ရောဂါကာကွယ်ဖို့ ၅၄သိန်းနီးပါးရှိတဲ့ ရွှေမျက်နှာဖုံးကို ပေးဝယ်ခဲ့တဲ့ အမျိုးသား(ရုပ်သံ)
“ ဒါက ပါးလွှာတဲ့ mask တစ်ခုဖြစ်ပြီး ငါ့ကို လေရှုရှိုက်နိုင်အောင် ကူညီပေးတဲ့အပေါက်သေးသေးလေးတွေရှိတယ် ၊ လူတိုင်းက ငါ့နဲ့ selfie ဆွဲကြတယ် ၊ ဈေးကွက်ထဲမှာ ရွှေမျက်နှာဖုံးတပ်ထားတာကို တွေ့တော့ လူတိုင်းက အရမ်းအံ့ဩနေခဲ့ကြတယ်” လို့ ဆိုခဲ့ပြီး Kurhade က သူရရှိခဲ့တဲ့အရာက online ကျော်ကြားမှုဖြစ်ပေမဲ့ သူ့ရည်ရွယ်ချက်က လူအများအာရုံစူးစိုက်မှုကို ရှာဖွေဖို့ မဟုတ်ကြောင်း ၊ သို့ပေမဲ့ အဆိုပါ ရွှေမျက်နှာဖုံးကလည်း သူ့အား ဗိုင်းရပ်စ်ပိုးမှ မကာကွယ်ပေးနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။“ ငါ တမင် လူသိများအောင်လုပ်တာမဟုတ်ဘူး ၊ ငါက ရွှေဝါသနာရှင်တစ်ယောက်မို့ပါ ၊ ရွှေဟုတ်မဟုတ် အဓိကက လက်ကိုသေချာဆေးကြောပြီး သေချာစွာ social distancing လည်း လုပ်ဖို့လိုပါတယ်” လို့ Kurhade ကဆိုခဲ့ပါသေးတယ်။သူဌေးတွေတော့ တစ်နေ့တစ်မျိုးမရိုးရအောင်ပါဘဲဗျာ။
1
2
Mia (Mckzone Daily)
Source : nextshark
Unicode
အိန္ဒိယနိုင်ငံရှိ အမျိုးသားတစ်ဦးဟာ COVID-19 မှကာကွယ်ဖို့ ရွှေစင်စစ်ဖြင့်ပြုလုပ်ထားတဲ့ mask တစ်ခုအတွက် ဒေါ်လာထောင်နဲ့ချီ ငွေဖြုန်းခဲ့ပါတယ်။New York post သတင်းအရ အိန္ဒိယနိုင်ငံ Pune မြို့မှာ နေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် Shankar Kurhade အမည်ရှိတဲ့ အကြီးစားစီးပွါးရေးသမားတစ်ဦးဟာ ရွှေစင်စစ်ဖြင့်ပြုလုပ်ထားတဲ့ mask တစ်ခုကို ဒေါ်လာ ၄,၀၀၀ နီးပါး ( ၅၃ သိန်းကျော်)ဖြင့် ဝယ်ယူခဲ့ပါတယ်။
“ ဒါက ပါးလွှာတဲ့ mask တစ်ခုဖြစ်ပြီး ငါ့ကို လေရှုရှိုက်နိုင်အောင် ကူညီပေးတဲ့အပေါက်သေးသေးလေးတွေရှိတယ် ၊ လူတိုင်းက ငါ့နဲ့ selfie ဆွဲကြတယ် ၊ စျေးကွက်ထဲမှာ ရွှေမျက်နှာဖုံးတပ်ထားတာကို တွေ့တော့ လူတိုင်းက အရမ်းအံ့ဩနေခဲ့ကြတယ်” လို့ ဆိုခဲ့ပြီး Kurhade က သူရရှိခဲ့တဲ့အရာက online ကျော်ကြားမှုဖြစ်ပေမဲ့ သူ့ရည်ရွယ်ချက်က လူအများအာရုံစူးစိုက်မှုကို ရှာဖွေဖို့ မဟုတ်ကြောင်း ၊ သို့ပေမဲ့ အဆိုပါ ရွှေမျက်နှာဖုံးကလည်း သူ့အား ဗိုင်းရပ်စ်ပိုးမှ မကာကွယ်ပေးနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။
Mia (Mckzone Daily)
  • Leave a Comment