဘုတ်လှုပ်ရှားမှု ဗီဒီယိုများပေါ်ထွက်လာပြီးနောက် social media ရဲ့အာရုံစိုက်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ရှပ်င်္အကျီပွပွတစ်ထည်နှင့်ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားတဲ့ အဆိုပါမျက်မမြင်ကောင်လေးတစ်ဦးဟာ ကြိမ်တုတ်ကို ကိုင်ပြီး စကိတ်ကွင်းရှိ ကွန်ကရစ်ပေါ်မှာ ဝှေ့ရမ်းရင်း စကိတ်စီးပြနေတဲ့ ဗီဒီယိုကလစ်ကို Instagram အကောင့် kid_m.c က မျှဝေခဲ့ပါတယ်။ဗီဒီယိုများအရ အဆိုပါမျက်မမြင်ကောင်လေးဟာ စကိတ်ကွင်းရှိလမ်းကြောင်းတစ်လျှောက်ကို ကြိမ်တုတ်အကူအညီဖြင့် သွားလာနိုင်တာကိုတွေ့ရပါတယ်။
အဆိုပါကောင်လေးဟာ သူ့ရဲ့ဘဝအကန့်အသတ်တွေကြောင့် သူ့ရဲ့စကိတ်စီးခြင်းစွမ်းရည်ပြသခြင်းကို ရပ်တန့်သွားစေမှာမဟုတ်ပါဘူး။ဗီဒီယိုအချို့တွေမှာ သူ့ရဲ့လှုံ့ဆော်မှုကို တန်ဖိုးထားတဲ့ လူအုပ်တွေက သူ့အတွက် လက်ခုပ်ဩဘာသံတွေ ပေးနေခဲ့ကြပါတယ်။လက်ရှိမှာ social media ပေါ်က လူပေါင်းများစွာက လျှို့ဝှက်ဆန်းကြယ်တဲ့ မျက်မမြင်စကိတ်စီးသမားလေးကို အထင်ကြီးလေးစားပြီး ဂုဏ်ပြုချီးကျူးနေလျက်ရှိပါတယ်။
Mia (Mckzone Daily)
Be the first to comment on "ကြိမ်တုတ်နဲ့ အထင်ကြီးစရာကောင်းတဲ့စကိတ်ဘုတ်လှုပ်ရှားမှုတွေကို ပြသလေ့ရှိတဲ့ မျက်မမြင်စကိတ်စီးသမားတစ်ဦး(ရုပ်သံ)"
Leave a comment
Your email address will not be published.
*