အိမ္ေျခမဲ့အဘိုးက ၇ႏွစ္လုံးလုံး ပိုက္ဆံအတုနဲ႔ ေခါက္ဆြဲဝယ္စားေနခဲ့ေပမဲ့ မသိခ်င္ေယာင္ေဆာင္ေပးခဲ့တဲ့ ဆိုင္ပိုင္ရွင္

တ႐ုတ္ႏိုင္ငံ Zhejiang ျပည္နယ္ Wenzhou ၿမိဳ႕ရွိ ေခါက္ဆြဲဆိုင္ပိုင္ရွင္ အမ်ိဳးသားဟာ အိမ္ရာမဲ့တစ္ဦးအတြက္ ေႏြးေထြးတဲ့ၾကင္နာမႈတစ္ခုျပဳလုပ္ေပးခဲ့လို႔ လူအမ်ားက ခ်ီးက်ဴးဂုဏ္ျပဳေနခဲ့ၾကပါတယ္။သတင္းေဖာ္ျပခ်က္အရ အိုးမဲ့အိမ္မဲ့အဘိုးတစ္ဦးဟာ လက္ျဖင့္ေရးဆြဲထားတဲ့ ဘဏ္ေငြစကၠဴအတုေတြကို အသုံးျပဳကာ ေခါက္ဆြဲဝယ္ယူေနခဲ့ေပမဲ့ ဆိုင္ပိုင္ရွင္က သတိမထားမိေစဖို႔ ဟန္ေဆာင္ေနခဲ့ၿပီး အဆိုပါအဘိုးအတြက္ ေခါက္ဆြဲကို အခမဲ့ ေပးခဲ့ပါတယ္။ေခါက္ဆြဲဆိုင္ပိုင္ရွင္နဲ႔ ဇနီးတို႔က အဆိုပါအိုးအိမ္မဲ့အဘိုးဟာ သူတို႔ရဲ႕ဆိုင္မွာ ၇ႏွစ္ၾကာအထိ ေခါက္ဆြဲဝယ္စားေနခဲ့ၿပီး သူတို႔ဆိုင္ အႀကိမ္ေပါင္းမ်ားစြာ ေျပာင္းေ႐ြ႕သြားခဲ့တာေတာင္ အဆိုပါအဘိုးက သူတို႔ကို ရေအာင္လိုက္ရွာေနခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။

အဆိုပါအဘိုးက ေငြစကၠဴအတုနဲ႔ ေခါက္ဆြဲဝယ္စားေနခဲ့ေပမဲ့ တစ္ခါတစ္ေလလည္း တစ္ကယ့္ ေငြသားအစစ္ ၂ ယြမ္ ( ၄၅၀ က်ပ္) ျဖင့္ ေပးေခ်ဝယ္စားတတ္ပါေသးတယ္။ဓာတ္ပုံထဲအရ အဆိုပါအိုးအိမ္မဲ့အဘိုးက သူ႔ရဲ႕ေငြစကၠဴကို အစစ္နဲ႔တူေအာင္ အေရာင္စုံပါျခယ္ထားပုံပါဘဲ ။ေခါက္ဆြဲဆိုင္ပိုင္ရွင္က သူဟာ မသိသလိုဘဲ ဟန္ေဆာင္ေနခဲ့ၿပီး အဆိုပါကံမေကာင္းတဲ့ အိုးအိမ္မဲ့အဘိုးအား ဂ႐ုစိုက္သင့္တယ္လို႔ ယုံၾကည္ေနတာေၾကာင့္ ေခါက္ဆြဲကို ဆက္ေရာင္းေပးဖို႔ ေ႐ြးခ်ယ္ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။

အခုအျဖစ္အပ်က္ကို ၾကားသိခဲ့ရတဲ့ အင္တာနက္အသုံးျပဳသူေတြ ၊ သူတို႔ဆိုင္ရဲ႕စီးပြါးေရး သာယာဝေျပာမႈအတြက္ ဆႏၵရွိသူမ်ားစြာက ေခါက္ဆြဲဆိုင္ရွင္ နဲ႔ ဇနီးတို႔အား သူတို႔ရဲ႕ၾကင္နာတဲ့လုပ္ရပ္အတြက္ ခ်ီးက်ဴးေနခဲ့ၾကပါတယ္။တစ္ကယ္လည္း တစ္ခါတစ္ေလ ေသးငယ္တဲ့ၾကင္နာမႈလုပ္ရပ္ဟာ ဒီေလာကႀကီးမွာရွိတဲ့ အျခားလူတစ္ေယာက္အတြက္ ႀကီးမားတဲ့ ျခားနားခ်က္ကို ျဖစ္ေစႏိုင္ပါတယ္ဗ်ာ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

တရုတ်နိုင်ငံ Zhejiang ပြည်နယ် Wenzhou မြို့ရှိ ခေါက်ဆွဲဆိုင်ပိုင်ရှင် အမျိုးသားဟာ အိမ်ရာမဲ့တစ်ဦးအတွက် နွေးထွေးတဲ့ကြင်နာမှုတစ်ခုပြုလုပ်ပေးခဲ့လို့ လူအများက ချီးကျူးဂုဏ်ပြုနေခဲ့ကြပါတယ်။သတင်းဖော်ပြချက်အရ အိုးမဲ့အိမ်မဲ့အဘိုးတစ်ဦးဟာ လက်ဖြင့်ရေးဆွဲထားတဲ့ ဘဏ်ငွေစက္ကူအတုတွေကို အသုံးပြုကာ ခေါက်ဆွဲဝယ်ယူနေခဲ့ပေမဲ့ ဆိုင်ပိုင်ရှင်က သတိမထားမိစေဖို့ ဟန်ဆောင်နေခဲ့ပြီး အဆိုပါအဘိုးအတွက် ခေါက်ဆွဲကို အခမဲ့ ပေးခဲ့ပါတယ်။

အဆိုပါအဘိုးက ငွေစက္ကူအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ တစ်ခါတစ်လေလည်း တစ်ကယ့် ငွေသားအစစ် ၂ ယွမ် ( ၄၅၀ ကျပ်) ဖြင့် ပေးချေဝယ်စားတတ်ပါသေးတယ်။ဓာတ်ပုံထဲအရ အဆိုပါအိုးအိမ်မဲ့အဘိုးက သူ့ရဲ့ငွေစက္ကူကို အစစ်နဲ့တူအောင် အရောင်စုံပါခြယ်ထားပုံပါဘဲ ။ခေါက်ဆွဲဆိုင်ပိုင်ရှင်က သူဟာ မသိသလိုဘဲ ဟန်ဆောင်နေခဲ့ပြီး အဆိုပါကံမကောင်းတဲ့ အိုးအိမ်မဲ့အဘိုးအား ဂရုစိုက်သင့်တယ်လို့ ယုံကြည်နေတာကြောင့် ခေါက်ဆွဲကို ဆက်ရောင်းပေးဖို့ ရွေးချယ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အခုအဖြစ်အပျက်ကို ကြားသိခဲ့ရတဲ့ အင်တာနက်အသုံးပြုသူတွေ ၊ သူတို့ဆိုင်ရဲ့စီးပွါးရေး သာယာဝပြောမှုအတွက် ဆန္ဒရှိသူများစွာက ခေါက်ဆွဲဆိုင်ရှင် နဲ့ ဇနီးတို့အား သူတို့ရဲ့ကြင်နာတဲ့လုပ်ရပ်အတွက် ချီးကျူးနေခဲ့ကြပါတယ်။တစ်ကယ်လည်း တစ်ခါတစ်လေ သေးငယ်တဲ့ကြင်နာမှုလုပ်ရပ်ဟာ ဒီလောကကြီးမှာရှိတဲ့ အခြားလူတစ်ယောက်အတွက် ကြီးမားတဲ့ ခြားနားချက်ကို ဖြစ်စေနိုင်ပါတယ်ဗျာ။

Mia (Mckzone Daily)

  • Leave a Comment