သံုးၿပီးသားေဆးထိုးအပ္ေတြကိုသာ ထပ္ခါအသံုးျပဳခဲ့လို႔ ကေလးငယ္ေပါင္း 900 ေက်ာ္ကို HIV ပိုး ကူးစက္ေစခဲ့တဲ့ဆရာဝန္

လူေပါင္းေထာင္ခ်ီဟာ ႐ူးမိုက္လြန္းတဲ့ဆရာဝန္တစ္ေယာက္ရဲ႕လုပ္ရပ္ေၾကာင့္ အေတာ္ေလးကိုအသက္အႏၱရာယ္ျဖစ္ေစခဲ့ပါတယ္ ။ ကိုယ္ေတြကေတာ့ ေရာဂါေဝဒနာေတြကိုသက္သာေစခ်င္လို႔ေဆးခန္းသြားခဲ့ေပမဲ့လည္း ေဆးခန္းကေနေရာဂါကူးစက္လာတဲ့အျဖစ္မ်ိဳးကေတာ့ အေတာ္ေလးကိုစိတ္ဆိုးေဒါသထြက္ေစၿပီး မယံုႏိုင္ေလာက္ေအာင္ ျဖစ္မိၾကမွာပါပဲေလ ။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 28ရက္ေန႔က ပါကစၥတန္ႏိုင္ငံက ကေလးအထူးကုဆရာဝန္တစ္ေယာက္ရဲ႕ ကပ္ေစးနဲလြန္းၿပီးေလာဘႀကီးလြန္းတဲ့လုပ္ရပ္ေၾကာင့္ အသက္ 12ေအာက္ ကေလးငယ္အေယာက္ေပါင္း 900 ေက်ာ္ကို HIV ေရာဂါကူးစက္ေစခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါဆရာဝန္ဟာ အသံုးျပဳၿပီးသား ေဆးထိုးအပ္မ်ားပစ္ထားတဲ့ အမႈိက္ပံုးထဲမွ ေဆးထိုးအပ္မ်ားကိုသာျပန္လည္အသံုးျပဳၿပီး ကေလးငယ္မ်ားကိုေဆးထိုးကုသေပးတဲ့အတြက္ေၾကာင့္ ျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။

အဆိုပါစက္ဆုပ္ရြံ႐ွာဖို႔ေကာင္းလြန္းလွတဲ့ ဆရာဝန္၏အမည္မွာ Dr Muzaffar Ghanghro ျဖစ္ေၾကာင္းသိ႐ွိရၿပီး ၊ ထို႔အျပင္ အဆိုပါဆရာဝန္ဟာ ပါကစၥတန္ႏိုင္ငံမွာဆိုရင္ ေစ်းအသက္သာဆံုးျဖစ္သည့္အျပင္ ၊ တစ္ေခါက္ကုသပါက 30 rupees ( ျမန္မာေငြ 600 က်ပ္ဝန္းက်င္)သာက်သင့္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ သူ၏လူနာေတြကိုေဆးကုသတဲ့ပံုစံကိုၾကည့္ျခင္းအားျဖင့္ ဘယ္လို႔ေစ်းသက္သာလဲဆိုတာကို ခန္႔မွန္ၾကည့္မိၾကမွာပါ ။

ေရာဂါကူးစက္ခံခဲ့ရတဲ့ ကေလးငယ္တစ္ဦး၏ မိဘေျပာဆိုခ်က္အရ Dr Ganghro ဟာသူ၏အမႈိက္ပံုးထဲမွ အသံုးျပဳၿပီးသားေဆးထိုးအပ္ကိုယူၿပီး 6ႏွစ္အရြယ္သားေလးကိုထိုးေပးခဲ့ၿပီးေနာက္ ေနာက္ပိုင္းသားျဖစ္သူမွာ HIV -positive ရလဒ္မ်ိဳး စစ္ေဆးေတြ႔႐ွိခဲ့ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။ ထို႔အျပင္ ကေလးငယ္၏ဖခင္ျဖစ္သူကဘာလို႔ သံုးၿပီးသားေဆးထိုးအပ္ျပန္သံုးတာလဲဆိုၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ ဆရာဝန္က ေဆးထိုးအပ္အသစ္ဝယ္ဖို႔အတြက္ သူဟာအေတာ္ေလးဆင္းရဲေၾကာင္း ျပန္လည္ေျဖၾကားခဲ့ေၾကာင္း သိ႐ွိခဲ့ရပါတယ္ ။

ထို႔အျပင္ အျခားကူးစက္ခံခဲ့ရတဲ့ကေလးငယ္ 3ေယာက္၏မိဘေတြေျပာျပခ်က္အရ ဆရာဝန္ဟာ ကေလးငယ္အေယာက္ 50ေက်ာ္ကို ေဆးထိုးအပ္တစ္ေခ်ာင္းတည္းသာ အသံုးျပဳၿပီးကုသခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ ေရာဂါကူးစက္ခံခဲ့ရတဲ့ ကေလးငယ္ေတြရဲ႕မိဘေတြဟာစုၿပီး အဆိုပါဆရာဝန္ကိုတိုင္ၾကားခဲ့ၾကတဲ့အတြက္ ဆရာဝန္ကို ေပါ့ဆမႈ ၊ လူေသေစမႈတို႔ျဖင့္ ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ ကေလးငယ္ေတြရဲ႕ဘဝဟာ ဖ်က္ဆီးသလိုျဖစ္ေနၿပီး ကေလးငယ္ေတြရဲ႕အသက္အႏၱရာယ္ေတြကိုလည္း အေတာ္ေလးစိုးရိမ္ေနရလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ စစ္တမ္းေကာက္ခ်က္ေတြအရ ဖြံၿဖိဳးတိုးတက္မႈေႏွာင့္ေနးလ်က္႐ွိတဲ့ႏိုင္ငံေတြမွာဆိုရင္ ရမ္းကုဆရာဝန္မ်ား ၊ ဆံသဆရာမ်ား ႏွင့္ သြားဆရာဝန္ေတြရဲ႕ ေပါ့ဆမႈေတြေၾကာင့္ HIV ေရာဂါျဖစ္ပြားမႈ ဆက္လက္တိုးပြားပ်ံ့ႏွံ႔လ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူပေါင်းထောင်ချီဟာ ရူးမိုက်လွန်းတဲ့ဆရာဝန်တစ်ယောက်ရဲ့လုပ်ရပ်ကြောင့် အတော်လေးကိုအသက်အန္တရာယ်ဖြစ်စေခဲ့ပါတယ် ။ ကိုယ်တွေကတော့ ရောဂါဝေဒနာတွေကိုသက်သာစေချင်လို့ဆေးခန်းသွားခဲ့ပေမဲ့လည်း ဆေးခန်းကနေရောဂါကူးစက်လာတဲ့အဖြစ်မျိုးကတော့ အတော်လေးကိုစိတ်ဆိုးဒေါသထွက်စေပြီး မယုံနိုင်လောက်အောင် ဖြစ်မိကြမှာပါပဲလေ ။ ပြီးခဲ့တဲ့ အောက်တိုဘာလ 28ရက်နေ့က ပါကစ္စတန်နိုင်ငံက ကလေးအထူးကုဆရာဝန်တစ်ယောက်ရဲ့ ကပ်စေးနဲလွန်းပြီးလောဘကြီးလွန်းတဲ့လုပ်ရပ်ကြောင့် အသက် 12အောက် ကလေးငယ်အယောက်ပေါင်း 900 ကျော်ကို HIV ရောဂါကူးစက်စေခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါဆရာဝန်ဟာ အသုံးပြုပြီးသား ဆေးထိုးအပ်များပစ်ထားတဲ့ အမှိုက်ပုံးထဲမှ ဆေးထိုးအပ်များကိုသာပြန်လည်အသုံးပြုပြီး ကလေးငယ်များကိုဆေးထိုးကုသပေးတဲ့အတွက်ကြောင့် ဖြစ်ကြောင်းသိရှိရပါတယ် ။

အဆိုပါစက်ဆုပ်ရွံရှာဖို့ကောင်းလွန်းလှတဲ့ ဆရာဝန်၏အမည်မှာ Dr Muzaffar Ghanghro ဖြစ်ကြောင်းသိရှိရပြီး ၊ ထို့အပြင် အဆိုပါဆရာဝန်ဟာ ပါကစ္စတန်နိုင်ငံမှာဆိုရင် ဈေးအသက်သာဆုံးဖြစ်သည့်အပြင် ၊ တစ်ခေါက်ကုသပါက 30 rupees ( မြန်မာငွေ 600 ကျပ်ဝန်းကျင်)သာကျသင့်ကြောင်း သိရှိရပါတယ် ။ ထို့ကြောင့် သူ၏လူနာတွေကိုဆေးကုသတဲ့ပုံစံကိုကြည့်ခြင်းအားဖြင့် ဘယ်လို့ဈေးသက်သာလဲဆိုတာကို ခန့်မှန်ကြည့်မိကြမှာပါ ။

ရောဂါကူးစက်ခံခဲ့ရတဲ့ ကလေးငယ်တစ်ဦး၏ မိဘပြောဆိုချက်အရ Dr Ganghro ဟာသူ၏အမှိုက်ပုံးထဲမှ အသုံးပြုပြီးသားဆေးထိုးအပ်ကိုယူပြီး 6နှစ်အရွယ်သားလေးကိုထိုးပေးခဲ့ပြီးနောက် နောက်ပိုင်းသားဖြစ်သူမှာ HIV -positive ရလဒ်မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင် ကလေးငယ်၏ဖခင်ဖြစ်သူကဘာလို့ သုံးပြီးသားဆေးထိုးအပ်ပြန်သုံးတာလဲဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ ဆရာဝန်က ဆေးထိုးအပ်အသစ်ဝယ်ဖို့အတွက် သူဟာအတော်လေးဆင်းရဲကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိခဲ့ရပါတယ် ။

ထို့အပြင် အခြားကူးစက်ခံခဲ့ရတဲ့ကလေးငယ် 3ယောက်၏မိဘတွေပြောပြချက်အရ ဆရာဝန်ဟာ ကလေးငယ်အယောက် 50ကျော်ကို ဆေးထိုးအပ်တစ်ချောင်းတည်းသာ အသုံးပြုပြီးကုသခဲ့ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ရောဂါကူးစက်ခံခဲ့ရတဲ့ ကလေးငယ်တွေရဲ့မိဘတွေဟာစုပြီး အဆိုပါဆရာဝန်ကိုတိုင်ကြားခဲ့ကြတဲ့အတွက် ဆရာဝန်ကို ပေါ့ဆမှု ၊ လူသေစေမှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရပါတယ် ။ ထို့ကြောင့် ကလေးငယ်တွေရဲ့ဘဝဟာ ဖျက်ဆီးသလိုဖြစ်နေပြီး ကလေးငယ်တွေရဲ့အသက်အန္တရာယ်တွေကိုလည်း အတော်လေးစိုးရိမ်နေရလျက်ရှိကြောင်း သိရှိရပါတယ် ။ စစ်တမ်းကောက်ချက်တွေအရ ဖွံဖြိုးတိုးတက်မှုနှောင့်နေးလျက်ရှိတဲ့နိုင်ငံတွေမှာဆိုရင် ရမ်းကုဆရာဝန်များ ၊ ဆံသဆရာများ နှင့် သွားဆရာဝန်တွေရဲ့ ပေါ့ဆမှုတွေကြောင့် HIV ရောဂါဖြစ်ပွားမှု ဆက်လက်တိုးပွားပျံ့နှံ့လျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သံုးၿပီးသားေဆးထိုးအပ္ေတြကိုသာ ထပ္ခါအသံုးျပဳခဲ့လို႔ ကေလးငယ္ေပါင္း 900 ေက်ာ္ကို HIV ပိုး ကူးစက္ေစခဲ့တဲ့ဆရာဝန္"

Leave a comment

Your email address will not be published.


*