အလုပ္ရဖို႔ ကားေခါင္မိုးထိပ္မွာ CVေဖာင္စာ႐ြက္ႀကီးႀကီးတစ္႐ြက္ ကပ္ၿပီး အလုပ္ေလွ်ာက္ခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

အလုပ္တစ္ခုရဖို႔အတြက္ အၿပိဳင္အဆိုင္အၿမဲတမ္းရွိတတ္တာကို ကြၽန္ေတာ္တို႔အားလုံးသိၿပီးသားျဖစ္ပါတယ္။သို႔ေပမဲ့ CV ေဖာင္ကို ကားေခါင္မိုးေပၚမွာ ကပ္ၿပီး အလုပ္ရွာခဲ့တဲ့ Max Fosh အမည္ရွိတဲ့ Youtuber အမ်ိဳးသားကေတာ့ အျခားလူေတြနဲ႔ မတူေနခဲ့ပါဘူး။ Max ဟာ BBC သတင္းဌာနရဲ႕ Radio 1 မွာ အလုပ္ရရန္ ဆႏၵရွိတာေၾကာင့္ သူဟာ လုံးဝကြဲျပားတဲ့ အလုပ္ေလွ်ာက္နည္းတစ္မ်ိဳးကို အသုံးျပဳခဲ့ပါတယ္။Max ဟာ သူ႔ရဲ႕ အနီေရာင္ Volkswagen ကားေခါင္မိုးေပၚမွာ သူ႔ရဲ႕ CV ေဖာင္အလုပ္ေလွ်ာက္လႊာကို ေကာင္းေကာင္းျမင္ရေအာင္ ကပ္ထားခဲ့တာနဲ႔ မၿပီးေသးဘဲ ကားေခါင္းေရွ႕မွာလည္း သူ႔ရဲ႕ QR code ကိုပါ ကပ္ထားခဲ့ပါေသးတယ္။တစ္ကယ္လည္း သူ႔ရဲ႕ မဟာဗ်ဴဟာက အက်ဴံးဝင္ ေအာင္ျမင္သြားခဲ့ပါတယ္။Max က သူ႔ရဲ႕အမိုက္စား အလုပ္ေလွ်ာက္လႊာကားကို BBC ရဲ႕အေဆာက္အဦးေရွ႕မွာ ထိုးရပ္ၿပီး ဓာတ္ပုံ႐ိုက္ကာ Twitter မွာ တင္လိုက္ၿပီးေနာက္ အဆိုပါ ဓာတ္ပုံေတြကို Media ကုမၸဏီ၀န္ထမ္းမ်ားသတိထားခဲ့မိ႐ုံသာမက BBC’s Radio 1 ရွိ Aled Haydn Jones အမည္ရွိတဲ့အႀကီးအကဲတစ္ဦးရဲ႕ အာ႐ုံစိုက္မႈကိုပါရရွိသြားခဲ့ပါတယ္။

ထို႔ေနာက္ Aled က Max ရဲ႕ QR code ကို scan ဖတ္ၿပီး သူ႔ရဲ႕ကြၽမ္းက်င္မႈအေၾကာင္းပိုမိုသိရွိရန္ Youtuber ႏွင့္စကားေျပာလိုေၾကာင္း အသိေပးတဲ့ဗီဒီယိုတစ္ခုနဲ႔ Max ရဲ႕ Twitter ကို တုံ႔ျပန္ခဲ့ပါတယ္။ထို႔အျပင္ Max က သူ႔ရဲ႕ Youtube channel မွ အဆိုပါ ကားေပၚကအလုပ္ေလွ်ာက္လႊာပုံစံလုပ္နည္းရဲ႕ အစအဆုံးဘယ္လိုလုပ္ေဆာင္ခဲ့ရေၾကာင္းကိုလည္း ျပသခဲ့ပါေသးတယ္။ကိုဗစ္ႀကီးၿပီးလို႔ အလုပ္ေလွ်ာက္ခ်င္ရင္ေတာ့ Max ရဲ႕ နည္းလမ္းလို လိုက္လုပ္ၾကည့္ၾကပါ။ကြၽန္ေတာ္ကေတာ့ လိုက္လုပ္ၾကည့္အုံးမွပါေလ။

Mia (Mckzone Daily)

Source : siakapkeli

Unicode

အလုပ်တစ်ခုရဖို့အတွက် အပြိုင်အဆိုင်အမြဲတမ်းရှိတတ်တာကို ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါတယ်။သို့ပေမဲ့ CV ဖောင်ကို ကားခေါင်မိုးပေါ်မှာ ကပ်ပြီး အလုပ်ရှာခဲ့တဲ့ Max Fosh အမည်ရှိတဲ့ Youtuber အမျိုးသားကတော့ အခြားလူတွေနဲ့ မတူနေခဲ့ပါဘူး။ Max ဟာ BBC သတင်းဌာနရဲ့ Radio 1 မှာ အလုပ်ရရန် ဆန္ဒရှိတာကြောင့် သူဟာ လုံးဝကွဲပြားတဲ့ အလုပ်လျှောက်နည်းတစ်မျိုးကို အသုံးပြုခဲ့ပါတယ်။Max ဟာ သူ့ရဲ့ အနီရောင် Volkswagen ကားခေါင်မိုးပေါ်မှာ သူ့ရဲ့ CV ဖောင်အလုပ်လျှောက်လွှာကို ကောင်းကောင်းမြင်ရအောင် ကပ်ထားခဲ့တာနဲ့ မပြီးသေးဘဲ ကားခေါင်းရှေ့မှာလည်း သူ့ရဲ့ QR code ကိုပါ ကပ်ထားခဲ့ပါသေးတယ်။တစ်ကယ်လည်း သူ့ရဲ့ မဟာဗျူဟာက အကျူံးဝင် အောင်မြင်သွားခဲ့ပါတယ်။

ထို့နောက် Aled က Max ရဲ့ QR code ကို scan ဖတ်ပြီး သူ့ရဲ့ကျွမ်းကျင်မှုအကြောင်းပိုမိုသိရှိရန် Youtuber နှင့်စကားပြောလိုကြောင်း အသိပေးတဲ့ဗီဒီယိုတစ်ခုနဲ့ Max ရဲ့ Twitter ကို တုံ့ပြန်ခဲ့ပါတယ်။ထို့အပြင် Max က သူ့ရဲ့ Youtube channel မှ အဆိုပါ ကားပေါ်ကအလုပ်လျှောက်လွှာပုံစံလုပ်နည်းရဲ့ အစအဆုံးဘယ်လိုလုပ်ဆောင်ခဲ့ရကြောင်းကိုလည်း ပြသခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment