Filler ထိုးၿပီးေနာက္ တစ္ပတ္အၾကာမွာ မ်က္ႏွာတစ္ျခမ္းေလျဖတ္သြားခဲ့ရတဲ့ မိန္းကေလး

တ႐ုတ္ႏိုင္ငံရွိ အသက္ ၂၉ ႏွစ္အ႐ြယ္ Zhao အမည္ရွိတဲ့အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕အလွျပဳျပင္ေရးေဆး႐ုံသို႔ မၾကာခဏသြားခဲ့ဖူးၿပီး သူမမ်က္ႏွာေပၚက အေရးအေၾကာင္းေတြကို ဖယ္ရွားဖို႔ filler ေတြအၿမဲထိုးေလ့ရွိသူပါ။သို႔ေပမဲ့ filler ထိုးၿပီး တစ္ပတ္အၾကာမွာေတာ့ Zhao ဟာ ေလျဖတ္ေနတဲ့ မ်က္ႏွာနဲ႔ အိပ္ယာႏိုးလာခဲ့ရပါတယ္။သူမရဲ႕ ပါးစပ္ဟာ ႐ြဲ႕သြားခဲ့ၿပီး ဘယ္ဘက္နဖူးကလည္း အၿမဲ မ်က္ေမွာင္ၾကဳတ္ေနသလို ျဖစ္သြားခဲ့ရပါတယ္။Zhao ဟာ သူမရဲ႕ပါးစပ္ နဲ႔ ဘယ္ဘက္မ်က္လုံးကို ေကာင္းေကာင္း ဖြင့္ပိတ္မလုပ္ႏိုင္ေတာ့တာေၾကာင့္ အစားစားဖို႔ နဲ႔ အရည္ေတြေသာက္ႏိုင္ဖို႔ ပိုက္ကို အသုံးျပဳခဲ့ရပါတယ္။Zhao က “ကြၽန္မ ေန႔တိုင္း မွန္ေရွ႕ေရာက္ရင္ ကြၽန္မမ်က္ႏွာကို ၾကည့္ၿပီး ေသခ်င္စိတ္ေပါက္ေနခဲ့ရတယ္” လို႔ ဆိုခဲ့ပါတယ္။

အထူးကုေဆး႐ုံသို႔သြားခဲ့ၿပီးေနာက္ ဆရာဝန္က သူမမ်က္ႏွာအာ႐ုံေၾကာေလျဖတ္ေရာဂါဟာ ျပန္လည္ေကာင္းမြန္လာဖို႔ လနဲ႔ခ်ီႏိုင္သလို ႏွစ္လိုက္လည္း ၾကာႏိုင္ေၾကာင္း ၊ သူမရဲ႕မ်က္ႏွာက ဘယ္ေတာ့မွ ျပန္လည္နာလန္ထူႏိုင္မယ္မဟုတ္တဲ့ အလားအလာရွိေနေၾကာင္းလည္း ဆိုခဲ့ပါေသးတယ္။Zhao က အဆိုပါအလွျပင္ေဆး႐ုံရဲ႕ ပုံမွန္လူနာတစ္ဦးျဖစ္သလို ေဆးအႀကိမ္ႀကိမ္ထိုးခဲ့ဖူးၿပီး ကံမေကာင္းစြာနဲ႔ ဒီတစ္ေခါက္မွာေတာ့ သူမအရင္က ေတြ႕ဖူးေနက် ဆရာဝန္နဲ႔ တစ္ခါမွ မေတြ႕ဖူးခဲ့တဲ့ ဆရာဝန္တို႔က သူမအတြက္ ေဆးထိုးေပးခဲ့ေၾကာင္း ၊ သူမမ်က္ႏွာေလျဖတ္သြားရျခင္းက အဆိုပါဆရာဝန္အသစ္ေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ဆိုခဲ့ပါတယ္။

အဆိုပါဆရာဝန္ႏွစ္ဦးက ေလ်ာ္ေၾကးေပးဖို႔ သေဘာတူညီခ်က္မျပဳလုပ္ခဲ့လို႔ Zhao က ေဆး႐ုံကို အမႈဖြင့္တိုင္ၾကားခဲ့ပါတယ္။သူမရဲ႕မ်က္ႏွာေလျဖတ္ရျခင္းရဲ႕ေဆးစစ္ခ်က္မွာ ထိုးေဆးေၾကာင့္ ျဖစ္ပြါးခဲ့ရတဲ့အေၾကာင္းအရာတစ္ခုမွ မပါတာေၾကာင့္ အဆိုပါအလွျပင္ေဆး႐ုံကလည္း ေလ်ာ္ေၾကးေပးဖို႔ သေဘာမတူခဲ့ၾကပါဘူး။ထို႔ေနာက္ Zhao က အဆိုပါေဆး႐ုံကို အမႈဖြင့္ၿပီး အမႈအား တရား႐ုံးမွာ အမႈဖြင့္တိုင္ၾကားမယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။လက္ရွိမွာေတာ့ သူတို႔ရဲ႕ကိစၥကို အေသအခ်ာမသိရေသးပါဘူး။

Mia (Mckzone Daily)

Source : siakapkeli

Unicode

တရုတ်နိုင်ငံရှိ အသက် ၂၉ နှစ်အရွယ် Zhao အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ သူမရဲ့အလှပြုပြင်ရေးဆေးရုံသို့ မကြာခဏသွားခဲ့ဖူးပြီး သူမမျက်နှာပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားဖို့ filler တွေအမြဲထိုးလေ့ရှိသူပါ။သို့ပေမဲ့ filler ထိုးပြီး တစ်ပတ်အကြာမှာတော့ Zhao ဟာ လေဖြတ်နေတဲ့ မျက်နှာနဲ့ အိပ်ယာနိုးလာခဲ့ရပါတယ်။

အထူးကုဆေးရုံသို့သွားခဲ့ပြီးနောက် ဆရာဝန်က သူမမျက်နှာအာရုံကြောလေဖြတ်ရောဂါဟာ ပြန်လည်ကောင်းမွန်လာဖို့ လနဲ့ချီနိုင်သလို နှစ်လိုက်လည်း ကြာနိုင်ကြောင်း ၊ သူမရဲ့မျက်နှာက ဘယ်တော့မှ ပြန်လည်နာလန်ထူနိုင်မယ်မဟုတ်တဲ့ အလားအလာရှိနေကြောင်းလည်း ဆိုခဲ့ပါသေးတယ်။

အဆိုပါဆရာဝန်နှစ်ဦးက လျော်ကြေးပေးဖို့ သဘောတူညီချက်မပြုလုပ်ခဲ့လို့ Zhao က ဆေးရုံကို အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။သူမရဲ့မျက်နှာလေဖြတ်ရခြင်းရဲ့ဆေးစစ်ချက်မှာ ထိုးဆေးကြောင့် ဖြစ်ပွါးခဲ့ရတဲ့အကြောင်းအရာတစ်ခုမှ မပါတာကြောင့် အဆိုပါအလှပြင်ဆေးရုံကလည်း လျော်ကြေးပေးဖို့ သဘောမတူခဲ့ကြပါဘူး။ထို့နောက် Zhao က အဆိုပါဆေးရုံကို အမှုဖွင့်ပြီး အမှုအား တရားရုံးမှာ အမှုဖွင့်တိုင်ကြားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment