ႏွလုံးေရာဂါေၾကာင့္ ႐ုတ္တရက္ကြယ္လြန္သြားတဲ့ဖခင္အတြက္ လမ္းသြားလမ္းလာေတြကို အကူအညီလွမ္းေတာင္းေနခဲ့တဲ့ ကေလးငယ္ေတြ

မေလးရွားႏိုင္ငံရွိ အမ်ိဳးသားတစ္ဦးဟာ ကေလးသုံးေယာက္နဲ႔အတူ ေဆး႐ုံမွာရွိေနတဲ့ ဇနီးျဖစ္သူကို သြားေတြ႕ဖို႔ ကားေမာင္းသြားရင္း လမ္းတစ္ဝက္မွာ ႏွလုံးေရာဂါထေဖာက္ၿပီး ေသဆုံးသြားခဲ့ပါတယ္။ဂ်ပန္အမ်ိဳးသမီးတစ္ဦးက ေအာ္ဟစ္ငိုေႂကြးေနခဲ့တဲ့ ေသဆုံးသြားၿပီျဖစ္တဲ့အမ်ိဳးသားရဲ႕သားႏွစ္ေယာက္နဲ႔ ခရီးသည္ထိုင္ခုံမွာ ထိုင္ေနခဲ့တဲ့ ကေလးငယ္တို႔နဲ႔အတူ လမ္းေဘးမွာထိုးရပ္ထားတဲ့အဆိုပါကားကို ေတြ႕ရွိခဲ့ရပါတယ္။“သားတို႔ အေဖေသၿပီ ၊ သားတို႔ အေဖေသၿပီ” လို႔ေအာ္ဟစ္ေနခဲ့တဲ့ ငိုသံမ်ားၾကားက သူတို႔ရဲ႕အသံက နားလည္ႏိုင္တဲ့ တစ္ခုတည္းေသာ စကားလုံးေတြျဖစ္ေနခဲ့ပါတယ္။ထို႔ေနာက္ ဂ်ပန္အမ်ိဳးသမီးက လူနာတင္ကားေခၚဖို႔ အဆိုပါေဒသရွိ အျခားလူေတြထံမွ အလ်င္အျမန္အကူအညီေတာင္းခံခဲ့ရၿပီး လူနာတင္ကားေရာက္လာေတာ့ ေဆးကုသမႈဆရာဝန္က အဆိုပါအမ်ိဳးသားက ႏွလုံးေရာဂါေၾကာင့္ ယာဥ္ေမာင္းထိုင္ခုံမွာဘဲ ႐ုတ္တရက္ကြယ္လြန္သြားခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ အျဖစ္အပ်က္က Bangsar ၿမိဳ႕ Bukit Pantai မွာ ျဖစ္ပြါးခဲ့တာပါ။အဆိုပါျဖစ္ရပ္ကို Twitter အသုံးျပဳသူ @milosuam က မွ်ေဝခဲ့ၿပီးေနာက္ အဆိုပါ tweet က 2.2 k retweet ရရွိခဲ့ၿပီး အင္တာနက္အသုံးျပဳသူမ်ားစြာက အဆိုပါအမ်ိဳးသားရဲ႕က်န္ရစ္သူမိသားစုအား ဝမ္းနည္းေၾကာင္း ေျပာၾကားခဲ့ၾကပါတယ္။အေမက ေဆး႐ုံတက္ေနရတဲ့အၾကား အေဖကပါ ႐ုတ္တရက္ ကြယ္လြန္သြားေတာ့ ဘာမွမသိတတ္ေသးတဲ့ကေလးေတြကို အရမ္းသနားမိတယ္ဗ်ာ။သူတို႔ေလးေတြ ဘယ္ေလာက္ေတာင္ လန္႔ျဖတ္သြားလိုက္မလဲဗ်ာ။က်န္ရွိတဲ့မိသားစုအေၾကာင္းရဲ႕သတင္းကိုေတာ့ ေသခ်ာမသိရေသးပါဘူး။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

မလေးရှားနိုင်ငံရှိ အမျိုးသားတစ်ဦးဟာ ကလေးသုံးယောက်နဲ့အတူ ဆေးရုံမှာရှိနေတဲ့ ဇနီးဖြစ်သူကို သွားတွေ့ဖို့ ကားမောင်းသွားရင်း လမ်းတစ်ဝက်မှာ နှလုံးရောဂါထဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ဂျပန်အမျိုးသမီးတစ်ဦးက အော်ဟစ်ငိုကြွေးနေခဲ့တဲ့ သေဆုံးသွားပြီဖြစ်တဲ့အမျိုးသားရဲ့သားနှစ်ယောက်နဲ့ ခရီးသည်ထိုင်ခုံမှာ ထိုင်နေခဲ့တဲ့ ကလေးငယ်တို့နဲ့အတူ လမ်းဘေးမှာထိုးရပ်ထားတဲ့အဆိုပါကားကို တွေ့ရှိခဲ့ရပါတယ်။“သားတို့ အဖေသေပြီ ၊ သားတို့ အဖေသေပြီ” လို့အော်ဟစ်နေခဲ့တဲ့ ငိုသံများကြားက သူတို့ရဲ့အသံက နားလည်နိုင်တဲ့ တစ်ခုတည်းသော စကားလုံးတွေဖြစ်နေခဲ့ပါတယ်။ထို့နောက် ဂျပန်အမျိုးသမီးက လူနာတင်ကားခေါ်ဖို့ အဆိုပါဒေသရှိ အခြားလူတွေထံမှ အလျင်အမြန်အကူအညီတောင်းခံခဲ့ရပြီး လူနာတင်ကားရောက်လာတော့ ဆေးကုသမှုဆရာဝန်က အဆိုပါအမျိုးသားက နှလုံးရောဂါကြောင့် ယာဉ်မောင်းထိုင်ခုံမှာဘဲ ရုတ်တရက်ကွယ်လွန်သွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အဆိုပါ အဖြစ်အပျက်က Bangsar မြို့ Bukit Pantai မှာ ဖြစ်ပွါးခဲ့တာပါ။အဆိုပါဖြစ်ရပ်ကို Twitter အသုံးပြုသူ @milosuam က မျှဝေခဲ့ပြီးနောက် အဆိုပါ tweet က 2.2 k retweet ရရှိခဲ့ပြီး အင်တာနက်အသုံးပြုသူများစွာက အဆိုပါအမျိုးသားရဲ့ကျန်ရစ်သူမိသားစုအား ဝမ်းနည်းကြောင်း ပြောကြားခဲ့ကြပါတယ်။အမေက ဆေးရုံတက်နေရတဲ့အကြား အဖေကပါ ရုတ်တရက် ကွယ်လွန်သွားတော့ ဘာမှမသိတတ်သေးတဲ့ကလေးတွေကို အရမ်းသနားမိတယ်ဗျာ။သူတို့လေးတွေ ဘယ်လောက်တောင် လန့်ဖြတ်သွားလိုက်မလဲဗျာ။ကျန်ရှိတဲ့မိသားစုအကြောင်းရဲ့သတင်းကိုတော့ သေချာမသိရသေးပါဘူး။

Mia (Mckzone Daily)

  • Leave a Comment